Thursday, February 5, 2026

ကျောက်မဲမြို့ကို စစ်တပ်ပြန်ထိန်းချုပ်ပြီးနောက် စစ်မှုထမ်း စတင်ခေါ်နေ၊ လူစားထိုးထည့်ရန် ငွေကောက်

သျှမ်းပြည် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြည်သူ့စစ်မှုထမ်း စတင်ခေါ်ယူနေကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီလ ပထမပတ်မှ စတင်ပြီး စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်နှင့် ပြည်ထောင်စုလမ်းမကြီးဘေးရှိ ကျေးရွာများတွင် ပထမဆုံးအကြိမ် ပြည်သူ့စစ်မှုထမ်း စတင်ခေါ်ယူနေပြီး စစ်မှုထမ်းစေလွှတ်ရန် လူမရှိခြင်းကြောင့် လူစားထိုးရန် အုပ်ချုပ်ရေးမှူးများမှ ငွေကောက်ခံနေကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“ကျောက်မဲမြို့ပေါ် ၃ ယောက်ဆိုပြီး တောင်းတယ်၊ မြို့ထဲမှာတော့ စစ်မှုထမ်းအတွက် ပေးစရာ လူမရှိလို့ တစ်ယောက်ကို သိန်း ၁၀၀ နဲ့ လူရှာထည့်ပေးမယ်လို့ ပြောနေကြတယ်။ အုပ်ချုပ်ရေးမှူးတွေက ငွေကောက်ပြီး လူစားထိုး ရှာပေးရမှာပေါ့။ နောင်ပိန်နဲ့ စခန်းသာဘက်လည်း မြို့ပေါ်နဲ့ အတူတူပဲ၊ ငွေကောက်ပြီး လူစားထိုး ရှာထည့်ကြမှာ” ဟု ကျောက်မဲမြို့နေ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့ပေါ်ရှိ ရပ်ကွက် (၉) ခုနှင့် အနီးအနားကျေးရွာများ၊ ပြည်ထောင်စုလမ်းမကြီးတလျှောက် နောင်ပိန်၊ စခန်းသာ၊ ချောင်းချောက်၊ ပန်ဟုတ်၊ နားခေါ် စသည့် ကျေးရွာအုပ်စုများတွင် တစ်အိမ်လျှင် စစ်မှုထမ်းကြေး ကျပ် ၂ သောင်းမှ ၅ သောင်းအထိ မဖြစ်မနေ ထည့်ပေးရခြင်းကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ကျောက်မဲမြို့ကို ယမန်နှစ် ၂၀၂၅ အောက်တိုဘာလတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်ထဲမှ စစ်ကော်မရှင်တပ် ပြန်လည်တိုက်ခိုက်ပြီး ထိန်းချုပ်နိုင်ခဲ့သော်လည်း ကျောက်မဲမြို့နယ်ထဲ ပါဝင်သည့် မိုင်းလုံမြို့နှင့် မိုင်းငေါ့မြို့တို့ကို TNLA မှ ဆက်လက်ထိန်းချုပ်ထားသည်။

ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်သည့် ကျောက်မဲမြို့နယ်သည် မြို့နယ်တစ်ခုလုံး၏ (၆) ရာခိုင်နှုန်းဖြစ်သည့် မြို့ပေါ်ရပ်ကွက် (၉) ခုနှင့် မြို့အနီးအနား ကျေးရွာအုပ်စု (၅) စု၌သာ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ လွှတ်တော်သုံးရပ်စလုံး အနိုင်ရရှိခဲ့သည်။

အလားတူ ဇန်နဝါရီလ နောက်ဆုံးပတ်မှ စတင်ပြီး စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုတွင် အုပ်ချုပ်ရေးမှူးများမှ နေအိမ်များထဲ လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးခဲ့ပြီး စစ်မှုထမ်းကြေး စတင်ကောက်ခံနေကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲ စစ်တပ်ပြန်ဝင်လာပြီး TNLA နှင့်ဆက်စပ်သူများကို ဖမ်းဆီး၊ နေအိမ်ဆိုင်ခန်း ချိတ်ပိတ်

0
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကော်မရှင်တပ်က TNLA နှင့် ပတ်သက်ကြောင်း စွပ်စွဲခံရသူများကို စတင်ဖမ်းဆီးခဲ့ပြီး နေအိမ်ဆိုင်ခန်းများလည်း ချိတ်ပိတ်ခံရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အလုံးစုံ ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်စဉ် အုပ်ချုပ်ရေးပိုင်း...

ကျောက်မဲမြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရောက်နေရာယူ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး မြို့ပြင်ဘက်တွင် သေနတ်ပစ်ခတ်သံများ ဆက်ကြားနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁ ရက်) နံနက်ပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ခုခံကာကွယ်ခဲ့သည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး ယမန်နေ့တွင် မီးရှို့ခံထားရသည့် ဌာနဆိုင်ရာရုံးများတွင် နေရာယူထားကြောင်း...

ကျောက်မဲမြို့အနီး ၃ မိုင်အကွာ တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် အဆိပ်ဗုံးကြဲဟု TNLA ပြော

0
သျှမ်းပြည် ကျောက်မဲမြို့အနီး ၃ မိုင်ခန့်အကွာအဝေးတွင် စစ်ကော်မရှင်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြေပြင်ထိတွေ့တိုက်ပွဲသည်...

ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးကို TNLA ပြန်လွှတ်ပေး

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး ပြန်လွှတ်လာကြောင်း သတင်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် နေ့လယ် ၂ နာရီခွဲအချိန်တွင် ကျောက်မဲမြို့ နမ့်ခုံးရှမ်းများပရဟိတ အသင်းဝင် တစ်ဦးဖြစ်သည့် နန်းအေးယိင်းသည် ကျောက်မဲမြို့...

ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ကို TNLA ဖမ်းဆီး

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၃ ဦးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်မဲဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်) နေ့လယ် ၂ နာရီခွဲတွင် ကျောက်မဲမြို့...