မီးလောင်
ကျောက်မဲ ကေတီဗွီ ဆိုင် မီးလောင်မှု ဖြစ်ပွါး
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ ရှိ ကေတီဗွီဆိုင်တဆိုင်အား မီးလောင်မှုဖြစ်ပွါးခဲ့ရာ ပိုင်ရှင်အား သက်ဆိုင်ရာများလိုက်လံရှာဖွေနေကြောင်းသိရသည်။ ဇူလိုင် လ ၈ ရက် မနက် ၅ နာရီ ခွဲကျော် ၌ အဆိုပါ ကေတီဗွီဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ မနက် အစောပိုင်း ၅ နာရီ ၄၅...
ဆိုလာပြားဖြင့် လက်ကိုင်ဖုန်း အားသွင်းရာမှ မီးလောင်မှု ဖြစ်ပွား
SHAN -
သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ် နားလုံကျေးရွာတွင် ဆိုလာပြားဖြင့် လက်ကိုင်ဖုန်း အားသွင်းရာမှ မီးလောင်မှု ဖြစ်ပွားကာ အမျိုးသမီး ငယ် တဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဇွန် ၁ ရက်နေ့က နားလုံကျေးရွာ တွင် ဆိုလာပြားနှင့် ချိတ်ထားသည့် ဘတ္ထရီ အိုးဖြင့် လက်ကိုင်ဖုန်း အားသွင်းစဉ်...
သျှမ်းပြည် ကျေးသီးမှ မီးလောင်ဒဏ်ရာ ရသည့် အသက် ၉ နှစ်သမီး ထိုင်းနိုင်ငံမဲဆောက်တွင် ဆေးကုသနေ
သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် နားပန်ကျေးရွာ မှ ခန္ဓာကိုယ် တခုလုံး မီးလောင်ဒဏ်ရာရရှိသည့် အသက် ၉ နှစ်အရွယ် နန်းနွန်းပန် ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံတွင် ဆေးကုသခံယူနေပြီး ဆေးကုသ စရိတ်များ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ခန္ဓာကိုယ် တခုလုံးမီးလောင် ဒဏ်ရာရသည့် နန်းနွန်းပန် သည် ဧပြီ...
ဘန်ကောက်မြို့ Central World ကုန်တိုက်မီးလောင် လူ ၃ ဦးသေ ၇ ဦး ဒဏ်ရာရ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် ပရထွန်းဝမ်းမြို့နယ်ရှိ Central World ဟိုတယ်နှင့်ကုန်တိုက်တွင် မီးလောင်မှုဖြစ်ပွါးရာ လူ ၃ ဦးသေဆုံးမှုရှိပြီး ရ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်းသိရသည်။ ဧပြီလ ၁၀ ရက် ထိုင်းနိုင်ငံစံတော်ချိန် ညနေ ၅ နာရီ ၄၅ မိနစ်တွင် အထပ်ပေါင်း ၁၆ ထပ်ရှိ...
နမ္မတူမြို့နယ်က ကျေးလက်နေအိမ် ၂ လုံး လက်နက်ကြီးကျည်ထိမှန် မီးလောင်ပြာကျ
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စု မိုင်းမုရွာမှာ အစိုးရတပ်နဲ့တပ်ပေါင်းစုတွေကြားတိုက်ပွဲကြောင့် နေအိမ် ၂ လုံးလက်နက်ကြီးကျည်ထိမိ မီးလောင်ပျက်စီးခဲ့ရပါတယ်။ မတ်လ ၂၇ ရက်နေ့လည်ပိုင်းက တပ်ပေါင်းစုခေါ် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲကြောင့်နေအိမ် အပေါ် လက်နက်ကြီးကျည်ကျရောက်ထိမှန်ခဲ့တာဖြစ်ပါတယ်။ ဦးလုံးဆန်ပေါ်ရဲ့နေအိမ်နဲ့ စိုင်းနော်မိန်း - နန်းမွမ်းခမ်းရဲ့နေအိမ်တွေဖြစ်ပြီး လူသူထိခိုက် ဒဏ်ရာရမှုတော့မရှိဘူးလို့သိရပါတယ်။ “ပစ္စည်းတွေဘာတွေတော့ ဘာမှမရလိုက်ဘူး။ စပါးတွေရော၊...
ခိုလမ်တွင် နေအိမ်တလုံးမီးလောင်
သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲတွင် စျေးအနီးနေအိမ်တလုံးမီးလောင်မှုဖြစ်ပွါးရာ ဒေသခံများစိုးရိမ်ထိတ်လှန့်မှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။ မတ်လ ၁၃ ရက် ယနေ့နေ့လည်ပိုင်းက ရပ်ကွက် ၄ ရှိ ဦးလုံးဆုပညာ ပါ့နန်းခမ်းအောင်တို့၏နေအိမ်အား မီးလောင်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် လူထုထိခိုက်ဒဏ်ရာရမှုတော့မရှိခဲ့ကြောင်း မီးလောင်သည့်အိမ်အနီးတွင်နေထိုင်သည့် ခိုလမ်ဒေသခံလူငယ် စိုင်းဆေ က သျှမ်းသံတော်ဆင့်အားပြောသည်။ "၂ ထပ်ခွဲရှိတယ်သူတို့အိမ်က။ အိမ်အပေါ်ထပ်မှာဝုန်းခနဲမြည်ပြီး မီးထ လောင်တာ။...
ဘုန်းကြီးကျောင်းမီးလောင်မှု မိမိတို့လက်ချက်မဟုတ်ကြောင်း RCSS/SSA ပြော
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းမီးလောင်မှုမှာ မိမိတို့လက်ချက်မဟုတ်ကြောင်း RCSS/SSA က ပြောဆိုလိုက်သည်။ နို၀င်ဘာလ ရ ရက်နေ့ က မိုင်းပန်မြို့တောင်ဘက်ရှိ နားမွန်အုပ်စု ပန်ပိရွာ ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွါး ရာ ကိုရင်ငယ် ၂ ပါး မီးလောင်သည့်အထဲပါသွားပြီးပျံလွန်တော်မူသွားခဲ့သည်။ ၄င်းသည် RCSS/SSA ၏ လက်...
ရလခတိုင်းရုံးစိုက်ရာခိုလမ်တွင် ဓါတ်ဆီဆိုင်တဆိုင်မီးလောင်
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲတွင် ဓါတ်ဆီဆိုင်မီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ကြောင်း သိရသည်။ ခိုလမ်မြို့နယ်ခွဲ ရပ်ကွက် ၂ ရှိ ခိုလမ်နတ်စင်နှင့်မျက်နှာချင်းဆိုင်ရှိ Top ဓါတ်ဆီဆိုင်အား သြဂုတ်လ ၂ ရက် ယနေ့မွန်းတည့်ချိန်က မီးလောင်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။ ရပ်ရွာသူ ရွာသားများဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် မွန်းလွဲ ၁ နာရီခန့်က မီးငြိမ်းသတ်နိုင်ခဲ့ပြီဖြစ်သော်လည်း သေကြဒဏ်ရာရမှုစာရင်းတော့မသိရကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးလည်းမသိရသေးကြောင်း ခိုလမ်ဒေသခံလူငယ်စိုင်းမွန်းကပြောသည်။
သီပေါ-လားရှိုးကားလမ်း ဘေးရှိ မောက်တောင်းရွာဘုန်းကြီးကျောင်းမီးလောင် ဆုံးရှုံးမှုတန်ဖိုး သိန်းပေါင်း ၂ ထောင်ကျော်ရှိ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ မောက်တောင်းအုပ်စု မောက်တောင်းရွာ ဘုန်းကြီးကျောင်းအား မီးလောင်ရာတွင် ရှေးဟောင်းဘုရားဆင်းထုတော်များအပါအဝင် ကာလတန်ဖိုးကျပ်သိန်းပေါင်း ၂၀၀၀ ကျော်ခန့်ဆုံးရှုံးကြောင်းသိရသည်။ မတ်လ ၁၄ ရက် ည ၁၁ နာရီကျော်အချိန်က အဆိုပါဘုန်းကြီးကျောင်းအားမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူသူထိခိုက်ဒဏ်ရာရမှုတော့မရှိဟု ဆိုပါသည်။ သီပေါဒေသခံနန်းစမ်ခမ်းက - ကျောင်းထိုင်ဆရာတော်က ကျောင်းမှာမရှိဘူး။ ခမည်းတော်နေမကောင်းလို့ ရွာပြန်ပြုစုနေတာ ၃...





