တောင်ကြီးမြို့
တောင်ကြီးမြို့ မီတာခ မဆောင်သည့်နေအိမ်များ လျှပ်စစ်မီး ဖျက်ခံရ
သျှမ်းပြည် တောင်ကြီးမြို့တွင် မီတာခ မဆောင်သည့် နေအိမ်များကို မြို့နယ်လျှပ်စစ် ( EPC) ရုံးမှ ဝန်ထမ်းများက လျှပ်စစ်မီး လိုက်လံဖျက်နေကြောင်း စုံစမ်းသိရသည်။ . ပုံမှန်လစဉ် ပေးဆောင်ရမည့် မီတာခများကို မပေးဆောင်သောကြောင့် မြို့နယ် EPC ရုံးမှ ဝန်ထမ်းများသည် အိမ်တိုင်ရောက် မီတာဘောက်ရှိ အဝင်မီးကြိုးကို ဖြတ်ချပြီး...
တောင်ကြီးမြို့ (၈) လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်နေ့ ဆန္ဒမပြဖို့ စစ်ကောင်စီ ကန့်သတ်စာထုတ်
သျှမ်းပြည် တောင်ကြီးမြို့တွင် (၈) လေးလုံး အရေးတော်ပုံ (၃၅) နှစ်မြောက် အထိမ်းအမှတ်နေ့ ပြည်သူလူထု ဆန္ဒမပြဖို့အတွက် စစ်ကောင်စီ ကန့်သတ်စာ ထုတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ စုံစမ်းသိရသည်။ . ပြီးခဲ့သည့် သြဂုတ် ၁ ရက်မှစပြီး စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တောင်ကြီးမြို့နယ်တွင်...
တောင်ကြီးမြို့ ဧည့်စာရင်း တိုင်ကြားမှု ပိုမိုတင်းကြပ်လာ
သျှမ်းပြည် တောင်ကြီးမြို့တွင် ယခု (ဇူလိုင်) လမှစပြီး အခြားဒေသမှလာသည့် ဒေသခံများ ဧည့်စာရင်း တိုင်ကြားရာ အိမ်ပိုင်ရှင်၏ နာမည်အပါအဝင် နေရပ်လိပ်စာ အတိတကျ နှင့် ရုပ်ပုံအပြည့်ပါသည့် ဓာတ်ပုံထည့်ရန် အကြောင်းကြားခဲ့ကြောင်း စုံစမ်း သိရသည်။ ယခင်က ဧည့်စာရင်းတိုင်ကြားရာတွင် မိမိ နာမည် နှင့် မှတ်ပုံတင်သာပေးပြီး...
တောင်ကြီးမြို့ နေအိမ်တစ်လုံး ဓားပြတိုက်ခံရ အိမ်ရှင်မိသားစုဝင် ၃ ဦးကို ဓားဖြင့်ခုတ်
သျှမ်းပြည် တောင်ကြီးမြို့ ကံကြီးရပ်ကွက်ရှိ နေအိမ်တစ်လုံးထဲကို အမျိုးသားတစ်ဦးက ဓားပြဝင်တိုက်ပြီး အိမ်ရှင်မိသားစု ၃ ဦးကို ဓားဖြင့်ခုတ်ခဲ့ကြောင်း စုံစမ်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၃၀ ) ရက် နေ့လည် ၁၁ နာရီဝန်းကျင်တွင် တောင်ကြီးမြို့ ကံကြီးရပ်ကွက်ထဲရှိ နေအိမ်တစ်လုံးထဲကို အမည်မသိ...
ရွာငံမြို့နယ် ဖမ်းဆီးမှု များလာပြီးနောက် ညမထွက်ရ အမိန့်ကို ထုတ်ပြန်လာ
သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ်အတွင်းတွင် စစ်ကောင်စီ တပ်သားများက အရပ်သား ပြည်သူများကို လိုက်လံဖမ်းဆီးမှု များပြား လာပြီးနောက် ည မထွက်ရ အမိန့်ကို ထပ်မံ ထုတ်ပြန်လာကြောင်း ဒေသခံများ ထံမှ သိရသည်။ ယခုဧပြီလမှ စတင်ကာ ရွာငံမြို့နယ်အတွင်းတွင် ည ၈ နာရီမှ မနက်...
တောင်ကြီးမြို့တွင် ပတ်စပိုစ့် စာအုပ် ရရန် ပွဲစားထံ ကျပ် ၃ သိန်းပေးရ
သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့ နိုင်ငံကူးလက်မှတ်ရုံး (ပတ်စပိုစ့်) ကို လူဦးရေ အကန့်အသတ်ဖြင့် ပွဲစားထံမှ ကျပ် ၃ သိန်း ဝန်းကျင်ပေးပြီး ပတ်စပိုစ့် လုပ်ပေးနေကြောင်း သတင်းသိရှိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်မှစပြီး ယနေ့ မတ်လ ၃ ရက်အထိ တောင်ကြီးမြို့...
တောင်ကြီးမြို့ ဓာတ်အားလိုင်း ပြုပြင်နေစဥ် ဓာတ်လိုက်၊ ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရ
သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်အတွင်း လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်နေစဥ် လျှပ်စစ်ဓာတ်လိုက်မှု ဖြစ်ပွားခဲ့ပြီး ဝန်ထမ်းတစ်ဦးက ဒဏ်ရာရသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တောင်ကြီးမြို့တွင်းမှ စိန်ပန်းရပ်ကွက် အတွင်း လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်နေသည့် လင်းသီဟ လျှပ်စစ်ဖြန့်ဖြူးရေး ကုမ္ပဏီ ဝန်ထမ်းအမျိုးသား တစ်ဦး...
တောင်ကြီး နိုင်ငံကူး လက်မှတ်ထုတ်ပေးရုံး ပြန်လည်ဖွင့်လှစ်မည်
သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့ရှိ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး ရုံးသည် ဖေဖော်ဝါရီ (၂၇) ရက်မှ စတင်ပြီး ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ ၂ လ နီးပါးကြာ ပိတ်ထားသည့် နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး ရုံးကို ယခု ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်၍...
စစ်တပ်ပိုင် နယ်မြေအတွင်းရှိ ဆိုင်ခန်းများ ဖြိုဖျက်ခံရ
သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့ စစ်တပ်၏ တပ်ပိုင်နယ်မြေအတွင်းရှိ ဆိုင်ခန်းများကို ဘူဒိုဇာကားနှင့် လာရောက် ဖြိုဖျက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၈) ရက် နံနက်ပိုင်းမှစတင်ကာ စစ်တပ်၏ တပ်ပိုင်နယ်မြေအတွင်းရှိနေသည့် ဆေးတပ်ရင်း အပါအဝင် အမှတ် (၂၆၂) တပ်ထိန်း၊ စုဆောင်းရေး တပ်ဖွဲ့ရုံး နှင့်...
အေးသာယာ ကားလေးကွင်း ဆိုင်ခန်းဝယ်ယူထားသူများထံ ငှားရမ်းခ ထပ်မံကောက်ခံ
သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် အေးသာယာမြို့ ကားလေးကွင်းရှိ အခန်းဝယ်ယူထားသူများထံ ဆိုင်ခန်းဌားရမ်းခ ဆိုပြီး စည်ပင်က ထပ်မံ ပိုက်ဆံကောက်ခံနေကြောင်း သိရှိရသည်။ အေးသာယာ ကားလေးကွင်းရှိ ဆိုင်ခန်းတစ်ခန်းကို ကျပ်သိန်း ၆၅၀ ဖြင့် ရောင်းချခဲ့ပြီး ဖြစ်သော်လည်း ၂၀၂၂ ခုနှစ် (အောက်တိုဘာလ) မှ ၂၀၂၃...