လွိုင်ကော်မြို့နယ် ကားခဈေးနှုန်ုးများ မြင့်တက်ခြင်းကြောင့် ဒေသခံအချို့ စစ်ရှောင်ရန် အခက်တွေ့

ကရင်နီပြည် လွိုင်ကော်မြို့တွင် ၁၁.၁၁ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီမှ ပြည်သူများ နေထိုင်သည့် ရပ်ကွက် များထဲသို့ လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်သည့်အတွက် ဒေသခံများ ထိခိုက်၊ သေဆုံး ကြရသလို နေအိမ်မှာ ပိတ်မိနေသည့် သူများလည်း ရှိသေးကြောင်း စုံစမ်းသိရသည်။

လွိုင်ကော် စစ်ရှောင်

ပိတ်မိနေသည့် ကရင်နီ ဒေသခံများသည် ဘေးလွတ်ရာသို့ ရှောင်တိမ်းထွက်ပြေးနိုင်ရန် မြင့်မားသော ကားခများ မတတ်နိုင်သည့်အတွက် တိမ်းရှောင်ရန် ခက်ခဲနေသည်။

ယခင်က လွိုင်ကော်မှ ပင်လောင်း ကားခဈေးနှုန်းမှာ တစ်ဦးလျှင် နှစ်သောင်းကျပ်ခန့် ဖြစ်သော်လည်း ယခုတွင်မူ တစ်ဦးလျှင် နှစ်သိန်းကျပ်နီးပါး‌ ထိ ကောက်နေသောကြောင့် စစ်ပွဲဘေးမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည် အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

“အရင်တစ်ခါက စစ်ရှောင်ရတာ ခက်ခဲလို့ နေရပ်ပြန်ပြီး ပြောင်းပြန်စိုက်တာ။ ပြောင်းလည်း မချိုးရသေးခင် အခုလို ပိတ်မိတော့ ပိုက်ဆံလည်း သုံးစရာမရှိဘူး။ ပင်လောင်းသွားဖို့ ကားခက လေးယောက်ကို (၈)သိန်းဆိုတော့ ငှားဖို့ အဆင်မပြေဘူး” ဟု ၎င်းမှ ဆက်ပြောသည်။

ကားခ ဈေးနှုန်းများ တက်ရခြင်း အကြောင်းမှာ ယခုကာလ အတောအတွင်း ဒေသအနှံ့အပြား စက်သုံးဆီများ ပြတ်လပ်သဖြင့် စက်သုံးဆီဝယ်ယူရရှိရန် ခက်ခဲပြီး လမ်းခရီး အခြေအနေတွင်လည်း မလုံခြုံသည့် အတွက်‌ကြောင့် ဖြစ်နိုင်သည်ဟု စစ်ရှောင်လာသူများ ပြောကြားချက်အရ သိရှိရသည်။

လွိုင်ကော်စစ်ရှောင်

“ဘုရားကျောင်းမှာ နှစ်ရက်လောက်နေပြီး ဈေးသက်သာတဲ့ကားကို လိုက်ရှာရတာပေါ့။ ကားတိုင်း မဟုတ်ပေမယ့် တချို့ကားတွေတော့ အရမ်းဈေးကြီးတယ်။ အခုက တစ်ယောက် (၅)သောင်းနဲ့ ရခဲ့ပေမယ့် လက်ထဲလည်း ပိုက်ဆံမရှိတော့ အကြွေးနဲ့ စီးလာရတယ်။ လမ်းမှာ စစ်ရှောင်လာတဲ့ကားတွေ အရမ်းများတော့ ခရီးကကြာပြီး လွိုင်ကော်ကနေ မနက်(၄)နာရီမှာ စထွက်ခဲ့တာ၊ ပင်လောင်းကို ည(၆)နာရီကျော်လောက်ကမှ ရောက်တယ်” ဟု အဆိုပါ စစ်ရှောင်အမျိုးသမီးက ဆက်လက်ပြောပြသည်။

လွိုင်ကော်မြို့အတွင်း ကျန်ရှိနေသူများ တိမ်းရှောင်ရာတွင် ကားအခမဲ့ စီးနိုင်ရန် ကူညီကြသူများ ရှိနေသော်လည်း၊ ပိတ်မိသူမှာ အလွန်များသဖြင့် တတ်နိုင်သလောက်သာ ကူညီနိုင်ကြပြီး၊ အချို့ကူညီသည့် အဖွဲ့အစည်းများကို ဆက်သွယ် အကူညီတောင်းခဲ့သော်လည်း မရခဲ့ကြောင်း ၎င်အမျိုးသမီးက ပြောပြသည်။

လက်ရှိတွင် စစ်ကောင်စီမှ ပြင်းထန်စွာ လေကြောင်းဖြင့် ဆက်လက် တိုက်ခိုက်လျက်ရှိပြီး လွိုင်ကော်မြို့အတွင်း ကျန်ရှိနေသူများထဲတွင် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ဖြစ်ကာ အသက်အန္တရာယ် စိုးရိမ်ရသဖြင့် တတ်နိင်သည့်အားဖြင့် ခေါ်ထုတ် ကူညီပေးကြရန်၊ ခက်ခဲသည့်ကာလတွင် အချို့သူများ အကျိုးအမြတ် ထုတ်ခြင်းကို ရပ်တန့်ပေးရန် စစ်ရှောင်များမှ တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...