ကျောက်မဲ ကေတီဗွီ ဆိုင် မီးလောင်မှု ဖြစ်ပွါး

0

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ ရှိ ကေတီဗွီဆိုင်တဆိုင်အား မီးလောင်မှုဖြစ်ပွါးခဲ့ရာ ပိုင်ရှင်အား သက်ဆိုင်ရာများလိုက်လံရှာဖွေနေကြောင်းသိရသည်။

ဓာတ်ပုံ မင်္ဂလာထွန်း (ကျောက်မဲ) – ဇူလိုင် ၈ ရက် ၂၀၁၉ ကျောက်မဲမြို့ ရှိ ကေတီဗွီဆိုင်တဆိုင်အား မီးလောင်မှုဖြစ်ပွါး

ဇူလိုင် လ ၈ ရက် မနက် ၅ နာရီ ခွဲကျော် ၌ အဆိုပါ ကေတီဗွီဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

မနက် အစောပိုင်း ၅ နာရီ ၄၅ က ၀မ်းဝမ်း ကေတီဗွီ ရှယ်ယာပိုင်ရှင် အမျိုးသား ၂ ဦး အချင်းများကြရာမှ ထိုသို့ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ကျောက်မဲမြို့ ဒေသခံပြည်သူတဦး က ပြောပြသည်။

အဆိုပါ မီးလောင်မှု နှင့် ပတ်သတ်ပြီး ကေတီဗွီ ပိုင်ရှင်အား ကျောက်မဲမြို့မ ရဲစခန်းမှ (ပ) ၁၁၇/ ၂၀၁၉ ၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်ထားကြောင်း၊ လက်ရှိမှာ လုပ်ငန်းပိုင်ရှင် ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE