Tuesday, January 27, 2026

ဘန်ကောက်မြို့ Central World ကုန်တိုက်မီးလောင် လူ ၃ ဦးသေ ၇ ဦး ဒဏ်ရာရ 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် ပရထွန်းဝမ်းမြို့နယ်ရှိ Central World ဟိုတယ်နှင့်ကုန်တိုက်တွင် မီးလောင်မှုဖြစ်ပွါးရာ လူ ၃ ဦးသေဆုံးမှုရှိပြီး ရ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်းသိရသည်။

Photo by Khao Sod- Central World ကုန်တိုက်မီးလောင်နေစဉ် လူတဦးခုန်ချနေပုံကို Khao Sod ထိုင်းသတင်းတွင်ဖော်ပြထားသည်
Photo by Khao Sod- Central World ကုန်တိုက်မီးလောင်နေစဉ် လူတဦးခုန်ချနေပုံကို Khao Sod ထိုင်းသတင်းတွင်ဖော်ပြထားသည်

ဧပြီလ ၁၀ ရက် ထိုင်းနိုင်ငံစံတော်ချိန် ညနေ ၅ နာရီ ၄၅ မိနစ်တွင် အထပ်ပေါင်း ၁၆ ထပ်ရှိ Central World ကုန်တိုက်၏ အထပ်နံပတ် ၈ မှ မီးလောင်မှုဖြစ်ပွါးခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရုပ်သံလိုင်းများတွင်ဖော်ပြသည်။

တာဝန်ရှိရဲများက အထပ်နံပတ် ၈ ရှိ ကားပါကင်မှ မီးစလောင်သည်ဟုဆိုသူများရှိသကဲ့သို့ စာရွက်စာတမ်းများ သိုလှောင်ထားသည့်အခန်းမှ မီးစတင်လောင်ကျွမ်းသည်ဟုလည်းပြောဆိုနေကြသည်။ သို့သော် လက်ရှိအချိန်အထိ မီးလောင်ကျွမ်းရခြင်းအကြောင်းရင်းကို တရားဝင်ကြေငြာခြင်းမရှိသေးပေ။

Central-world

သို့သော် ထိုင်းနိုင်ငံစံတော်ချိန် ည ၈ နာရီအချိန်တွင်မူ – မီးလောင်ကျွမ်းသည့် ၈ ထပ်မှ ခုန်ချသဖြင့် လူ ၁ ဦးပွဲချင်းပြီးသေဆုံးပြီး ၂ ဦးမှာ ကျူလားလုံးကွန်းဆေးရုံအရောက်တွင် သေဆုံးခဲ့ရကြောင်း၊ လူ ရ ဦးမှာ မီးခိုးမွန်ကာဒဏ်ရာရရှိသဖြင့် ရဲဆေးရုံတွင် ၅ ဦး ရတ်ချဝိထီဆေးရုံတွင် ၂ ဦး ဆေးကုသမှုခံယူနေကြောင်းထုတ်ပြန်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...

မူဆယ်မြို့တွင် ဆိုလာပြားဘတ္ထရီ ပေါက်ကွဲမှုကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆိုလာပြားဖြင့် ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲပြီး ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၁ ရက်) ညနေ ၆ နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီ အဝေးပြေးကားကြီးဝင်းနှင့် ခိုင်ဇာနန်းတော် ဟိုတယ် အနီးပတ်ဝန်းကျင်ရှိ နေအိမ်တစ်လုံးတွင်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

ဘတ်ငွေ သန်း ၅၀၀ ကျော်ဖြင့် လည်ပတ်နေသော အွန်လိုင်းလောင်းကစားကွန်ရက်ကို ဒွန်မောင်းတွင် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းဧရိယာအတွင်း တစ်လလျှင် ဘတ်ငွေ သန်း ၅၀၀ ကျော်ဖြင့်လည်ပတ်နေသော တရားမဝင် အွန်လိုင်းလောင်းကစားရုံတစ်ခုအား ဝင်ရောက်စီးနင်းခဲ့ပြီးလောင်းကစားကွန်ရက်အတွင်း ပါဝင်နေသူ ၂၀၀ ဦးခန့် ဖမ်းဆီးရမိကြောင်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ သြဂုတ် ၂၇ ရက် ညအချိန်တွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဖွမ်ထမ်း...

ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲ လေကြောင်းဗုံးကြောင့်မီးလောင်နေ၊ ပိတ်မိပြည်သူ ထိခိုက်သေဆုံးမှုများ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲသို့ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲခြင်းကြောင့် ဈေးအနီးရှိ ကုန်မာဆိုင်နှင့် နေအိမ်များ မီးလောင်နေပြီး ပိတ်မိပြည်သူ ထိခိုက်သေဆုံးမှုများကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၃ ရက်) နံနက်ပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲသို့...