တောင်ကြီးမြို့ရောက် စစ်ဘေးရှောင်များ ခိုလှုံခွင့်မပြု၊ အခက်အခဲကြုံနေရ

သျှမ်း-ကရင်နီနယ်စပ်မှ ထွက်ပြေးလာသည့် စစ်ဘေးရှောင်များကို တောင်ကြီးမြို့ စစ်ကောင်စီက ခိုလှုံခွင့်မပြုရန် ညွှန်ကြားထားသည်ဟု စုံစမ်းသိရသည်။

သျှမ်း-ကရင်နီ တလျောက် စစ်ရှောင်နေစဥ်

သျှမ်း-ကရင်နီနယ်စပ် တလျှောက်တွင် ယခုရက်ပိုင်း စစ်ရေးပြင်းထန်နေပြီး ထိုဒေသမှ ထွက်ပြေးတိမ်းရှောင်လာသူများကို တောင်ကြီး၊အောင်ပန်း၊ညောင်ရွှေ မြို့ များတွင်ဖြတ်သန်းခွင့်မပြုသည့်အပြင် ကျောင်းဆောင်များ ဆွေမျိုးနေအိမ်များ ခိုလှုံခွင့်မပြုရန် စစ်ကောင်စီက ယမန်နေ့ (နိုဝင်ဘာ ၁၅)ရက်တွင် ညွှန်ကြားထားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ကယား၊ ဖယ်ခုံ၊မိုးဗြဲ ကနေလာတဲ့ စစ်ရှောင်တွေ ဧည့်စာရင်းတိုင်ရင် လက်မခံဖို့၊ သာသာနာအဆောက်အဦးတွေမှာ လက်မခံထားဖို့ စစ်ကောင်စီကပြေားထားတယ်။ ကျနော်တို့ကတော့ အသက်ဘေးကနေလွှတ်လာပြီဆိုတော့ ဘာပဲဖြစ်ဖြစ် ဖြစ်ချင်တာ ဖြစ်တော့” ဟု လွိုင်ကော်မြို့မှ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိမှာ သျှမ်း-ကရင်နီနယ်စပ်တလျှောက် တိုက်ပွဲကြောင့် ထွက်ပြေးလာသည့်သူ ၊လွိုင်ကော်၊ဖယ်ခုံနှင့် မိုးဗြဲ မှတ်ပုံတင်ကိုင်ဆောင်သူများသည် အောင်ပန်းအဝင်ဂိတ်တွင် ဖြတ်သန်းခွင့်မပြုသဖြင့် လမ်းတွင် ကားရာချီ ပိတ်မိနေကြောင်း လည်း ၎င်းက ပြောသည်။

သျှမ်း-ကရင်နီ နယ်စပ်တလျောက် စစ်ဘေးရှောင်နေစဥ်

ထို့ကြောင့် လွိုင်ကော်မြို့တွင်းနေထိုင်သူများသည် ထွက်ပြေးတိမ်ရှောင်ပါက သွားရောက်နေထိုင်ရန် အခက်အခဲနှင့် ထွက်ပြေးရန် ကားများမရှိသဖြင့် မြို့တွင်းတိုက်ပွဲကြားတွင် ဆက်လက်နေထိုင်ရကြောင်း လွိုင်ကော်မြို့အမျိုးသးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ခုလောလောဆယ်တော့ ထွက်ဖို့လမ်းက မရှိဘူး။လမ်းပိတ်မိနေတယ် နောက်ပြီးကြတော့ မနက်ကတော့ ထွက်နေ ကြတယ် တောင်ကြီးဘက်ကို သွားကြတယ်။တောင်ကြီးကလည်း လက်မခံဘူးပြောတယ်။ ပေးမဝင်ဘူးပြောတယ်။ကျနော်တို့လည်း ဘယ်ကိုသွားပြီး ဘယ်ကို ရှောင်ရမလဲမသိဘူး ၊ညောင်ရွှေမှာလည်း မှတ်ပုံတင် ၂/တွေနဲ့ဆိုပေး မဝင်ဘူး ဘယ်အိမ်မှလက်မခံဘူးပြောတယ်“ဟု လွိုင်ကော်မြို့ထဲ ပိတ်မိနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

လွိုင်ကော်မြို့ပေါ်တွင် ရပ်ကွက်တိုင်းနီးပါး ပိတ်မိနေသူ အများအပြားကျန်ရှိနေပြီး အကူအညီများလည်း လိုအပ်နေကြောင်း ဒေသခံများကပြောသည်။လွိုင်ကော်မြို့ပေါ်တွင် စက်သုံးဆီများ၊ ဆိုင်းခန်း များလည်း ပိတ်ထားပြီး၊ ဆန်များလည်း ရှာဝယ်ရခက်နေကြောင်းသိရသည်။

“စားဝတ်နေရေး အတွက်ကတော့ အရင်ကရှာထားတဲ့ဟာ ရှိတဲ့ ကျန်တဲ့ ဆန်တွေနဲ့ ရှိတဲ့ဟင်းသီးဟင်းရွက် တွေနဲ့ပဲစားရတာပေါ့” ဟု ပိတ်မိနေသည့် အမျိုးသားက ဆိုသည်။

နိုဝင်လာလ ၁၁ ရက်မှ စတင်ခဲ့သည့် ၁၁.၁၁ စစ်ဆင်ရေးကြောင့် သျှမ်း-ကရင်နီနယ်စပ် တစ်လျှောက် အပါ အဝင် တိုက်ပွဲများဖြစ်နေပြီး မြို့ပေါ် လူနေရပ်ကွက်များကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ နေ့စဉ်ဆိုသလို ကြုံတွေ့နေရကြောင်းသိရသည်။

ကရင်နီပြည်နယ်ထဲ စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးနှင့် လေယာဥ်မှ ဗုံးကြဲချမှုများကြောင့် ပြီးခဲ့တဲ့ ၅ ရက်အတွင်း လူဦးရေ ၄၀ နီးပါးသေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...