တောင်ကြီးမြို့ စက်သုံးဆီများ ထောက်ခံစာဖြင့် တန်းစီဝယ်ရ ခရီးသည်လိုင်းကားများပိုကြပ်တည်းလာ

သျှမ်းပြည် တောင်ကြီးမြို့အတွင်း ထောက်ခံစာဖြင့် စက်သုံးဆီများကို တန်းစီဝယ်ယူနေရမှုကြောင့် ခရီးသည်တင် လိုင်းကားပြေးဆွဲသူများအတွက် ယခင်ကထက်ပိုကြပ်တည်းလာကြောင်းစုံစမ်းသိရသည်။

ပြီးခဲ့သည့် (ဇူလိုင်လ ၃၁)ရက်မှစတင်ပြီး တောင်ကြီးမြို့တွင် စက်သုံးဆီရောင်းချနေသည့် ဆိုင်ကြီးများတွင် ထောက်ခံစာဖြင့် တန်းစီပြီး စက်သုံးဆီကို ဝယ်ယူနေရသကဲ့သို့ စက်သုံးဆီ စျေးနှုန်းများလည်း တရိပ်ရိပ် မြင့်တက်လာခဲ့သည်။

ထို့ကြောင့် စက်သုံးဆီများကို တန်းစီ၍ဝယ်ယူနေရပြီး အကန့်သတ်ဖြင့်ရောင်းချပေးနေသည့်အတွက် ခရီးသည် တင်လိုင်းကားများ ပြေးဆွဲရန် အခက်အခဲကြုံတွေ့နေကြပြီး ဆီများပြတ်လပ်သွားမည်ကို စိုးရိမ်နေရ ကြောင်း ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စက်သုံးဆီ

“ကာာတွေထွက်ဖို့ဆိုရင် ဆီထည့်ဖို့ကို တစ်ရက်လောက်အချိန်ကုန်တယ်။ ဆီကအကန့်အသတ်နဲ့ တစ်ဆိုင်ပြီး တစ်ဆိုင်ဝင်ဖြည့်နေရတာ။ တခါတလေတန်းစီပြီး‌စောင့်နေတာတောင် မရတာရှိတယ်။ အရင်လို ဒီနေ့ရောက်ရက် မနက်ဖြန်ချက်ချင်း ထွက် လို့အဆင်မပြေတော့ဘူး။ ခုတောင် ဆီနည်းရင် ကားထွက်မရတော့ဘူး ဆီတွေ ပျက်မှာကိုလည်း ပိုစိုးရိမ်ရတယ် ” ဟု ကားသမားတစ်ဦက သျှမ်သံတော်ဆင့်ကို ပြောသည်။

ထို့အပြင် တောင်ကြီး-မိုင်းရှူးမြို့သို့ သွားရာလမ်းရှိ မြို့ဝင်ဂိတ်များတွင် နံနက် (၆)နာရီမှ ညနေ(၆)နာရီသာ ဖြတ်သန်းသွားလာခွင့်ပြုသဖြင့် လိုင်းကားများအတွက် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း ကားသမား တစ်ဦးက ဆက်ပြောသည်။

“ ဒီချိန်ကတော့ အခက်အခဲအမျိုးမျိုးပါပဲ။ ဂိတ်တွေကလည်း အချိန်နဲ့ဖြတ်သန်းရတော့ ခက်ခဲတယ်။ ဆီဖြည့် ဖို့အတွက် တန်းစီရတာတော့တရက်အချိန်ပေးရတယ်။ ညနေ (၆)နာရီကိုယ်သွားလိုတဲ့ခရီးမရောက်ရင် တည်းခိုရတာ အချိန်ထပ်ကုန်တာပေါ့” ဟု ၎င်းက ဆိုသည်။

ယခင်တွင် တောင်းကြီး-မိုင်းရှူးကို အချိန် ၆နာရီသာ မောင်းနှင်ရပြီး၊ လမ်းချော်ခြင်း၊ ကားလမ်းပိတ်ဆို့မှုဖြစ်ခြင်း၊ စစ်ရေးဖြစ်ပွားပါက ကားသမားများအတွက် အခက်အခဲများစွာကြုံရကြောင်း သိရသည်။

လက်ရှိမှာ တောင်ကြီး-မိုင်းရှူး ခရီးသည် တစ်ဦးလျှင် ကားခ ကျပ်ငွေ ( ၅သောင်း ) ပေးဆောင်ရသည်။

တောင်ကြီးမြို့ စက်သုံးဆီ ဈေးနှုန်း 92 တစ်လီတာလျှင် ၂၈၇၅ ကျပ် ၊ 95 တစ်လီတာလျှင် ၃၀၀၀ ကျပ်ဖြင့် ရောင်းချပေးနေသော်လည်း ကားတစ်စီးလျှင် ၂ သောင်းကျပ် မှ ၅ သောင်းကျပ် ၊ ဆိုင်ကယ်တစ်စီးလျှင် ၅ ထောင်ကျပ်ဖြင့် အကန့်အသတ်သာ ဖြည့်ပေးနေကြောင်း သိရသည်။

နိုင်ငံခြား ငွေလဲလှယ်နှုန်းကြောင့် စက်သုံးဆီရောင်းချရန် သိုလှောင်ထားသည့် ဆီများ မရှိသည့်အတွက် ဆိုင်အများအပြား ပိတ်ထားရကြောင်း၊ စက်သုံးဆီ သိုလှောင်ပြီး ရောင်းချနေသည့် ဆိုင်များလည်း အဆမတန် စျေးနှုန်းမြှင့်ကာ ရောင်းချနေမှုကြောင့် ပြည်သူများ အခက်ကြုံနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

သျှမ်းတောင်တွင် စက်သုံးဆီဈေးကျဆင်းလာသော်လည်း ရပ်ကွက်၊ ကျေးရွာမှောင်ခို စျေးကွက်၌ ဈေးမြင့်နေဆဲ

0
သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ အောင်ပန်း၊ ပင်းတယနှင့် ရွာငံမြို့များတွင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း မှောင်ခိုစျေးကွက် ဆက်လက်စျေးမြင့်တက်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၁ ရက်မှစတင်၍ မြို့ပေါ်စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၅,၀၀၀ ဝန်းကျင်သာရှိလာပြီး လိုသလောက် ဝယ်ယူနိုင်သည့်အခြေအနေဖြစ်လာကြောင်း သိရသည်။ သို့သော် ရပ်ကွက်ထဲနှင့် ကျေးရွာအများစုတွင်...

လေယာဉ်ခရီးစဉ်များ ရုတ်တရက်ဖျက်သိမ်းမှုကြောင့် ခရီးသွားလုပ်ငန်းရှင်များ ဆုံးရှုံးမှုကြီးမား

0
လောင်စာဆီဈေး မြင့်တက်မှုကြောင့် ထိုင်းနှင့် ပြည်ပလေကြောင်းလိုင်းများက လေယာဉ်ခရီးစဉ်များကို ရုတ်တရက် ဖျက်သိမ်းနေခဲ့ကြောင်း သတင်းရရှိသည်။​ ထိုဖျက်သိမ်းမှုကြောင့် ခရီးသွားလုပ်ငန်းရှင်များမှာ ဟိုတယ်နှင့် ခရီးသွားစရိတ်များ ဆုံးရှုံးနေရသဖြင့် အစိုးရက ကြားဝင်ဖြေရှင်းပေးရန် ထိုင်းခရီးသွားလုပ်ငန်းကိုယ်စားလှယ်များအသင်း (TTAA) က တောင်းဆိုကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြသည်။ ယခုလအတွင်း Thai AirAsia X၊ Vietjet...