ကျောက်မဲမြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရောက်နေရာယူ

သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး မြို့ပြင်ဘက်တွင် သေနတ်ပစ်ခတ်သံများ ဆက်ကြားနေရကြောင်း စုံစမ်းသိရသည်။

ယနေ့ (အောက်တိုဘာ ၁ ရက်) နံနက်ပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ခုခံကာကွယ်ခဲ့သည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး ယမန်နေ့တွင် မီးရှို့ခံထားရသည့် ဌာနဆိုင်ရာရုံးများတွင် နေရာယူထားကြောင်း ဒေသခံများက ပြောသည်။

“မနက်က စစ်တပ်မြို့ထဲ ဝင်လာပြီလို့ ပြောတယ်၊ မနေ့က မီးရှို့ခံရတဲ့ ဌာနဆိုင်ရာ ရုံးတွေမှာ စစ်တပ်က နေရာပြန်ယူထားတယ်။ မြို့အထွက် ငြိမ်းချမ်းရေးကုန်းဘက်မှာ သေနတ်သံကတော့ တချက်တချက် ကြားနေရသေးတယ်၊ လေယာဉ်လည်း လာဝဲနေတယ်။ မနေ့က လက်နက်ကိုင်တွေ မီးရှို့သွားတဲ့ထဲမှာ Alphard လို ကားတွေတောင် ပါတယ်”ဟု ကျောက်မဲရောက် စစ်ရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ-ကျောက်မဲမြို့ပေါ် ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ် (ဓာတ်ပုံ-မှိုင်းဝေ)

လက်ရှိတွင် ကျောက်မဲမြို့ပေါ်မှ TNLA တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားကြောင်း ဒေသခံများက ပြောဆိုနေသော်လည်း သျှမ်းသံတော်ဆင့်မှ အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၁၈) ရက်မှ စတင်ပြီး ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း မြေပြင်ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ်သည် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များကို တစ်လခွဲကျော် တိုက်ခိုက်ခဲ့ပြီးနောက် ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်ရဖွယ် ရှိနေသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း TNLA ထိန်းချုပ်ထားသည့် မြို့ (၁၂) မြို့ထဲမှ ပြီးခဲ့သည့် ဇူလိုင်လလယ်တွင် နောင်ချိုမြို့ကို စစ်ကော်မရှင်တပ် ပထမဆုံး ပြန်လည်ထိန်းချုပ်ခဲ့ပြီး ကျောက်မဲမြို့သည် ဒုတိယမြို့ ဖြစ်လာသည်။

ကျောက်မဲမြို့နှင့် သီပေါမြို့သည် လာမည့် ဒီဇင်ဘာလတွင် စစ်ကော်မရှင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် မြို့နယ်စာရင်းထဲတွင် ပါဝင်ထားခြင်းကြောင့် ယင်းမတိုင်မီ ပြန်လည်ထိန်းချုပ်နိုင်ရန် TNLA ကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...