Sunday, November 10, 2024

တောင်ကြီးတွင် VPN များ စစ်ဆေးနေ

Must read

သျှမ်းပြည် တောင်ကြီးမြို့တွင် VPN အက်ပလီကေးရှင်းများကို စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများမှ စစ်ဆေးမှုများ တင်းကြပ်လာကြောင်း သိရသည်။

ဇွန်လ ပထမပတ်မှ စတင်၍ တောင်ကြီးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံအနီးနှင့် မြို့မဈေးရှေ့ ၊ (Ocean Super Center)အနီး ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ဖုန်းထဲထည့်ထားသည့် VPN အက်ပလီကေးရှင်းများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက ပြောသည်။

“ပန်းခြံရယ် Ocean ရယ် အဲ့နှစ်နေရာမှာ စစ်တာ။ နေ့လည်က ဆိုင်ကယ်ဦးထုပ်တွေ၊ VPN တွေ စစ်တယ်။ ရဲကားတွေလည်း အများကြီး။ ညဆိုလည်း ၇ ခွဲ လောက်ထိ ရှိတယ်။ ဒီရက်ပိုင်းတွေမှ ပိုစစ်လာတယ်။တွေ့လို့ မိရင်‌တော့ ဒဏ်ရိုက်တာပေါ့။ ကျနော်ကတော့ VPN ဖျက်သွားတော့ တော်သေးတာ”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုပြင် ဆိုင်ကယ်ဦးထုပ် မဆောင်းသူများကို ဖမ်းဆီးပြီး ငွေကြေးအဆမတန်တောင်းခံမှုများ၊ ဆိုင်ကယ်သိမ်းခြင်းများကိုလည်း ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article