Tuesday, January 27, 2026

သျှမ်းပြည် ကျေးသီးမှ မီးလောင်ဒဏ်ရာ ရသည့် အသက် ၉ နှစ်သမီး ထိုင်းနိုင်ငံမဲဆောက်တွင် ဆေးကုသနေ

သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် နားပန်ကျေးရွာ မှ ခန္ဓာကိုယ် တခုလုံး မီးလောင်ဒဏ်ရာရရှိသည့် အသက် ၉ နှစ်အရွယ် နန်းနွန်းပန် ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံတွင် ဆေးကုသခံယူနေပြီး ဆေးကုသ စရိတ်များ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

Photo Credit to Nawe Nawe- မဲဆောက်ဆေးရုံရောက်သွားသည့် နန်းနွန်းပန်

ခန္ဓာကိုယ် တခုလုံးမီးလောင် ဒဏ်ရာရသည့် နန်းနွန်းပန် သည် ဧပြီ ၂၇ ရက်နေ့ တွင် ထိုင်းနိုင်ငံ မဲဆောက် ဆေးရုံ သို့ ရောက်ရှိပြီး ဆေးကုသမှု စတင်ခံယူနေကြောင်း၊ ဆေးကုသရန် အတွက် အကူအညီများလည်း လိုအပ်နေ ကြောင်း သီပေါမြို့ မှ လိုက်ပါပို့ဆောင်ကူညီပေးနေသည့် သီပေါလူငယ် လူမှုကူညီရေးအသင်းမှ စိုင်းအိုက်စိုင်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ အခုတော့ မဲဆောက်ဆေးရုံမှာ ဆေးကုသနေပါပြီ။ ခန္ဓာကိုယ်တခုလုံးက တော်တော် အခြေအနေဆိုးနေတော့ ကုသမှု ခွဲစိတ်မှုကတော့ နည်းနည်း ခက်မယ်။ သူ့ရဲ့ အရေးပြားက တော်တော်ပျက်စီးနေတော့ ၂ ခါ၊ ၃ ခါတော့ ခွဲစိတ်ရမယ်။ အချိန်ကတော့ ၁ လကျော်ကြာမယ်လို့တော့ မှန်းထားကြတယ်” ဟု စိုင်းအိုက်စိုင်းက ဆိုသည်။

နန်းနွန်းပန် သည် မတ် ၂၂ ရက်နေ့ နံနက် ပိုင်း ၂ နာရီတွင် နေအိမ်မီးလောင်ရာမှ ခန္ဓာကိုယ် တခုလုံး မီးစွဲ လောင် ကျွမ်း ဒဏ်ရာရရှိခဲ့ပြီး ကျေးသီးမြို့တွင် တလ ကျော် ဆေးကုသခံယူနေရာ မသက်သာသဖြင့် စေတနာရှင် အလှူ ရှင် များဖိတ်ခေါ်မှုဖြင့်ယခုကဲ့သို့ မဲဆောက်ဆေးရုံသို့ ပို့ဆောင်ဆေးကုသခဲ့ရကြောင်း သိရသည်။

မီးလောင်မှုကြောင့် နန်းနွန်းပန် ၏ အဖွားဖြစ်သူ ဒေါ်နိုင်းရင် လည်း လက်တွင် မီးလောင်ဒဏ်ရာရရှိ သကဲ့သို့ အသက် ၅ နှစ် အရွယ်သာ ရှိသေးသည့် နန်းနွန်းပန်၏ ညီမ တဦးလည်း မီးလောင်မှုကြောင့် သေဆုံးခဲ့ကြောင်း လည်း ကျေးသီး မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းစံမိန်းက ပြောသည်။

“ တကယ်မီးလောင်တယ်။ ကျနော် သူတို့ အိမ်ရောက်သွားတယ်။ ကလေး ၅နှစ် တယောက် ဆုံးတယ်။ ကျနော် သူ့( နန်းနွန်းပန်) ကို ဆေးရုံမှာ သွားကြည့်တော့ ကျောမှာ အသားတောင်မရှိတော့ဘူး။ သူနာလို့ အော်နေတယ်။ ကျနော်တို့ နိုင်ငံမှာ ကုဖို့ ခက်တယ်လေ” ဟု စိုင်းစံမိန်း ကပြောသည်။

အဆိုပါ ခန္ဓာ တကိုယ်လုံး မီးလောင် ဒဏ်ရာ ရရှိသည့် အသက် ၉ နှစ်အရွယ် ရှိ နန်းနွန်းပန် ဆေးကုသရန် အတွက် အကူအညီ လိုအပ်နေသေးကြောင်းလည်း စိုင်းစံမိန်း ထပ်လောင်းပြောသည်။

ထိုင်းနိုင်ငံသို့ သွားရောက် ဆေးကုသရန် အစမှ အဆုံးအထိ ကူညီမှုပေးခဲ့သည့် သီပေါမြို့ မှ စိုင်းအိုက်စိုင်း က – “ ကျနော် သမီးလေး ကို လူမှု ကွန်ရက်မှာ စတွေ့တော့ တော်တော်တုန်လှုပ်ပြီး၊ ကျနော် ထောင်ထားတဲ့ သီပေါ သတင်း (Hsipaw News) မှာ ပြန်တင်တော့ ဆေးကုသပေးမယ့်သူက ဆက်သွယ်လာတယ်။ မဲဆောက်အထိပို့နိုင်ဖို့တော့အခက်အခဲတွေအများကြီးကြုံရပါတယ်။ ဒါမယ့် အောင်မြင်စွာနဲ့ဘဲ မဲဆောက်ဆေးရုံကို ပို့နိုင်ခဲ့ပြီ” ဟု စိုင်းအိုက်စိုင်း က ဆိုပြန်သည်။

နန်းနွန်းပန်သည် ထိုင်းနိုင်ငံ မဲဆောက်တွင် ဧပြီ ၂၈ ရက်နေ့ မနက်ပိုင်းတွင် ပထမဆုံးအကြိမ် ခွဲခန်းထဲဝင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကလေးအတွက် ဆေးကုသ စရိတ်ကို ထိုင်း ဘတ် ၁ သိန်း(မြန်မာငွေ သိန်း ၁၀၀) စရံငွေ ပေးသွင်းရန် အခက်အခဲဖြစ်နေကြောင်း ကူညီမှုပေးသည့် မနွေးနွေး၏ လူမှု ကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

လက်ရှိမှာ ငွေကြေးမလောက်သဖြင့် ဘတ် ၃ သောင်းသာ မဲဆောက်ဆေးရုံသို့ ပေးသွင်းနိုင်သေးကြောင်း၊ ဆေးကုသရန် အကူအညီလိုနေကြောင်းလည်း မနွေးနွေး ၏ လူမှု ကွန်ရက်တွင် ရေးသားထားသည်။

ရပ်နီးရပ်ဝေးမှ စေတနာရှင်များအနေဖြင့်ဆက်သွယ်လှူဒါန်းလိုပါက – https://www.facebook.com/dawnway.nway/posts/1740307432780944 တွင်ဝင်ရောက်ကြည့်ရှုကာဆက်သွယ်လှူဒါန်းနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူ နည်းပါး

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးသူ နည်းပါးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ၌ ကျေးသီးမြို့နယ်မှ ဆန္ဒမဲပေးသူ နည်းပါးခြင်းကြောင့် ရပ်ကွက်အတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဆန္ဒမဲထည့်ရန် လိုက်လံဆော်သြခဲ့ရကြောင်း ကျေးသီးမြို့နယ်...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...
MongNawng_ID_Check

နိုင်ငံရေးပုဒ်မ ၅၀၅-က ဖြေလျော့သော်လည်း စစ်တပ်ဂိတ်များတွင် PSMS စနစ်ဖြင့် စစ်ဆေးတင်းကြပ်နေဆဲ

0
စစ်ကော်မရှင်မှ နိုင်ငံရေးပုဒ်မဖြစ်သည့် ၅၀၅-က ကို ဖြေလျှော့ပေးခဲ့သော်လည်း သျှမ်းပြည်အတွင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် PSMS အက်ပလီကေးရှင်းသုံး၍ စစ်ဆေးမှု တင်းကြပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့တွင် ဆိုလာပြားဘတ္ထရီ ပေါက်ကွဲမှုကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆိုလာပြားဖြင့် ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲပြီး ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၁ ရက်) ညနေ ၆ နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီ အဝေးပြေးကားကြီးဝင်းနှင့် ခိုင်ဇာနန်းတော် ဟိုတယ် အနီးပတ်ဝန်းကျင်ရှိ နေအိမ်တစ်လုံးတွင်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...