သျှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့၊ဟော်ကုန်းရပ်ကွက်၊မြတ်လေးလမ်းထဲရှိ ရွှေရည်နုလက်ဖက်ရည်ဆိုင်သည် ယမန်နေ့ ( မေလ၁၄) ရက် ည ၇နာရီတွင် မီးလောင် ပြာကျခဲ့ရကြောင်း မြို့ခံများထံမှရသည်။
တောင်ကြီးမြို့ ဟော်ကုန်းရပ်ကွက် မြတ်လေးလမ်းထဲရှိ ရွှေရည်နုလက်ဖက်ရည်ဆိုင်မှ
မီးဖိုမီးမွေးရာမှ တစ်ဆင့်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုမရှိသော်လည်း လက်ဖက်ရည်ဆိုင် မီးလောင်ကျွမ်းသဖြင့် သိန်း ဆယ်ချီ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
“မီးဖိုကနေ လောင်တယ်လိုပြောတယ်။မီးက ရုတ်တရက် ကြီးတော့ အနီးနားမှာရှိတဲ့လူ အကုန်ပြေးကုန်ကြတာ။ လူတွေလည်း ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။”ဟု ဟော်ကုန်းရပ်ကွက်နေ အမျိုးသားတစ်ဦးက သျှမ်းသံတောင်ဆင့်ကိုပြောသည်။
မီးလောင်ကျွမ်းပြီးနောက် တောင်ကြီးမြို့ မီးသတ်အဖွဲ့နှင့် ကြက်ခြေနီအဖွဲ့များ မီးလာရောက်ငြိမ်းသက်ပေးခဲ့ပြီး ဘေးအိမ်များ မီးကူးသွားခြင်းမရှိကြောင်းသိရသည်။
ပြီးခဲ့သည့် မေလ၁၃ရက်တွင်လည်း အောင်ပန်းမြို့တွင် ရိုးရာပွဲမီးလုံး အတွက် ယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး လူ၃ဦး ပြင်ထန်စွာဒဏ်ရာရရှိပြီးနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါသေးသည်။












Leave a Comments