Tuesday, January 27, 2026

ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ကို TNLA ဖမ်းဆီး


သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၃ ဦးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်မဲဒေသခံများ၏ ပြောကြားချက်အရ သိရသည်။


ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်) နေ့လယ် ၂ နာရီခွဲတွင် ကျောက်မဲမြို့ ပင်ပေါက်ကြီး ဈေးဆိုင်တန်းတွင် နေထိုင်သော အသက် (၃၄) နှစ်အရွယ် နန်းအေးယိင်းသည် ဈေးရောင်းနေစဉ် TNLA မှ အကြောင်းမဲ့လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်မဲမြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။


“ဈေးရောင်းနေတုန်း လာဖမ်းသွားတာ၊ ဘာကြောင့် ဖမ်းတယ်ဆိုတာလည်း မပြောဘူး။ အခုထိလည်း ပြန်မလွှတ်လာသေးဘူး” ဟု ကျောက်မဲမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။


နန်းအေးယိင်းသည် နမ့်ခုံးရှမ်းများပရဟိတအသင်းဝင် တစ်ဦးဖြစ်ပြီး ဒေသအတွင်း ပရဟိတအကျိုးကို ဆောင်ရွက်နေသော အရပ်သားတစ်ဦးသာ ဖြစ်ကာ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းနှင့် ပတ်သက်ခြင်းမရှိသဖြင့် ချက်ချင်းပြန်လွတ်ပေးရန် ၎င်းက တောင်းဆိုသည်။


အလားတူ ယမန်နေ့တွင် ကျောက်မဲမြို့ အောင်ဆုပန် ကျောင်းတိုက်အနီးရှိ ခေါက်ဆွဲဆိုင်မှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးကိုလည်း TNLA မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။


အဆိုပါဒေသခံများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်၍ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ပြန်ကြားရေး တာဝန်ခံ လွေးယေဦးကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့သော်လည် ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။


ကျောက်မဲမြို့ဒေသခံ အမျိုးသမီးတစ်ဦးက “မနေ့ နေ့လယ်တုန်းက ကွမ်းယာဆိုင်မှာရှိတဲ့ လူတွေအကုန်လုံး ကိုလည်း ခေါ်သွားတယ်။ အခြေအနေတွေက အဲ့သလောက် ဆိုးလာတာ။ ကျမတို့တော့ အရမ်းစိတ်ပူနေရတယ်။ အခုဖမ်းခေါ်သွားတာ ကလေးတွေရော၊ အမျိုးသမီးတွေရော ပါတယ်။ ပြီးတော့ ဘာကြောင့် ဖမ်းသွားတယ် ဆိုတာလည်း မပြောတော့ အသက်အန္တရာယ်အတွက် တစ်ခုခုဖြစ်သွားမှာကို၊ စစ်သားသွားလုပ်ရမှာကို စိုးရိမ်နေရတယ်” ဟု ပြောသည်။


ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ ညတွင်လည်း ကျောက်မဲမြို့ ရပ်ကွက် (၁)၊ ရပ်ကွက် (၂) နှင့် ပန်ပေါင်းရွာ ဒေသခံ စုစုပေါင်း အယောက် (၃၀) ကိုလည်း TNLA မှ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ ပြန်မလွတ်လာသေးကြောင်း သိရသည်။


TNLA သည် ယခုလဆန်းပိုင်းမှ စတင်၍ ကျောက်မဲမြို့ ကျေးရွာဒေသရှိ ဒေသခံများကို ဖမ်းဆီးခေါ် ဆောင်သွားခြင်း ရှိသကဲ့သို့ မြို့ပေါ် ရပ်ကွက်ရှိ ဒေသခံများကိုလည်း ဖမ်းဆီးခေါ်သွားခဲ့ပြီး ယနေ့အချိန်ထိ ဖမ်းဆီးခံရသူ စုစုပေါင်း (၁၀၀) ကျော်ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။


ဖမ်းဆီးခံရသည့် ဒေသခံများအချို့သည် တောင်ပေါ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခံရသလို အချို့မှာလည်း ကျောက်မဲမြို့ ရဲစခန်းဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။


ယင်းကဲ့သို့ ဒေသခံများကို TNLA မှ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်ပြီး ရှမ်းလူငယ် အဖွဲ့အစည်းများနှင့် ပရဟိတအသင်းများက ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုနေလျက်ရှိသည်။


လက်ရှိ ကျောက်မဲမြို့နယ် တွင်လည်း TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေလျက်ရှိကြောင်း ဒေသခံများက ပြောသည်။


ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်တွင် နောင်ပိန်တိုက်နယ်အတွင်းရှိ ခဲလုံကျေးရွာဘက်တွင် TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်တို့ ထိတွေ့တိုက်ပွဲကြား တောထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် အရပ်သားတစ်ဦးလည်း သေနတ်ပစ်ခတ်ခံရပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...

မဲပုံးထက် အိမ်ပြန်လမ်းကိုသာ တမ်းတခြင်း

0
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကြောင့် မြှင့်တက်လျက် ရှိသည်။ သို့သော် ဤနိုင်ငံရေး လှုပ်ရှားမှုများနှင့် အလှမ်းဝေးကွာစွာ ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်နေရသူများ ရှိနေသည်။ ၎င်းတို့မှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း...