လမ်းပန်းခက်ခဲမှုနှင့် စစ်တပ်ပိတ်ပင်မှုကြောင့် ဖယ်ခုံစစ်ရှောင်ထံ ဆေးဝါးမရောက်

သျှမ်းပြည် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်‌ဘေး တိမ်းရှောင်နေထိုင်သည့် စစ်ရှောင်များ လက်ရှိ မိုးရာသီကာလအတွင်း ဖျားနာမှုများ ဖြစ်ပွားလာနေသော်လည်း စစ်တပ်ဘက် ဆေးဝါး သယ်ယူမှု ပိတ်ပင်ထားမှုကြောင့် ကျန်းမာရေး အခက်အခဲကြုံနေရကြောင်း သတင်းရရှသည်။​

အဆိုပါ စစ်ဘေးရှောင်များသည် ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာ၊ တောင်စလုံး ကျေးရွာ နှင့် မြောက်စလုံးကျေးရွာ များမှ ဒေသခံများဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့အကြား တိုက်ပွဲများကြောင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလဝန်းကျင်မှစ၍ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။  

ယခု မိုးရာသီကာလတွင် ကလေးများနှင့် လူကြီးများအပါအဝင် စစ်ဘေးရှောင်များသည် ရာသီတုတ်ကွေး ဖျားနာမှု ဖြစ်ပွားနေပြီး၊ ထိုစစ်ဘေးရှောင်များနေထိုင်သည့်နေရာသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် ဆေးဝါးရရှိရန် အခက်အခဲရှိနေကြောင်း စစ်ရှောင်ကူညီနေသည့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လမ်းပန်းဆက်သွယ်ရေးလည်း ခက်တော့ ဆေးဝါးရဖို့လည်း ခက်ခဲတယ်။စစ်ရှောင်တွေရဲ့ ကျန်းမာရေးအတွက် ဆိုရင် ဆေးတွေက အပြည့်အဝ မလုံလောက်ဘူး။ တော်လှန်ရေးရဲဘော်တွေရဲ့ ဆေးတပ်သားတွေ လာကြည့်ပေးတာ တော့ရှိတယ်။အပြည့်အဝတော့ မကူညီနိုင်ဘူး။မိုးရာသီဆိုတော့ ရာသီတုတ်ကွေးဖြစ်တာ ၊ဖျားတာတွေ ကလည်း ရှိတယ်။ ဒီရာသီမှာတော့ ကလေးလူကြီးကစပြီး နေမကောင်းတာများတယ်။” ဟု စစ်ရှောင်ကူညီနေသည့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များအတွက် တော်လှန်ရေးတပ်ဖွဲ့များမှ ဆေးတပ်သားများ လာရောက်ကြည့်ရှု ကုသပေးမှုရှိသော်လည်း စစ်ဘေးရှောင်ဦးရေများပြားသည့်အတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးအကူအညီများကို အပြည့်အဝ ပေးနိုင်ခြင်းမရှိကြောင်း သိရသည်။

ထို့အပြင် စစ်ဘေးရှောင်များ နေထိုင်ရာ လတိန်ကျေးရွာသို့ သွားလာရန် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် စစ်တပ်ဘက်မှ ဆေးဝါးသယ်ယူခွင့်ပိတ်ပင်မှုကြောင့် ဆေးဝါးမရောက်ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“ဆေးဝါးတွေကတော့ လိုအပ်တာရှိတယ်။တုတ်ကွေး နဲ့ ငှက်ဖျားဆေးတွေပေါ့။လမ်းသွားလာဖို့ ခက်ခဲတာအပြင် စစ်တပ်ကလည်း ဒီဘက်ကို ‌ဆေးဝါးပေးမသယ်တာလည်းပါတယ်။”ဟု စစ်ရှောင်ကူညီနေသည့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

ဘောရန်ကျေးရွာ၊ တောင်စလုံးကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့မှ ဒေသခံများသည် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရခြင်းဖြစ်ပြီး စစ်ဘေးရှောင်ကာလ ၁၁ လနီးပါး ကြာမြင့်လာသော်လည်း လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်သေးဘဲ လတိန်းကျေးရွာတွင် နေထိုင်နေသည့် စစ်‌ဘေးရှောင် လူဦးရေး စုစုပေါင်း (၆၀၀) ထပ်မနည်းရှိ ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တကြောတွင် စစ်ကော်မရှင်တပ်ဖွဲ့နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ၂၀၂၅ စက်တင်ဘာလမှ စတင်ပြီး ကျေးရွာ (၁၀) ရွာခန့်မှ စစ်ရှောင် (၆၀၀၀) ကျော် သည်  ကျေးရွာနှင့် တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဖယ်ခုံစစ်ရှောင်များအတွက် သောက်သုံးရေ ရရှိရေး ပိုပြီး ခက်ခဲလာ

0
သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စက်သုံးဆီ အခက်အခဲများကြောင့် စစ်ရှောင်များအတွက် ရေရရှိရန်အခက်အခဲများရှိနေကြောင်း စုံစမ်းသိရသည်။ ဖယ်ခုံမြို့နယ် အတွင်းနေထိုင်သော စစ်ရှောင်များသည် သောက်သုံးရေရရှိရန်အတွက် တနာရီခွဲ ကားဖြင့် သွားရောက်ယူဆောင်ရသည်။ ထို့ကြောင့် လက်ရှိ စက်သုံဆီများ ပြတ်လပ်မှု၊ စျေးနှုန်းမြင့်တက်မှုကြောင့် စစ်ရှောင်များအသုံးပြုသည့် သောက်သုံးရေကို သွားရောက်သယ်ယူရန် ခက်ခဲမှုဖြစ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့်...