ကျေးသီး စစ်ကော်မရှင်တပ် တရုတ်ကုန်ပစ္စည်း စစ်ဆေးတင်းကြပ်၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ကားများကို စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးတင်းကြပ်မှုကြောင့် ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာကြောင်း သတင်းရရှိသည်။

ယခု ဖေဖော်ဝါရီ လဆန်းပိုင်းမှစပြီး ကျေးသီးမြို့နယ်ရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ ညီနောင်မဟာမိတ်ထိန်းချုပ် နယ်စပ်ဂိတ်များမှ ဖြတ်သန်းတင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း ကျေးသီးမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့တရုတ်ဘက်ကလာတဲ့ ကုန်တွေကို စစ်တာပါ။ ကျေးသီး၊ မိုင်းရယ်ဘက်ကို တရုတ်ကုန်ပစ္စည်းတွေက စစ်ဆေးတာ ပေးတောင် မဖြတ်ဘူး။ ကားတွေကို ပြန်လှည့်ခိုင်းတာ ရှိတယ်။ ပုံမှန်ဆို ကျေးသီးဂိတ်မှာ မစစ်ဘူး၊ ဒီလလောက်မှ စပြီး စစ်နေတာ။ အဓိကတော့ ဂျူတီကြေး ဆောင်လား မဆောင်ဘူးလား ဆိုတာကို စစ်တာ”ဟု ကျေးသီးမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်များမှ စစ်ဆေးတင်းကြပ်မှုကြောင့် မြန်မာ-တရုတ်နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် အဝတ်အထည်နှင့် စားသောက်ကုန်ပစ္စည်းအချို့ ဈေးနှုန်း အဆမတန် မြင့်တက်လာသည့်အပြင် သယ်ယူမှု ခက်ခဲခြင်းကြောင့် တင်ပို့ခလည်း မြင့်တက်လာကြောင်း မိုင်းရှူးမြို့နယ် အထည်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ထပ်မံလောင်းပြောသည်။

“အဝတ်အထည်တွေတော့ အရင်ထက် ဈေးနှုန်း ၃ ထောင်ကနေ ၅ ထောင်ဝန်းကျင်ထိ တက်တယ်။ ပစ္စည်းပို့ခက အရင်တုန်းက ပစ္စည်းတစ်ထုတ်ကို ၅ သောင်းလောက်ပဲ ပေးရတာ။ ခုက ပို့ခ ၁ သိန်းဝန်းကျင်ထိ ပေးရတယ်။ စားသောက်ကုန်တွေလည်း ပုံမှန်တော့ ဝင်နေပေမဲ့ ဈေးနှုန်းတော့ တက်လောက်မယ် ထင်တယ်”ဟု မိုင်းရှူးမြို့နယ် အထည်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည် မြောက်ပိုင်းမှ တောင်ပိုင်းသို့ တင်သွင်းနေသည့် တရုတ်ကုန်ပစ္စည်းအများစုကို ကားသမားများက ကွင်းလမ်းမှတဆင့် တင်ဆောင်သွားလာ နေရခြင်းကြောင့် အချိန် ကြန့်ကြာမှုများ ရှိသည့်အပြင် အခက်အခဲများလည်း ကြုံတွေ့ကြရကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

“ကားသမားတွေက ကွင်းလမ်းကနေ လာကြတာ။ ပုံမှန်တစ်ရက်နဲ့ ရောက်တဲ့ ပစ္စည်းဆိုရင် အခုက ၂ ရက်လောက် ကြာတယ်၊ တစ်ညကတော့ ဘယ်မှာ အိပ်ကြလည်းဆိုတာ မသိဘူး။ အကုန်လုံးက မိသားစုအတွက် ကျွေးဖို့ဆိုတော့ အကုန်လုံးက အခက်အခဲနဲ့ ရှာစားလုပ်စားကြရမှာပဲလေ”ဟု မိုင်းရှူးမြို့နယ် အထည်ဆိုင်ပိုင်ရှင် အဆိုပါအမျိုးသမီးက ထပ်လောင်းပြောသည်။

လက်ရှိအခြေအနေအရ စစ်ကော်မရှင်တပ်သည် နိုင်ငံခြားမှ တင်သွင်းသည့် ကုန်ပစ္စည်းအမျိုးမျိုးကို အခွန်မဆောင်သော ကုန်ပစ္စည်းများအဖြစ် ဖမ်းဆီးပိတ်ပင်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ကုန်စျေးနှုန်းများသည် တစ်နေ့ထက်တစ်နေ့ ပိုမြင့်တက်လာနေကြောင်း အိမ်ရှင်မများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်တွင် စစ်ကော်မရှင် ဖွဲ့စည်းထားသော မူဆယ်ခရိုင်/မြို့နယ် တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့က နယ်စပ်ကုန်သည်များကို ခေါ်ယူပြီး အစည်းအဝေး ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် လက်နက်ကိုင်တပ်ဖွဲ့များထံ အခွန်ဝင်ငွေ မစီးဆင်းရန်နှင့် စစ်ကော်မရှင်ထံ အခွန်မဆောင်ထားသည့် ကုန်ပစ္စည်းများအားလုံးကို ဖမ်းဆီးရန် ပြောဆိုခဲ့ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

အလားတူ ဖေဖော်ဝါရီလ ပထမပတ်အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နယ်မြေများထဲ ဖြတ်သန်းသယ်ဆောင်လာသည့် တရုတ်ကုန်ပစ္စည်းများကို ကျောက်မဲမြို့အဝင်တွင် စစ်ကော်မရှင်ဘက်မှ ကုန်ကားများ ဖမ်းဆီးမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ကျေးသီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၃ ဦး ထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက ကျေးသီးမြို့နယ်အတွင်း ရှာဖွေဖော်ထုတ်ရာမှ ကျေးသီးမြို့၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် နှင့်...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

၁၀၅မိုင် ကုန်သွယ်ရေးနေရာ ပြန်ပြင်ဆင်ရန် စစ်တပ်က ကားသမားများထံ ငွေကြေးကောက်ခံနေ

0
အာဏာသိမ်းသမ္မတ ဉီးမင်းအောင်လှိုင်သည် ဇွန်လလယ်တွင် တရုတ်နိုင်ငံခရီးစဉ်ကိုထွက်ခွာခဲ့ပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် နှင့်တွေ့ဆုံးခဲ့ကာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကိစ္စကို ဆွေးနွေးခဲ့သည်။ အာဏာသိမ်းသမ္မတဉီးမင်းအောင်လှိုင် တရုတ်ခရီးစဉ်အပြီး သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ရာတွင် ပါဝင်ခဲ့သည့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA) ကလည်း နေပြည်တော်သို့ချီတက်ခဲ့ပြီး စစ်ကော်မရှင်၏ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး...