စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဖယ်ခုံစစ်ရှောင်များအတွက် သောက်သုံးရေ ရရှိရေး ပိုပြီး ခက်ခဲလာ

သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စက်သုံးဆီ အခက်အခဲများကြောင့် စစ်ရှောင်များအတွက် ရေရရှိရန်အခက်အခဲများရှိနေကြောင်း စုံစမ်းသိရသည်။

ဖယ်ခုံမြို့နယ် အတွင်းနေထိုင်သော စစ်ရှောင်များသည် သောက်သုံးရေရရှိရန်အတွက် တနာရီခွဲ ကားဖြင့် သွားရောက်ယူဆောင်ရသည်။

ထို့ကြောင့် လက်ရှိ စက်သုံဆီများ ပြတ်လပ်မှု၊ စျေးနှုန်းမြင့်တက်မှုကြောင့် စစ်ရှောင်များအသုံးပြုသည့် သောက်သုံးရေကို သွားရောက်သယ်ယူရန် ခက်ခဲမှုဖြစ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဆီတွေက သိပ်မရှိတော့ အရင်လိုစစ်ရှောင်တွေကို ရေကူညီသယ်ပေးဖို့က သိပ်အဆင်မပြေဘူးဗျ။ ကျတော်တို့ ရေလှူနေတာကိုလည်းရပ်နားထားရတယ်။မဖြစ်မနေ ရေအရမ်းလိုအပ်နေတဲ့ နေရာလောက်ပဲ လိုက်ကူညီပေးနိုင်တော့မှာပါ။”ဟု စစ်ဘေးရှောင်ကူညီနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် နေထိုင်နေသော စစ်ရှောင် ဉီးရေ (၆)ထောင်ကျော် ရှိကြောင်း သိရသည်။

လက်ရှိ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စက်သုံးဆီဓာတ်ဆီ တစ်ဂါလန်လျှင် ကျပ် နှစ်သောင်းခွဲ ဝန်းကျင် အထိရှိနေသည့်အပြင် စက်သုံးဆီရရန်လည်း ခက်ခဲကာ ဒီဇယ်များလည်း ပြတ်လပ်နေကြောင်း စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

“ ဒီမှာက ဒီဇယ် တစ်ဂါလန် ကို နှစ်သောင်းခွဲ လောက်ဖြစ်နေပြီ။ ဒါပေမယ့် ဆီက ရှိကိုမရှိတာ။ အခက်အခဲကတော့ အများကြီးပါပဲ။ စားဖို့ နောက်သောက်သုံးရေတွေသယ်ဖို့ တော်တော်ခက်သွားပြီ”ဟု ၎င်းက ဆိုသည်။

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် (၆)ထောင်သည် ၂၀၂၅ခုနစ် နိုဝင်ဘာလ၌ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO )တို့ ပူးပေါင်းပြီး ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးလာသည့် စစ်ရှောင်များဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

သဘာဝဘေးဒဏ်ကြောင့် အင်းလေးဒေသ သောက်သုံးရေ ပြဿနာဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ၂နှစ်ဆက်တိုက် ရေဘေးကြုံတွေ့ ရသောကြောင့် သောက်သုံးရေ ပြဿနာဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့်...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

သျှမ်းတောင်တွင် စက်သုံးဆီဈေးကျဆင်းလာသော်လည်း ရပ်ကွက်၊ ကျေးရွာမှောင်ခို စျေးကွက်၌ ဈေးမြင့်နေဆဲ

0
သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ အောင်ပန်း၊ ပင်းတယနှင့် ရွာငံမြို့များတွင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း မှောင်ခိုစျေးကွက် ဆက်လက်စျေးမြင့်တက်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၁ ရက်မှစတင်၍ မြို့ပေါ်စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၅,၀၀၀ ဝန်းကျင်သာရှိလာပြီး လိုသလောက် ဝယ်ယူနိုင်သည့်အခြေအနေဖြစ်လာကြောင်း သိရသည်။ သို့သော် ရပ်ကွက်ထဲနှင့် ကျေးရွာအများစုတွင်...

လေယာဉ်ခရီးစဉ်များ ရုတ်တရက်ဖျက်သိမ်းမှုကြောင့် ခရီးသွားလုပ်ငန်းရှင်များ ဆုံးရှုံးမှုကြီးမား

0
လောင်စာဆီဈေး မြင့်တက်မှုကြောင့် ထိုင်းနှင့် ပြည်ပလေကြောင်းလိုင်းများက လေယာဉ်ခရီးစဉ်များကို ရုတ်တရက် ဖျက်သိမ်းနေခဲ့ကြောင်း သတင်းရရှိသည်။​ ထိုဖျက်သိမ်းမှုကြောင့် ခရီးသွားလုပ်ငန်းရှင်များမှာ ဟိုတယ်နှင့် ခရီးသွားစရိတ်များ ဆုံးရှုံးနေရသဖြင့် အစိုးရက ကြားဝင်ဖြေရှင်းပေးရန် ထိုင်းခရီးသွားလုပ်ငန်းကိုယ်စားလှယ်များအသင်း (TTAA) က တောင်းဆိုကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြသည်။ ယခုလအတွင်း Thai AirAsia X၊ Vietjet...