တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီးနောက် စစ်အင်အားထပ်ဖြည့်

သျှမ်းပြည် တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီးနောက် စစ်အင်အား ထပ်မံဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီး နယ်မြေ မငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်ရန် မှာကြားပြီးနောက် စစ်အင်အား ဆက်တိုက်ဖြည့်တင်းနေကြောင်း ဒေသခံများက ပြောသည်။

“တိုင်းရုံးထဲကို ညောင်ရွှေဘက်က လာတဲ့ ကားတန်းကော၊ ရဟတ်ယာဉ်နဲ့ကော အင်အားဖြည့်နေတာ။ ကားတန်းက တောင်အောက် မြို့သစ်ကနေ တက်လာတာ လူကော ရိက္ခာကော တင်လာတာ။ မိုးကာအုပ်ထားတဲ့ ကားနောက်ထဲမှာ စိန်ပြောင်းတို့ ငှက်ပျောဖူးတို့ ထည့်ထားတဲ့ သေတ္တာမြင်နေရတယ်”ဟု တောင်ကြီးမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ခေါင်းဆောင် တောင်ကြီးမြို့ရောက်

ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်က သျှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်တွင် စစ်ကောင်စီတပ်ကို တော်လှန်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာပြီး နောက်တစ်ရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တောင်ကြီးမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တောင်ကြီးမြို့သို့ ရောက်ရှိနေစဉ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် လုံခြုံရေးပိုင်းဆိုင်ရာ ဝိုင်းဝန်းဆောင်ရွက်ရန်၊ အခြားနယ်မြေဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ရန်လိုကြောင်း ထုတ်ပြန်ထားသည်။

သျှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်လည်း နယ်မြေ မငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် အောင်ပန်းမြို့ရှိ စစ်ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် ဆက်လက်သွားရောက်ခဲ့ကြောင်း သိရပြီး ၎င်းခရီးစဉ် မတိုင်မီ လုံခြုံရေးအကြောင်းပြချက်ဖြင့် ရပ်ကွက်အတွင်း အလှည့်ကျ ကင်းလှည့်ရန် လူစုပေးရကြောင်း ဒေသခံများက ပြောသည်။

တောင်ကြီးရောက် စစ်ခေါင်းဆောင်

ယင်းမတိုင်မီ ရက်ပိုင်းအတွင်းက သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိုင်းရင်းသားတပ်များ ဦးတည်ချီတက်နေသည် ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သဖြင့် မြို့ပေါ်တိုက်ပွဲများ ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်မှုဖြစ်ပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တောင်ကြီးမြို့သို့ ရောက်လာခဲ့သည်။

လက်ရှိတွင် တောင်ကြီးမြို့နှင့် အနီးတဝိုက် တည်ငြိမ်နေသော်လည်း ရပ်စောက်-ကျောက်ဂူဘက်တွင် တိုက်ပွဲဖြစ်ပွားမှု ရှိနေသကဲ့သို့ ဆီဆိုင်မြို့နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နိုင်ငံတကာပိတ်ဆို့မှုကြောင့် စီးပွားရေးကျဆင်းဟု စစ်ခေါင်းဆောင် ပြော

0
မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းနေမှုမှာ နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် ဖြစ်သည်ဟု အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ ဩဂုတ် ၂၅ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ၎င်း၏ ထိုင်း၊ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်ရလဒ်များကို တင်ပြရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီး စီးပွားရေးမြှင့်တင်မည်ဟု...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တရုတ်သမ္မတနှင့် အာဏာသိမ်းသမ္မတ ပေကျင်းမြို့ တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံလျက်ရှိကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ...