ကျောက်မဲ စစ်တပ်ပြန်ဝင်လာပြီး TNLA နှင့်ဆက်စပ်သူများကို ဖမ်းဆီး၊ နေအိမ်ဆိုင်ခန်း ချိတ်ပိတ်

သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကော်မရှင်တပ်က TNLA နှင့် ပတ်သက်ကြောင်း စွပ်စွဲခံရသူများကို စတင်ဖမ်းဆီးခဲ့ပြီး နေအိမ်ဆိုင်ခန်းများလည်း ချိတ်ပိတ်ခံရကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အလုံးစုံ ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်စဉ် အုပ်ချုပ်ရေးပိုင်း တာဝန်ယူခဲ့သူများနှင့် ကူညီထောက်ခံသူများအဖြစ် စွပ်စွဲခံရသူများကို ဖမ်းဆီးနေပြီး နေအိမ်ဆိုင်ခန်းများကိုလည်း ချိတ်ပိတ်နေကြောင်း ဒေသခံများက ပြောသည်။

“TNLA နဲ့ ပတ်သက်တဲ့သူနဲ့ NUG အဖွဲ့တွေကို အကုန်ဆွဲနေတယ်၊ ဘယ်သူရယ်လို့ အတိအကျတော့ အရေအတွက် မသိသေးဘူး။ တွေ့တာတော့ မန့်နားက ကုန်စုံဆိုင် စာနီနဲ့ ချိတ်ပိတ်ခံရတယ်၊ ချိတ်ပိတ်တာတော့ တကယ်ပိတ်တာ။ TNLA လက်ထက် အုပ်ချုပ်ရေးမှူး လုပ်ဖူးတဲ့လူတွေ ဖမ်းခံရတယ်လို့ ပြောနေကြတာပဲ”ဟု ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ကျောက်မဲမြို့ ရပ်ကွက် (၆) ရှိ ဈေးသစ် လက်ဖက်ရည်ဆိုင်ကိုလည်း စစ်ကော်မရှင်တပ်က ချိတ်ပိတ်လိုက်ပြီး ဆိုင်ပိုင်ရှင်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ လက်ရှိတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးစစ်ဆေးနေသူ (၈) ဦးထက်မနည်း ရှိကြောင်း ဒေသခံများက ပြောဆိုနေသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ပြန်လည်စတင်စဉ်က ကျောက်မဲမြို့သိမ်း တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲခံရသည့် One Love ဟိုတယ်လည်း ချိတ်ပိတ်ခံထားရသည့် စာရင်းထဲတွင် ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

“အခုက ရုတ်တရက် ဖမ်းတာထင်တယ်။ ပလောင်အုပ်ချုပ်တုန်းက အုပ်ချုပ်ရေးပိုင်း လုပ်တဲ့သူ ဖမ်းခံရတယ် ဆိုတာလည်း အဲ့တုန်းက ပေါ်ပေါ်ထင်ထင် လုပ်ခဲ့ကြတာကိုး။ စစ်တပ်အားပေးတွေပဲ တစ်ဖက်သက် ဖမ်းဖို့ ပြောနေကြတာ၊ တယ်လီဂရမ်မှာ ပြောကြတာများတယ်။ ဖမ်းခံရတဲ့လူနဲ့ ထပ်ဖမ်းမယ့် လူတွေက နာမည်ရှိပြီးသားလို့ ရပ်ကွက်ထဲ ပြောနေကြတာပဲ”ဟု ကျောက်မဲဒေသခံ အဆိုပါ အမျိုးသားက ဆက်ပြောသည်။

အလားတူ ဇူလိုင်လ ၁၅ ရက်တွင် နောင်ချိုမြို့ကို စစ်ကော်မရှင်တပ် အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် မြို့ပေါ်ရပ်ကွက်များရှိ TNLA နှင့် DPLA တို့ကို ထောက်ခံအားပေးသူများအဖြစ် စွပ်စွဲခံရသူများ၏ ရွှေဆိုင်အပါအဝင် နေအိမ် (၂၀) ခန့်ကို ချိတ်ပိတ်သိမ်းဆည်းခဲ့သည်။

ထိုထဲတွင် နောင်ချိုမြို့လယ် ဈေးရပ်ကွက် ပြည်ထောင်စုလမ်းမကြီးဘေးရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရာ ဗလီနှင့် ဟိန္ဒူဘုရားကျောင်းပိုင် နေပါလီ ဂေါ်ရခါး ဓမ္မသာလာ လေးထပ်တိုက် ဈေးဆိုင်ခန်းနှင့် တည်းခိုခန်းတို့လည်း ဇူလိုင်လ တတိယပတ်အတွင်း အလားတူ ချိတ်ပိတ်ခံလိုက်ရသည်။

ထို့အပြင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် တောင်းခမ်းဘက်ရှိ ကျေးရွာများသို့ နေရပ်ပြန်လာသည့် စစ်ဘေးရှောင်များကို TNLA ၊ DPLA နှင့် PDF ထောက်ခံသူများဟု စွပ်စွဲကာ စစ်ကော်မရှင်တပ်သားများက ဖမ်းဆီးစစ်ဆေးမှုများ ရှိခဲ့ပြီး နေရပ်ပြန်စစ်ရှောင် (၃၀) ကျော် ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။

စစ်ကော်မရှင်တပ်သည် ဇူလိုင်လလယ်တွင် နောင်ချိုမြို့ကိုလည်းကောင်း၊ အောက်တိုဘာလတွင် ကျောက်မဲနှင့် သီပေါမြို့တို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း “၁၀၂၇ စစ်ဆင်ရေး”အတွင်း နေအိမ်ထိခိုက်ပျက်စီးမှု ကြီးမားသူများနှင့် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ပုံစာ – ကျောက်မဲမြို့ထဲ စစ်ကော်မရှင်တပ် ပြန်လည်ဝင်ရောက်လာစဉ် (ဓာတ်ပုံ-တယ်လီဂရမ်)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...