တောင်ကြီးမြို့နယ် စက်သုံးဆီ နည်းပါး၊ ဆီများ အကန့်အသတ်ဖြင့်သာ ရောင်းချပေး

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်တွင် စက်သုံးဆီးများ တင်သွင်းမှု နည်းပါးသဖြင့် လက်ကျန်နည်းသောကြောင့် ဓာတ်ဆီဆိုင်များမှ နိုဝင်ဘာလ (၁၅) ရက်မှ စတင်ကာ ဝယ်ယူသူများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးတော့ကြောင်း စုံစမ်းသိရသည်။

တောင်ကြီး စက်သုံးဆီ

စက်သုံးဆီ အဝင်နည်း‌နေသဖြင့် ပြတ်လပ်သွားမည့် အခြေအနေမျိုး မရောက်ရှိစေရန် အချို့ ဆီဆိုင်များမှာ အကန့်အသတ်ဖြင့်သာ ရောင်းပေးနေကြောင်း၊ ပုံးနှင့် လာဝယ်တာမျိုးလည်း မရောင်းချပေးတော့ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရသည်။

“ဆီက လုံးဝပြတ်နေတာတော့ မဟုတ်သေးဘူး။ ဒါပေမယ့် အရမ်းနည်းနေပြီ။ အဲ့ဒါကြောင့် အကန့်အသတ်နဲ့ပဲရောင်းပေးနေတာ။ ကားတို့ ဆိုင်ကယ်တို့ လာဖြည့်ရင်တော့ ရောင်းပေးတယ်။ ပါဆယ်လာဝယ်လို့တော့မရဘူး” ဟု ဓာတ်ဆီရောင်းချနေ သူ တစ်ဦးမှ ပြောသည်။

တောင်ကြီးမြို့ရှိ အချို့နေရာများတွင် စက်သုံးဆီကို အကန့်အသတ်ဖြင့် ဝယ်ယူနိုင်သေး‌သော်လည်း အချို့သော ဆိုင်များမှာ ရောင်းပေးခြင်း မရှိတော့ဘဲ ပိတ်ထားလိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။

စက်သုံးဆီစျေး ထပ်တက်နိုင်သည့် အခြေအနေရှိသည့်အတွက် ဆိုင်ရှင်များမှ ဓာတ်ဆီများကို လှောင်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ထင်ကြေးပေးနေကြသည်။

တောင်ကြီး စက်သုံးဆီဆိုင်

“အခုက ဓာတ်ဆီကို ပုံးနဲ့‌တောင် ဝယ်လို့ မရတော့ဘူး။ တချို့ ဓာတ်ဆီဆိုင်ကြီးတွေမှာတော့ သုံးသောင်းဖိုးလောက် အများဆုံး ရောင်းပေးနေတာမျိုး ရှိတယ်။ ဒီမနက် ဆီထည့်တာတော့ 92 တစ်လီတာကို နှစ်ထောင် နှစ်ရာသုံးဆယ်နဲ့ ပေးဝယ်ခဲ့ရတယ်” ဟု တောင်ကြီးမြို့ ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် အောက်တိုဘာလကုန်ပိုင်းမှ စတင်ကာ ဒေသအချို့တွင် စက်သုံးဆီများ စတင်ပြတ်လပ်လာပြီး ယခုနောက်ပိုင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဓာတ်ဆီဝယ်ယူရန် ယခင်ကထက် ပိုမိုအခက်အခဲ ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...