သျှမ်းတောင်တွင် နေ့စဉ်စစ်ရှောင်ဦးရေ ရာနှင့်ချီဝင်ရောက်၊ လက်မခံဖို့ညွှန်ကြားထားရာ ကူညီပေးနေသူ အခက်အခဲဖြစ်

သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် ကရင်နီ (ကယား) ပြည်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် စစ်ဘေးရှောင်များ နေ့စဉ် ရာနှင့်ချီရှိနေသော်လည်း စစ်ကောင်စီက လက်မခံရန် ညွှန်ကြားထားသဖြင့် အကူအညီပေးနေသူများ အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရသည်။

သျှမ်းတောင် စစ်ရှောင်

ယခုရက်ပိုင်းအတွင်း သျှမ်း-ကရင်နီ (ကယား) ပြည် နယ်စပ်တလျှောက်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များတို့အကြား တိုက်ပွဲပြင်းထန်နေပြီး အဆိုပါ တိုက်ပွဲကြောင့် မိမိနေရပ်အိုးအိမ် စွန့်ပစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များ နေ့စဉ်ရှိနေသည်။

လက်ရှိ စစ်ရှောင်များသည် သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့၊ ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ် (ခွဲ) နှင့် ဆီဆိုင်မြို့နယ်ရှိ ရပ်ကွက်များ၊ ကျေးရွာများတွင် လာရောက် ခိုလှုံနေထိုင်ရပြီး အချို့လည်း ဆွေမျိုးမိတ်ဆွေများနှင့်အတူ နေထိုင်ရသည်။

ထိုကဲ့သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များကို လက်မခံထားရန် သက်ဆိုင်ရာမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးမှ ညွှန်ကြားထားသဖြင့် ပေါ်ပေါ်ထင်ထင် အကူအညီတောင်းခံခြင်းနှင့် နေရာချထားပေးရန် အခက်အခဲဖြစ်နေကြောင်း ဆီဆိုင်မြို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ တချို့ဆိုရင် ဘယ်သွားရမှန်း၊ ဘာလုပ်ရမှန်း မသိဘူးဖြစ်နေတယ်။ လုပ်ရကိုင်ရတာလည်း ပေါ့ပေါ့ပါးပါးမရှိဘူး။ ကျနော်တို့ နေရာပေးချင်တယ်၊ ဒီနေရာလွှတ်တယ်၊ ပေးနေဖို့သင့်တယ်ဆိုရင် သူတို့က အရင်လို လှိုက်လှိုက်လဲလဲမရှိတော့ ကျနော်တို့ကူညီပေးတဲ့လူ ကြားထဲမှာ နည်းနည်းဒုက္ခရောက်တာပေါ့။ အရင်ပုံစံလိုမျိုး ပေါ်ပေါ်ထင်ထင် မလုပ်ရဲတာတို့၊ လိုင်းပေါ်မှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် မတင်ရဲတာတို့ပေါ့။ ကျနော်တို့လည်း စိတ်မကောင်းဘူး” ဟု ၎င်းကော်မတီဝင် တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ စစ်ရှောင်များအတွက် လူသားချင်းစာနာထောက်ရေး ကိစ္စကို လွတ်လပ်စွာ မလုပ်ကိုင်နိုင်အတွက် အကူအညီရရှိရန်လည်း အခက်အခဲဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အတူ အင်းလေးဒေသရှိ ကျေးရွာများတွင်လည်း ရပ်ကွက်လူကြီးများမှ ဦးဆောင်၍ ကရင်နီ စစ်ဘေးရှောင်များ လက်မခံရန် အသံချဲ့စက်ဖြင့် ညွှန်ကြားနေကြောင်း ဒေသခံများထံမှ သိရသည်။

“ အင်းလေး၊ မင်းချောင်းရှေ့ရွာမှာ ရပ်ကွက်လူကြီးက စစ်ရှောင်တွေကို လက်မခံဖို့ အသံချဲ့စက်နဲ့ အော်နေတယ်။ အခု နေနေတဲ့ စစ်ရှောင်တွေကိုလည်း တစ်ရက်၊ နှစ်ရက်ပဲ နေခွင့်ပြုနိုင်မယ် ပြောတယ်။ ပြီးရင် ပြန်ကြဖို့ ဖိအာပေးနေတယ်။ လူလူချင်းတောင် အပြန်အလှန် ကူညီလို့မရတဲ့ ခေတ်ဖြစ်နေပြီ။ စစ်ရှောင်တွေကို လက်မခံတာ တမင်တကာ သေတွင်းထဲ ပို့နေတာနဲ့ အတူတူပဲ “ ဟု အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ တောင်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီရေး စစ်ဆေးရေးဂိတ်များတွင်လည်း စစ်ဆေးမှု တင်းကြပ်နေပြီး လွိုင်ကော်၊ ဖယ်ခုံနှင့် မိုးဗြဲ စသည့် မှတ်ပုံတင် (၂/) ကိုင်ဆောင်ထားသူများကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည်။

ပင်လောင်းမြို့ စစ်ရှောင်ကူညီသူ ကော်မတီတစ်ဦးက “ အခုက နီးစပ်ရာဆွေမျိုးတွေ၊ ရွာတွေ၊ မြို့တွေပေါ်မှာ အများကြီးရောက်လာတယ်။ လောလောဆယ် စာရင်းပြုစုနေတာတွေတော့ စနေပြီလို့ပြောတယ်။ လမ်းမှာလည်း ကားတွေအများကြီးပဲ ထွက်ပြေးလာကြတာ “ ဟု ၎င်းကပြောသည်။

နိုဝင်ဘာလ ၁၁ ရက်မှ စတင်ခဲ့သည့် “၁၁.၁၁ စစ်ဆင်ရေး” ကြောင့် သျှမ်း-ကရင်နီ နယ်စပ် တစ်လျှောက် အပါအဝင် တိုက်ပွဲများဖြစ်နေပြီး မြို့ပေါ် လူနေရပ်ကွက်များကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ နေ့စဉ်ဆိုသလို ကြုံတွေ့နေရကြောင်းသိရသည်။

ကရင်နီပြည်ထဲ စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးနှင့် လေယာဥ်မှ ဗုံးကျဲချမှုများကြောင့် ကလေးငယ်အပါအဝင် လူဦးရေ ၅၀ နီးပါးသေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက သျှမ်းသံတော်ဆင့်ကို ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...