Tuesday, January 27, 2026

မီးလောင်

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...

မူဆယ်မြို့တွင် ဆိုလာပြားဘတ္ထရီ ပေါက်ကွဲမှုကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆိုလာပြားဖြင့် ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲပြီး ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၁ ရက်) ညနေ ၆ နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီ အဝေးပြေးကားကြီးဝင်းနှင့် ခိုင်ဇာနန်းတော် ဟိုတယ် အနီးပတ်ဝန်းကျင်ရှိ နေအိမ်တစ်လုံးတွင်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲ လေကြောင်းဗုံးကြောင့်မီးလောင်နေ၊ ပိတ်မိပြည်သူ ထိခိုက်သေဆုံးမှုများ

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲသို့ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲခြင်းကြောင့် ဈေးအနီးရှိ ကုန်မာဆိုင်နှင့် နေအိမ်များ မီးလောင်နေပြီး ပိတ်မိပြည်သူ ထိခိုက်သေဆုံးမှုများကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၃ ရက်) နံနက်ပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲသို့...

နမ့်ခမ်းမြို့တွင် နေအိမ်တစ်လုံးမီးလောင်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယနေ့မနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါသည်။ TNLA ထိန်းချုပ်ထားသော  နမ့်ခမ်းမြို့နယ်ရှိ ကွန်လုံကျေးရွာတွင် ဧပြီလ ၅ ရက် နံနက် ၁၀ နာရီအချိန်က နေအိမ်မီးလောင်ခြင်းဖြစ်ပြီး လူသူထိခိုက်သေဆုံးမှုတော့မရှိကြောင်း   နမ့်ခမ်းမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “ဒီမနက် ၁၀ နာရီ ဝန်းကျင် ကွန်လုံရွာမှာ...

စစ်ကောင်စီ လေကြောင်းဗုံးကြဲ ကွတ်ခိုင်မြို့မဈေး အားလုံးနီးပါး မီးလောင်

သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ဆိုင်ခန်းပေါင်းအားလုံးနီးပါး မီးလောင်သွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၅)ရက် ညနေပိုင်း ၃နာရီကျော်တွင် ကွတ်ခိုင်မြို့ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၅ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကာ ကွတ်ခိုင်မြို့မစျေးရှိ ဆိုင်ခန်းပေါင်း...

တောင်ကြီးမြို့ရှိ ရွှေရည်နုလက်ဖက်ရည်ဆိုင်မီးလောင် ပြာကြ

သျှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့၊ဟော်ကုန်းရပ်ကွက်၊မြတ်လေးလမ်းထဲရှိ ရွှေရည်နုလက်ဖက်ရည်ဆိုင်သည် ယမန်နေ့ ( မေလ၁၄) ရက် ည ၇နာရီတွင် မီးလောင် ပြာကျခဲ့ရကြောင်း မြို့ခံများထံမှရသည်။ တောင်ကြီးမြို့ ဟော်ကုန်းရပ်ကွက် မြတ်လေးလမ်းထဲရှိ ရွှေရည်နုလက်ဖက်ရည်ဆိုင်မှမီးဖိုမီးမွေးရာမှ တစ်ဆင့်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုမရှိသော်လည်း လက်ဖက်ရည်ဆိုင် မီးလောင်ကျွမ်းသဖြင့် သိန်း ဆယ်ချီ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ "မီးဖိုကနေ...

လားရှိုးမြို့ ဖယောင်းတိုင်မီးကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီး

သျှမ်းပြည် လားရှိုးမြို့တွင် ဖယောင်းတိုင်မီးကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၈ ရက်) ည ၇ နာရီခန့်တွင် လားရှိုးမြို့ ရပ်ကွက်(၅) ခိုင်ရွှေဝါလမ်းရှိ နေအိမ်တစ်လုံးတွင် ဖယောင်းတိုင်မီးကို အောက်ခံခွက်မပါဘဲ ထွန်းထားရာမှ ငါးထပ်သားကို မီးကူးစက်ပြီး နေအိမ်မီးလောင်ကျွမ်းခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။ “မီးလောင်တာကတော့...

တာချီလိတ် မီးလောင်မှုဖြစ် အမျိုးသားတစ်ဦး သေဆုံး

သျှမ်းပြည် တာချီလိတ်မြို့နယ်တွင် မီလောင်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ သျှမ်းပြည် တာချီလိတ်မြို့နယ် ဆန်ဆိုင်း(က)ရပ်ကွက် ဆန်ဆိုင်းဈေးအနီးတွင် မတ်လ ၂၂ ရက်နေ့ ညနေပိုင်း ၃ နာရီ ဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ပိတ်မိကာ မီးခိုးမွန်ပြီး သေဆုံးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတောင်ဆင့်ကို ပြောသည်။ “မနေ့ကတော့...

လဲချားမြို့နယ် ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွား

သျှမ်းပြည် လဲချားမြို့နယ် ဝန်ထီးကျေးရွာအုပ်စုရှိ ဝိဟန်စလိုင်းခုန် ဘုန်းကြီးကျောင်း ယနေ့ ( မတ်လ ၁၃) ရက် မွန်လွဲ ၃ နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ လဲချားမြို့နယ် ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်စဥ်မှာ ဆိုလာမီးလျော့ရာမှ ဘတ္ထရီ ပေါက်ကွဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း လဲချားမြို့ ဒေသခံ...

Latest news