ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ကို TNLA ဖမ်းဆီး


သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၃ ဦးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်မဲဒေသခံများ၏ ပြောကြားချက်အရ သိရသည်။


ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်) နေ့လယ် ၂ နာရီခွဲတွင် ကျောက်မဲမြို့ ပင်ပေါက်ကြီး ဈေးဆိုင်တန်းတွင် နေထိုင်သော အသက် (၃၄) နှစ်အရွယ် နန်းအေးယိင်းသည် ဈေးရောင်းနေစဉ် TNLA မှ အကြောင်းမဲ့လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်မဲမြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။


“ဈေးရောင်းနေတုန်း လာဖမ်းသွားတာ၊ ဘာကြောင့် ဖမ်းတယ်ဆိုတာလည်း မပြောဘူး။ အခုထိလည်း ပြန်မလွှတ်လာသေးဘူး” ဟု ကျောက်မဲမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။


နန်းအေးယိင်းသည် နမ့်ခုံးရှမ်းများပရဟိတအသင်းဝင် တစ်ဦးဖြစ်ပြီး ဒေသအတွင်း ပရဟိတအကျိုးကို ဆောင်ရွက်နေသော အရပ်သားတစ်ဦးသာ ဖြစ်ကာ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းနှင့် ပတ်သက်ခြင်းမရှိသဖြင့် ချက်ချင်းပြန်လွတ်ပေးရန် ၎င်းက တောင်းဆိုသည်။


အလားတူ ယမန်နေ့တွင် ကျောက်မဲမြို့ အောင်ဆုပန် ကျောင်းတိုက်အနီးရှိ ခေါက်ဆွဲဆိုင်မှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးကိုလည်း TNLA မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။


အဆိုပါဒေသခံများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်၍ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ပြန်ကြားရေး တာဝန်ခံ လွေးယေဦးကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့သော်လည် ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။


ကျောက်မဲမြို့ဒေသခံ အမျိုးသမီးတစ်ဦးက “မနေ့ နေ့လယ်တုန်းက ကွမ်းယာဆိုင်မှာရှိတဲ့ လူတွေအကုန်လုံး ကိုလည်း ခေါ်သွားတယ်။ အခြေအနေတွေက အဲ့သလောက် ဆိုးလာတာ။ ကျမတို့တော့ အရမ်းစိတ်ပူနေရတယ်။ အခုဖမ်းခေါ်သွားတာ ကလေးတွေရော၊ အမျိုးသမီးတွေရော ပါတယ်။ ပြီးတော့ ဘာကြောင့် ဖမ်းသွားတယ် ဆိုတာလည်း မပြောတော့ အသက်အန္တရာယ်အတွက် တစ်ခုခုဖြစ်သွားမှာကို၊ စစ်သားသွားလုပ်ရမှာကို စိုးရိမ်နေရတယ်” ဟု ပြောသည်။


ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ ညတွင်လည်း ကျောက်မဲမြို့ ရပ်ကွက် (၁)၊ ရပ်ကွက် (၂) နှင့် ပန်ပေါင်းရွာ ဒေသခံ စုစုပေါင်း အယောက် (၃၀) ကိုလည်း TNLA မှ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ ပြန်မလွတ်လာသေးကြောင်း သိရသည်။


TNLA သည် ယခုလဆန်းပိုင်းမှ စတင်၍ ကျောက်မဲမြို့ ကျေးရွာဒေသရှိ ဒေသခံများကို ဖမ်းဆီးခေါ် ဆောင်သွားခြင်း ရှိသကဲ့သို့ မြို့ပေါ် ရပ်ကွက်ရှိ ဒေသခံများကိုလည်း ဖမ်းဆီးခေါ်သွားခဲ့ပြီး ယနေ့အချိန်ထိ ဖမ်းဆီးခံရသူ စုစုပေါင်း (၁၀၀) ကျော်ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။


ဖမ်းဆီးခံရသည့် ဒေသခံများအချို့သည် တောင်ပေါ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခံရသလို အချို့မှာလည်း ကျောက်မဲမြို့ ရဲစခန်းဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။


ယင်းကဲ့သို့ ဒေသခံများကို TNLA မှ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်ပြီး ရှမ်းလူငယ် အဖွဲ့အစည်းများနှင့် ပရဟိတအသင်းများက ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုနေလျက်ရှိသည်။


လက်ရှိ ကျောက်မဲမြို့နယ် တွင်လည်း TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေလျက်ရှိကြောင်း ဒေသခံများက ပြောသည်။


ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်တွင် နောင်ပိန်တိုက်နယ်အတွင်းရှိ ခဲလုံကျေးရွာဘက်တွင် TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်တို့ ထိတွေ့တိုက်ပွဲကြား တောထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် အရပ်သားတစ်ဦးလည်း သေနတ်ပစ်ခတ်ခံရပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...