Tuesday, January 27, 2026

သီပေါ-လားရှိုးကားလမ်း ဘေးရှိ မောက်တောင်းရွာဘုန်းကြီးကျောင်းမီးလောင် ဆုံးရှုံးမှုတန်ဖိုး သိန်းပေါင်း ၂ ထောင်ကျော်ရှိ  

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ မောက်တောင်းအုပ်စု မောက်တောင်းရွာ ဘုန်းကြီးကျောင်းအား မီးလောင်ရာတွင် ရှေးဟောင်းဘုရားဆင်းထုတော်များအပါအဝင် ကာလတန်ဖိုးကျပ်သိန်းပေါင်း ၂၀၀၀ ကျော်ခန့်ဆုံးရှုံးကြောင်းသိရသည်။

သီပေါမြို့နယ်အတွင်းရှိ မောက်တောင်းအုပ်စု မောက်တောင်းရွာ ဘုန်းကြီးကျောင်းအား မီးလောင်နေစဉ် (Photo by Tai Hun Mai)

မတ်လ ၁၄ ရက် ည ၁၁ နာရီကျော်အချိန်က အဆိုပါဘုန်းကြီးကျောင်းအားမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူသူထိခိုက်ဒဏ်ရာရမှုတော့မရှိဟု ဆိုပါသည်။

သီပေါဒေသခံနန်းစမ်ခမ်းက – ကျောင်းထိုင်ဆရာတော်က ကျောင်းမှာမရှိဘူး။ ခမည်းတော်နေမကောင်းလို့ ရွာပြန်ပြုစုနေတာ ၃ ရက်ရှိပြီ။ ကိုယ်ရင်ငယ်လေးတွေဘဲရှိတယ်။ ဖယောင်းတိုင်မီးလို့ရွာခံတွေကပြောတယ်။ ကျောင်းက သစ်မာကြီးတွေနဲ့လုပ်ထားတာမို့လို့ ဆုံးရှုံးမှုတန်ဖိုးများတာ။ ရှေးဟောင်းပစ္စည်းတွေ ဗုဒ္ဓဆင်းထု တော်တွေ ဘာမှမရလိုက်ဘူး။ ကိုယ်ရင်ငယ်လေးတွေဖိနပ်တောင်မရလိုက်ဘူးလေ။ – ဟု သျှမ်းသံတော်ဆင့် အားပြောပြသည်။

သီပေါမြို့နယ်အတွင်းရှိ မောက်တောင်းအုပ်စု မောက်တောင်းရွာ ဘုန်းကြီးကျောင်းအား မီးလောင် ပြီးနောက် (Photo: Tai Hun Mai)

လက်ရှိတွင် ကိုယ်ရင်ငယ်များမှာ ကျောင်းဝင်းအတွင်းရှိ ဇရပ်နှင့်သိမ်ကျောင်းများတွင် တည်းခိုနေထိုင်နေရသည်ဟုလည်းသိရသည်။

အဆိုပါ ရှေးဟောင်းကျောင်းကြီးမှာ သီပေါမြို့-လားရှိုးကားလမ်းမ ပေါ်၊ သီပေါမှ မိုင် ၄၀ ကျော်အကွာ၊ လားရှိုးမြို့နှင့် မိုင် ၂၀ ကျော်အကွာတွင်တည်ရှိပြီး မောက်တောင်းအုပ်စု ဟန်နားရွာနှင့် နမ့်မရွာအကြားတွင်တည်ရှိပါသည်။

အိပ်ချိန်မို့လို့ ကိုယ်ရင်ငယ်လေးတွေတောင် မနိုးဘူး။ ရွာသားတွေလာနိုးမှ လန့်ဖြန့်ထပြေးကြတယ်။ ရွာသားတွေနဲ့ လားရှိုးက မီးသတ်ကားတွေဝိုင်းကူ မီးငြိမ်းသတ်နိုင်လို့သာ ။ မဟုတ်ရင်မောက်တောင်းရွာ ထဲကူးရင်တော့ခက်ပြီလေ။ – ဟု ဆက်ပြောသည်။

မောက်တောင်းရွာရှိ ဘုန်းကြီးကျောင်းသည် ယခင်ကလည်း မီး ၂ ကြိမ်လောင်ကျွမ်းခဲ့ဖူးပြီဖြစ်ကြောင်း၊ ယခုတကြိမ်မီးလောင်ခြင်းမှာ အကြီးမားဆုံးလောင်ကျွမ်းမှုဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုးလည်းအကြီးမား ဆုံးဖြစ်ကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...

မူဆယ်မြို့တွင် ဆိုလာပြားဘတ္ထရီ ပေါက်ကွဲမှုကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆိုလာပြားဖြင့် ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲပြီး ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၁ ရက်) ညနေ ၆ နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီ အဝေးပြေးကားကြီးဝင်းနှင့် ခိုင်ဇာနန်းတော် ဟိုတယ် အနီးပတ်ဝန်းကျင်ရှိ နေအိမ်တစ်လုံးတွင်...

စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

0
စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။ ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။ “ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...