Tuesday, January 27, 2026

ဆိုလာပြားဖြင့် လက်ကိုင်ဖုန်း အားသွင်းရာမှ မီးလောင်မှု ဖြစ်ပွား

သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ် နားလုံကျေးရွာတွင် ဆိုလာပြားဖြင့် လက်ကိုင်ဖုန်း အားသွင်းရာမှ မီးလောင်မှု ဖြစ်ပွားကာ အမျိုးသမီး ငယ် တဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇွန် ၁ ရက်နေ့က နားလုံကျေးရွာ တွင် ဆိုလာပြားနှင့် ချိတ်ထားသည့် ဘတ္ထရီ အိုးဖြင့် လက်ကိုင်ဖုန်း အားသွင်းစဉ် အပူလွန်ကဲရာ မှ ဖုန်းပေါက်ကွဲကာ အသက် ၁၅ နှစ် အရွယ်ရှိ နန်းခမ်းပိုင်း မီးလောင်ကာ သေဆုံးခဲ့ကြောင်း ဟိုးပုံမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

“ ဆိုလာပြားနဲ့ ချိတ်ထားတဲ့ ဘတ္ထရီ အိုး ကနေ ဖုန်း အားသွင်းတယ်။ အဲ့မှာ ဖုန်းက အပူလွန်ပြီး ပေါက်ကွဲ တယ်။ အိပ်ယာခင်းကို မီးကူးပြီး မီးလောင်သွားတာပါ” ဟု ဟိုပုံးမြို့မ ရဲစခန်း က တာဝန်ရှိသူတဦးကပြောသည်။

အဆိုပါ အိမ်မီးလောင်မှုကို မိသားစု ဝင်များနှင့် အိမ်နီးနားချင်းများက မီးကူဝိုင်းငြိမ်းသတ်ခဲ့ပြီး၊ အသက် ၁၅ နှစ်အရွယ် နန်းခမ်းပိုင်းကိုမူ မီးလောင်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း၊ ထို မိန်းကလေး မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့သဖြင့် ဟိုပုံးမြို့မ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ / ၃၀၄ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်နေကြောင်း ရဲစခန်းမှ သိရသည်။

မေ ရ ရက်နေ့တွင်လည်း သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဝါယာရှော့ကြောင့် ဖုန်းအားသွင်းရာမှ မီးလောင်မှု ဖြစ်ပွားကာ အသက် ၃၀ ကျော် အမျိုးသားနှင့် အမျိုးသမီး သေဆုံးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...

မူဆယ်မြို့တွင် ဆိုလာပြားဘတ္ထရီ ပေါက်ကွဲမှုကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆိုလာပြားဖြင့် ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲပြီး ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၁ ရက်) ညနေ ၆ နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီ အဝေးပြေးကားကြီးဝင်းနှင့် ခိုင်ဇာနန်းတော် ဟိုတယ် အနီးပတ်ဝန်းကျင်ရှိ နေအိမ်တစ်လုံးတွင်...

တန့်ယန်းမြို့ထဲ ဆိုလာပြားဘတ်ထရီမှတဆင့် နေအိမ်မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ပေါ်တွင် ဆိုလာပြားဘက်ထရီ လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၀ ရက်) နံနက် ၈ နာရီခွဲဝန်းကျင်တွင် တန့်ယန်းမြို့ ရပ်ကွက် (၂) ရှိ နေအိမ်တစ်လုံးတွင် ဆိုလာပြားဘတ်ထရီမှ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

ပင်လောင်းမြို့ ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံး၊ နှစ်ဦး အပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သစ် သပြေကုန်းအုပ်စု ဧဒင်ကျေးရွာတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံးပြီး၊ နှစ်ဦးအပြင်းထန် ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ( ဩဂုလတ် ၂၇) ရက် နံနက် ၂ နာရီ လူအိပ်ချိန်တွင် ရုတ်တရက် တောင်ပြိုပြီး တောင်ကျရေနှင့်အတူ ကျောက်တုံး၊...