လွိုင်ကော် စစ်ဘေးရှောင်များကို တောင်ကြီးခရိုင်အတွင်း တရားဝင် စတင်လက်ခံ

သျှမ်း-ကရင်နီ(ကယား)နယ်စပ်တစ်လျှောက် ၁၁_၁၁ စစ်ဆင်ရေးကြောင့် ၊လွိုင်ကော်မြို့မှ စစ်ဘေးရှောင်လာကြသည့် ပြည်သူများကို သျှမ်းပြည်နယ် တောင်ကြီးမြို့၊ အေးသာယာမြို့သစ်၊ ရွှေညောင်မြိုနှင့်ကျောက်တလုံးကြီးကျေးရွာတို့တွင် နိုဝင်ဘာလ ၁၉ရက်မှ စတင်ကာ တရားဝင်လက်ခံခွင့်ပြုလိုက်ကြောင်း စစ်ဘေးရှောင်အကူညီပေးရေး အဖွဲ့များထံမှ စုံစမ်းသိရသည်။

လက်ရှိတွင် သျှမ်းပြည်နယ် တောင်ကြီးခရိုင်အတွင်းရှိ တောင်ကြီးမြို့၊ညောင်ရွှေမြို့၊ပင်လောင်းမြို့၊ဟိုပုန်းမြို့၊အောင်ပန်းမြို့၊နောင်တရားမြို့နှင့် ဆီဆိုင်မြို့တို့ရှိ ရပ်ကွက် ကျေးရွာများအတွင်းသို့ ရောက်ရှိနေကြသည့် လွိုင်ကော်စစ်ဘေးရှောင်များအပြင် နေစရာ မရရှိသေးသူများအတွက် အေးသာယာမြို့သစ်၊ရွှေညောင်မြို့နှင့် ကျောက်တစ်လုံးကျေးရွာတို့တွင် လက်ခံနေရာချပေးနေပြီဖြစ်ကြောင်း သိရသည်။

“တစ်ရက်ကို လူ ၁၅၀လောက် ပုံမှန်ဝင်နေတယ်၊တစ်ချို့က စစ်ဘေးရှောင်လာတယ်ဆိုပေမယ့် သူတို့မိဘ ဆွေမျိုးတွေက ဒီဘက်မှာရှိတော့ အဆင်ပြေတယ် တချို့ကလည်း ဘုန်းကြီးကျောင်းတွေပေါ့နော် ဒါကို အရင်ရက်တွေက စစ်ရှောင်တွေကို လက်မခံဖို့ အထက်က ညွှန်ကြားထားလို့ဆိုပြီး လုပ်တော့ ကိုယ့်ဆွေမျိုးသားချင်းတောင် လက်မခံရမဲ့ ပုံမျိုး၊တော်သေးတယ် အခုလို တရားဝင်လက်ခံလိုက်တော့ ရဲရဲဝံ့ဝံ့လုပ်ရတာပေါ့” ဟု စစ်ရှောင်များကိုကူညီပေးနေသည့် ပရဟိတသမားတစ်ဦးမှ သျှမ်းသံတော်ဆင့်သို့ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း အင်းလေးဒေသနှင့် ပင်လောင်းမြို့နယ်တို့၌ ကရင်နီစစ်ဘေးရှောင်များကို လက်မခံကြရန် လော်စပီကာဖြင့် လိုက်လံပြောဆိုနေမှုများ ပြုလုပ်ကြသဖြင့် စစ်ဘေးရှောင် ယာဉ်တန်းများ လမ်းတဝက်နှင့် အခက်အခဲ များစွာဖြစ်ပေါ်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

” လွိုင်ကော်မှာ ဘယ်လိုမှ နေလို့မရတော့လို့ ကိုယ့်အိုးအိမ်တွေကို စွန့်ပြီး လာခဲ့ကြရတာပါဗျာ။တည်းခိုခန်းပိုင်ရှင်တချို့က လာနေပါ အခမဲ့ပါတဲ့ ဆိုလို့ လာခဲ့ကြတာ ကျေးဇူးတင်တယ် ကျနော်တို့က ဒီဘက်မှာ ဆွေမျိုးမရှိကြဘူး ဒုက္ခရောက်နေကြသူကို ကူညီကြတာ လူ့စိတ်ရင်းအမှန်ဘဲလေ လူစိတ်ရှိသူတွေက ကူညီ ကယ်တင်ကြတယ်” ဟု အင်းလေးဒေသရောက် စစ်ဘေးရှောင်တစ်ဦးမှ ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ရက်နေ့ကစတင်ခဲ့သည့် “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျှက်ရှိရာ ‌စစ်ကောင်စီလေကြောင်း ပစ်ခတ်မှုကြောင့် မြို့တွင်း၌ ပိတ်မိနေသည့် ဒေသခံများထဲမှ လူ ၅၀နီးပါး သေဆုံးပြီး လူဦးရေ ငါးသောင်းနီးပါး သျှမ်းပြည်အတွင်းသို့ စစ်ဘေးရှောင်လာနေကြကြောင်း သိရသည်။

သျှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLOက လည်း စစ်ဘေးရှောင်ပြည်သူများကို နေစရာအိမ်အပြင် စားစရာများဖြင့်ပါ ကူညီပေးနေကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...