ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးကို TNLA ပြန်လွှတ်ပေး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး ပြန်လွှတ်လာကြောင်း သတင်းသိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် နေ့လယ် ၂ နာရီခွဲအချိန်တွင် ကျောက်မဲမြို့ နမ့်ခုံးရှမ်းများပရဟိတ အသင်းဝင် တစ်ဦးဖြစ်သည့် နန်းအေးယိင်းသည် ကျောက်မဲမြို့ ပင်ပေါက်ကြီး ဈေးဆိုင်တန်းတွင် ဈေးရောင်းနေစဉ် ၎င်းကို စစ်တပ်သတင်းပေးဟု စွပ်စွဲကာ TNLA မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ထိုအကြောင်းကို နမ့်ခုံးရှမ်းများပရဟိတအသင်းမှ သွားရောက်ဖြေရှင်းပြီးနောက် ယမန်နေ့ (စက်တင်ဘာလ ၂၀) ရက် ညနေပိုင်း ၆ နာရီခန့်တွင် ပြန်လွှတ်လာပေးခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်တပ်သတင်းပေးသူကို လိုက်ရှာပြီးဖမ်းနေတာ၊ အခုထိ မမိသေးဘူး။ သူ့ (နန်းအေးယိင်း) ကတော့ ပင်ပေါက်ကြီး ဈေးဆိုင်တန်းမှာ ဈေးရောင်းနေတုန်း ဖမ်းခံရတာ၊ သူ့နဲ့အတူ ဖမ်းခံရတဲ့သူတွေ အများကြီးပဲ။ အသင်းက သွားဖြေရှင်းရတယ်။ အသင်းကလည်း ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်မရှိသလို သူလည်း နိုင်ငံရေးနဲ့ ဘာမှ ပတ်သက်မှုမရှိဘူးဆိုလို့ ပြန်လွတ်လာပေးတာ” ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

သို့သော် နန်းအေးယိင်းနှင့်အတူ ဖမ်းဆီးခံရသော အရပ်သားအများစုကတော့ ပြန်လွှတ်လာခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။

စစ်တပ်သတင်းဟုစွပ်စွဲပြီး ပြီးခဲ့သော စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးမှုတွင် နန်းအေးယိင်းအပါအဝင် အရပ်သား စုစုပေါင်း ၃၀ ခန့် ဖမ်းဆီးခံရကြောင်း မြိုခံများ၏ပြောပြချက်အရ သိရသည်။

“လမ်းမှာဖမ်းခံရတဲ့သူတွေရော၊ ကားပေါ်တင်ပြီး ခေါ်သွားတဲ့သူတွေရော ရှိတယ်။ သက်ကြီးရွယ်အိုတွေကိုတော့ ပြန်လွတ်လာပေးတယ်၊ ဒါပေမယ့် လူငယ်အရွယ်တွေကို ခေါ်ထားဆဲပဲ။ အခုထိစစ်ဆေးမေးမြန်းမှု မပြီးသေးလို့ ထိန်းသိမ်းထားလို့ ပြောတယ်” ဟု ကျောက်မဲမြို့ဒေသခံတစ်ဦးက ပြောသည်။

အလားတူ စက်တင်ဘာလ ၁၅ ရက် ညတွင်လည်း ကျောက်မဲမြို့ ရပ်ကွက် (၁)၊ ရပ်ကွက် (၂)နှင့် ပန်ပေါင်းရွာ ဒေသခံ စုစုပေါင်း (၃၀) ခန့်ကိုလည်း TNLA မှ အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ ပြန်လွတ်လာခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါအရပ်သားများကို စစ်တပ်ပေးဟုစွပ်စွဲပြီး ဖမ်းဆီးမှုနှင့် ပတ်သက်၍ ကျောက်မဲမြို့ တက်ကြွလှုပ်ရှားသူတစ်ဦးက “တကယ်ဆိုရင် TNLA ကအုပ်ချုပ်ရေးအပိုင်း ဖော်ဆောင်တဲ့နေရာမှာ ခိုင်မာတဲ့ ဥပဒေရှိဖို့ လိုတယ်။ ဥပဒေဆိုတဲ့နေရာမှာ စစ်ထောက်လှမ်းရေးလည်း ရှိသင့်တယ်။ အဲ့လိုမှ မဟုတ်ဘဲ တွေ့ရာလူတွေကို လိုက်ဖမ်းမယ်ဆိုရင်တော့ စားဝတ်ရေးအတွက် ရှာဖွေစားသောက်နေရတဲ့ ပြည်သူတွေ ဘယ်လိုလုပ်ကြမလဲ” ဟု ၎င်းက ပြောသည်။

TNLA သည် ယခုလဆန်းပိုင်းမှ စတင်၍ ကျောက်မဲမြို့ ကျေးရွာဒေသရှိ ဒေသခံများကို ဖမ်းဆီးခေါ် ဆောင်သွားခြင်း ရှိသကဲ့သို့ မြို့ပေါ် ရပ်ကွက်ရှိ ဒေသခံများကိုလည်း ဖမ်းဆီးခေါ်သွားခြင်းရှိကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသည့် ဒေသခံများအချို့သည် တောင်ပေါ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခံရသလို အချို့မှာလည်း ကျောက်မဲမြို့ ရဲစခန်းဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။

လက်ရှိ ကျောက်မဲမြို့နယ် တွင်လည်း TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေလျက်ရှိသဖြင့် ဒေသခံများက စိုးရိမ်နေရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်တွင် နောင်ပိန်တိုက်နယ်အတွင်းရှိ ခဲလုံကျေးရွာဘက်တွင် TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်တို့ ထိတွေ့တိုက်ပွဲကြား တောထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် အရပ်သားတစ်ဦးလည်း သေနတ်ပစ်ခတ်ခံရပြီး စက်တင်ဘာလ ၁၈ ရက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...