ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူ နည်းပါး

သျှမ်းပြည်တောင်ပိုင်း ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးသူ နည်းပါးခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ၌ ကျေးသီးမြို့နယ်မှ ဆန္ဒမဲပေးသူ နည်းပါးခြင်းကြောင့် ရပ်ကွက်အတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဆန္ဒမဲထည့်ရန် လိုက်လံဆော်သြခဲ့ရကြောင်း ကျေးသီးမြို့နယ် ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မဲသွားထည့်တာကတော့ ထည့်ကြတယ် နည်းတယ်။ ထည့်တဲ့လူ သိပ်မရှိလို့ ရပ်ကွက်ထဲကို မဲသွားပေးဖို လိုက်ဆော်နေကြရတာ။ တချို့ကလည်း အလုပ်တွေရှိတော့ မသွားဖြစ်ကြတာလည်း ပါမယ်ထင်တယ်။ လုံခြုံရေးတွေလည်း ရဲတွေ စစ်သားတွေကတော့ ချထားတယ်”ဟု ကျေးသီးမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ဆန္ဒမဲသွားပေးသည့် သက်ကြီးပိုင်းပုဂ္ဂိုလ်များမှာ ပထမဆုံးအကြိမ် အီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“လူကြီးတွေ သက်ကြီးပိုင်းတွေ တစ်ခါမှ စက်နဲ့ မဲမထည့်ဖူးတော့ အခက်အခဲလေးတော့ ရှိတာပေါ့။ မဲသွားပေးတဲ့ အချိန်မှာ မဲရုံစောင့်တွေက သူတို့ကို အော်ပြောတာမျိုးတွေ ရှိတယ်။ သက်ကြီးပိုင်းတွေကလည်း သိပ်ပြီး နားမလည်ကြဘူးလေ”ဟု ကျေးသီးမြို့နယ် ဒေသခံ ၎င်းအမျိုးသမီးက ဆက်ပြောသည်။

အလားတူ မိုင်းရှူးမြို့နယ်တွင်လည်း မဲရုံသို့ ဆန္ဒမဲလာပေးသူ နည်းပါးပြီး မဲရုံပတ်ဝန်းကျင်များတွင်လည်း စစ်ကော်မရှင်တပ်သားနှင့် လက်အောက်ခံ ရဲတပ်ဖွဲ့များက လုံခြုံရေး တင်းကြပ်ထားကြောင်း မိုင်းရှူးမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“မဲသွားပေးတဲ့ လူကတော့ နည်းတယ်၊ သိပ်လည်းမရှိဘူး။ သူတို့က မဲရုံထဲတော့ မစောင့်ဘူး၊ အပြင်မှာ စောင့်တာ အများကြီးပဲ။ ရဲနဲ့ စစ်သား စုစုပေါင်း ၃၀ ဝန်းကျင်လောက် ရှိတယ်။ ရဲကားနဲ့ စစ်ကား ၄ စီးတောင်မှ လုံခြုံရေးယူထားတာ။ မဲရုံတစ်နေရာပဲကို အဲ့လောက်စောင့်တယ်”ဟု မိုင်းရှူးမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ အပိုင်း ၃ တွင် သျှမ်းပြည်အတွင်း မြို့နယ် ၉ မြို့နယ် ပါဝင်ပြီး မက်မန်း၊ ပင်လောင်း၊ ညောင်ရွှေ၊ ဖယ်ခုံ၊ မိုးနဲ၊ ကျေးသီး၊ မိုင်းရှူး၊ သီပေါနှင့် ကျောက်မဲမြို့နယ်တို့ ဖြစ်သည်။

ကျေးသီးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်၌ မဲရုံ (၁၁) ရုံ၊ ကျေးရွာအုပ်စု (၃၂) အုပ်စုတွင် မဲရုံပေါင်း (၆၀) ရုံ နှင့် မိုင်းရှူးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်၌ မဲရုံ (၇) ရုံ၊ ကျေးရွာအုပ်စု (၁၇) စုတွင် မဲရုံပေါင်း (၃၂) ရုံ ရှိကြောင်း သိရသည်။

ကျေးသီးနှင့် မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်တို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) နှစ်ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...

စက်သုံးဆီ ပြတ်လပ်မှုကြောင့် တာချီလိတ် – မိုင်းရှူး ကားခဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည်တွင် စက်သုံးဆီပြတ်လပ်မှု နှင့် စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ကားခ ဈေးနှုန်း မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ယခင်က တာချီလိတ်မြို့ မှ မိုင်းရှူးမြို့သို့ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း သာပေးရပြီး လက်ရှိတွင် တစ်ဉီးလျှင် ကျပ်ငွေ နှစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာကြောင်းကို တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

သျှမ်းပြည် အချို့မြို့နယ် စက်သုံးဆီ စတင်ပြတ်လပ်

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းရယ်မြို့နယ်တို့တွင် စက်သုံးဆီ စတင်ပြတ်လပ်လာပြီး အချို့ဆိုင်များအကန့်သတ်ဖြင့်ရောင်းကာ ဓာတ်ဆီတစ်လီတာလျှင် ၅၀၀၀ ကျပ် အထိရှိနေကြောင်း သတင်းရရှိသည်။ ယနေ့ (မတ်လ ၄ ရက်) မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ် နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ်ရှိရာ...

ကျေးသီး စစ်ကော်မရှင်တပ် တရုတ်ကုန်ပစ္စည်း စစ်ဆေးတင်းကြပ်၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ကားများကို စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးတင်းကြပ်မှုကြောင့် ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာကြောင်း သတင်းရရှိသည်။ ယခု ဖေဖော်ဝါရီ လဆန်းပိုင်းမှစပြီး ကျေးသီးမြို့နယ်ရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ ညီနောင်မဟာမိတ်ထိန်းချုပ် နယ်စပ်ဂိတ်များမှ ဖြတ်သန်းတင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း...

PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် သျှမ်းပြည်လွှတ်တော်အမတ်စာရင်း UEC ထုတ်ပြန်

0
သျှမ်းပြည် မြို့နယ်(၁၇) ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပြည်နယ်လွှတ်တော်အမတ် စာရင်းကို UEC မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂ ) ရက်စွဲဖြင့် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ သျှမ်းပြည်နယ်လွှတ်တော်အတွက် နိုင်သူအကုန်ယူစနစ်...