နမ္မတူမြို့နယ်က ကျေးလက်နေအိမ် ၂ လုံး လက်နက်ကြီးကျည်ထိမှန် မီးလောင်ပြာကျ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စု မိုင်းမုရွာမှာ အစိုးရတပ်နဲ့တပ်ပေါင်းစုတွေကြားတိုက်ပွဲကြောင့် နေအိမ် ၂ လုံးလက်နက်ကြီးကျည်ထိမိ မီးလောင်ပျက်စီးခဲ့ရပါတယ်။

Photo by Mansan Youth- တိုက်ပွဲကြောင့် လက်နက်ကြီးကျည်ထိမိပျက်စီးမီးလောင်သွားတဲ့ မိုင်းမုရွာက နေအိမ်
Photo by Mansan Youth- တိုက်ပွဲကြောင့် လက်နက်ကြီးကျည်ထိမိပျက်စီးမီးလောင်သွားတဲ့ မိုင်းမုရွာက နေအိမ်

မတ်လ ၂၇ ရက်နေ့လည်ပိုင်းက တပ်ပေါင်းစုခေါ် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲကြောင့်နေအိမ် အပေါ် လက်နက်ကြီးကျည်ကျရောက်ထိမှန်ခဲ့တာဖြစ်ပါတယ်။

ဦးလုံးဆန်ပေါ်ရဲ့နေအိမ်နဲ့ စိုင်းနော်မိန်း – နန်းမွမ်းခမ်းရဲ့နေအိမ်တွေဖြစ်ပြီး လူသူထိခိုက် ဒဏ်ရာရမှုတော့မရှိဘူးလို့သိရပါတယ်။

“ပစ္စည်းတွေဘာတွေတော့ ဘာမှမရလိုက်ဘူး။ စပါးတွေရော၊ မြေသြဇာတွေရော၊ လယ်ထွန်စက်တွေ၊ မြက်ရိတ်စက်တွေ၊အိမ်မွေးကြက်ဝက်တွေအကုန်ဆုံးရှုံးသွားတယ်။ ဘာမှမရလိုက်ဘူး။ လူတော့ ပြီးခဲ့တဲ့ရက်တွေကတည်းက မန်စံဘက်ရှောင်နေလို့ရွာမှာမရှိဘူး။ လူတော့မထိဘူး ”- လို့ အိမ်ရှင် တွေကပြောပါတယ်။

တိုက်ပွဲဟာ ယခုတပတ်အတွင်း ဆက်တိုက်ဖြစ်ပွါးနေလို့ ရွာသားတွေဟာ မန်စံအုပ်စု မန်ဟောင်ဘုန်းကြီး ကျောင်းကို ပြီးခဲ့တဲ့ရက်တွေကတည်းကသွားရောက် ခိုလှုံနေကြရကြောင်းသိရပါတယ်။

“ဘယ်သူကပစ်လိုက်တဲ့ကျည်လည်းတော့မသိဘူးလေ။ ဒီမှာက ၃ ဖက် ၃ တန်ရှိနေတာကိုး။ တပ်ပေါင်းစုရယ်၊ RCSS ရယ် အစိုးရတပ်ရယ် ၃ ခုလုံးကရွာဘက်မှာလှုပ်ရှားနေတော့ ။ မနေ့ကလည်း လုံမိတ်ရွာသားတွေ တိုက်ပွဲကြောင့်ထွက်ပြေးတာ မန်မိုင်ရွာနားအရောက် လမ်းမှာသူတို့ထော်လာဂျီဖြတ်သွားတဲ့နေရာနားမှာ လက်နက်ကြီးကျည်ကျလို့ ထော်လာဂျီမှောက်သွားတယ်။ သားအမိမြေးအဖွား ၃ ယောက်ဒဏ်ရာအပြင်းအထန်ရပြီးအခု လားရှိုးဆေးရုံမှာ ” – လို့ စစ်ဘေးရှောင် နန်းအေးက ပြောပါတယ်။

Photo Mansan Youth- လက်နက်ကြီးကျည်ကြောင့် စစ်ရှောင်ရဲ့ထော်လာဂျီတစီးတိမ်းမှောက် ယာဉ်မောင်းအပါအဝင် စစ်ရှောင်  ၄ ဦးဒဏ်ရာရ
Photo Mansan Youth- လက်နက်ကြီးကျည်ကြောင့် စစ်ရှောင်ရဲ့ထော်လာဂျီတစီးတိမ်းမှောက် ယာဉ်မောင်းအပါအဝင် စစ်ရှောင် ၄ ဦးဒဏ်ရာရ

လက်ရှိမှာ မန်စံရွှေစကားဝါမြောက်ကျောင်းမှာ လုံမိတ်ရွာနဲ့ မိုင်းမုရွာကစစ်ဘေးရှောင် ၄၀ ကျော်၊ မန်စံ TEC ဘော်ဒါဆောင်မှာ ကောင်းဟုန်းရွာက စစ်ဘေးရှောင် ရ၀ ကျော်ရှိနေပြီး လက်ရှိမှာ မန်စံမှာ စစ်ဘေးရှောင်ရွာသား စုစုပေါင်း ၁၂၀ ကျော်ရှိနေတယ်လို့သိရပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

မောက်မယ်မြို့နယ်တိုက်ပွဲဖြစ်ပြီး၊ PNO က စစ်မှုထမ်းအသည်းအသန် ခေါ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း မောက်မယ်မြို့နယ် အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) နှင့် ပအိုဝ်းပြည်သူ့စစ် (PNA/PNO)တို့ တိုက်ပွဲဖြစ်ပြီးနောက် PNOက စစ်မှုထမ်း အသည်းအသန်း ထပ်မံခေါ်ယူနေကြောင်း သတင်းရရှိသည်။ အဆိုပါ PNA/PNO သည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်းနေထိုင်သူများကို အဓိက ပစ်မှတ်ထားခေါ်ယူနေသည်။ “အရင်က PNOထံမှာ စစ်သင်တန်း သွားတက်ထားတဲ့...

မိုးကုတ် စစ်ကော်မရှင်တပ် အင်အားဖြည့် စစ်ကြောင်းထိုး၊ PDF တပ်များနှင့် ထိတွေ့တိုက်ပွဲပြင်းထန်

0
သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ်ရှိ မိုးကုတ်မြို့တွင် စစ်ကော်မရှင်တပ်ဘက်မှ အင်အားဖြည့် စစ်ကြောင်းထိုးခြင်းကြောင့် တော်လှန်ရေးအင်အားစု PDF တပ်များနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၈ ရက်) နံနက်ပိုင်းမှ စတင်၍ မိုးကုတ်မြို့နယ်ရှိ ချောင်းကြီးနှင့် ရှမ်းကုန်းစံ ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစု PDF တပ်များ...
MDY-PDF In Front of Mong Mit Signboard

မိုးမိတ်တွင် KIA ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်ကြား လက်နက်ကြီး အပြန်အလှန်ပစ်ခတ်

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ် KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့အကြား လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၃၀ ရက်) နံနက် ၈ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့နယ်ရှိ မိုးဟောက်နှင့် ပသင် ကျေးရွာအုပ်စုဘက်တွင် ကချင်လွတ်လပ်ရေးတပ်...