သျှမ်းပြည် စက်သုံးဆီများ ပြတ်လပ်လုနီးပါးဖြစ် အကန့်အသတ်ဖြင့်ရောင်းနေရ

သျှမ်းပြည်‌ မြို့နယ် အများစုတွင် စက်သုံးဆီများပြတ်လပ်နေပြီး အချို့နေရာတွင် ဈေးများတက်ကာ အကန့်သတ်ဖြင့် ရောင်းချနေရကြောင်း စုံစမ်း သိရပါသည်။

တောင်ကြီး စက်သုံးဆီဆိုင်

သျှမ်းပြည် မိုင်းရှူး၊ ပင်လုံ၊ ခိုလမ်နှင့် မူဆယ်မြို့တို့တွင် စက်သုံးဆီ ဓာတ်ဆီ ၁ လီတာလျှင် ၃၂၀၀ မှ ၃၈၀၀ ကျပ် ထိ ဈေးတက်နေပြီ၊ စက်သုံးဆီများကို တန်းစီ၍ဝယ်ယူနေရကြောင်း၊ အချို့ဓာတ်ဆီဆိုင်များတွင် ဆီပြတ်လပ်မှု ကြုံတွေ့နေရကြောင်း သျှမ်းပြည် ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စက်သုံးဆီဆိုင်တွေက မူဆယ်မြို့ ပြင်တွေမှာပဲရှိတာ တိုက်ပွဲနဲ့ နီးတဲ့နေရာဆိုတော့ ဆီဆိုင်တွေ ပိတ်ထား တာလည်း ပါတာပေါ့။ ပြည်သူတွေက ဇွတ်တွေဝယ်ကြတော့ ဈေးတက်သွားတာ။ မနေ့က ဆီဆိုင်တွေမှာတော့ ၁ ယောက်ကို ကျပ် ၂ သောင်းဖိုးပဲ ရောင်းပေးတာ”ဟု မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သျှမ်းပြည် တောင်ကြီး၊ နမ့်စန်၊ ကျောက်မဲ တို့တွင်လည်း ဆီးဈေးများ ၁ လီတာကို ကျပ်ငွေ ၂၆၀၀မှ ကျပ်ငွေ ၃၂၀၀ ထိ ဈေးရှိနေပြီ၊ ယမန်နေ့ (ဒီဇင်ဘာလ ၅) ရက်‌တွင် တောင်ကြီးမြို့ပေါ်တွင် ဆီများ ပြတ်လတ်ပြီး မြို့ပြင်ရှိ စက်သုံးဆီဆိုင်များသာ ဆီများရရှိခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က တောင်ကြီးက မြို့ပြင်တွေမှာတော့ ရတယ်။မြို့ထဲပဲ မရတာ။ ဈေးမတက်တာတော့ ၄ ရက်လောက် ရှိပြီး။ စျေးက ရုတ်ရက်ခုန်တက်သွားတယ်” ဟု တောင်ကြီးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ပေါ်တွင်လည်း စက်သုံးဆီဆိုင်များ ဆီပြတ်လပ်မှုဖြစ်နေပြီး ဒီဇင်ဘာ ၄ ရက်နေ့မှ စပြီး ဆိုင်အချို့ ယာယီ ပိတ်ထားရကြောင်းသိရသည်။

အချို့စက်သုံးဆီဆိုင်များတွင် ကားတစီးလျှင် ကျပ် ၅ သောင်းဖိုး ခွဲခန့်သာ ရောင်းချ ပေးကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် အောက်တိုဘာလကုန်ပိုင်းမှ စတင်ကာ ဒေသအချို့တွင် စက်သုံးဆီများ စတင်ပြတ်လပ်လာပြီး ယခုနောက်ပိုင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဓာတ်ဆီဝယ်ယူရန် ယခင်ကထက် ပိုမိုအခက်အခဲ ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

သျှမ်းတောင်တွင် စက်သုံးဆီဈေးကျဆင်းလာသော်လည်း ရပ်ကွက်၊ ကျေးရွာမှောင်ခို စျေးကွက်၌ ဈေးမြင့်နေဆဲ

0
သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ အောင်ပန်း၊ ပင်းတယနှင့် ရွာငံမြို့များတွင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း မှောင်ခိုစျေးကွက် ဆက်လက်စျေးမြင့်တက်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၁ ရက်မှစတင်၍ မြို့ပေါ်စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၅,၀၀၀ ဝန်းကျင်သာရှိလာပြီး လိုသလောက် ဝယ်ယူနိုင်သည့်အခြေအနေဖြစ်လာကြောင်း သိရသည်။ သို့သော် ရပ်ကွက်ထဲနှင့် ကျေးရွာအများစုတွင်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...