Tuesday, January 27, 2026

ခိုလမ်တွင် နေအိမ်တလုံးမီးလောင်  

သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲတွင် စျေးအနီးနေအိမ်တလုံးမီးလောင်မှုဖြစ်ပွါးရာ ဒေသခံများစိုးရိမ်ထိတ်လှန့်မှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။

မီးလောင်မှုဖြစ်ပွါးသည့် ရပ်ကွက် ၄ ခိုလမ်မြို့ရှိနေအိမ်အား မီးသတ်နှင့်ဒေသခံများက မီးငြိမ်းသတ်နေကြစဉ်

မတ်လ ၁၃ ရက် ယနေ့နေ့လည်ပိုင်းက ရပ်ကွက် ၄ ရှိ ဦးလုံးဆုပညာ ပါ့နန်းခမ်းအောင်တို့၏နေအိမ်အား မီးလောင်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် လူထုထိခိုက်ဒဏ်ရာရမှုတော့မရှိခဲ့ကြောင်း မီးလောင်သည့်အိမ်အနီးတွင်နေထိုင်သည့် ခိုလမ်ဒေသခံလူငယ် စိုင်းဆေ က သျှမ်းသံတော်ဆင့်အားပြောသည်။

“၂ ထပ်ခွဲရှိတယ်သူတို့အိမ်က။ အိမ်အပေါ်ထပ်မှာဝုန်းခနဲမြည်ပြီး မီးထ လောင်တာ။ မီးသတ်ကား ၂ စီးနဲ့ ဒေသခံလူထုအင်အားနဲ့ငြိမ်းသတ်လို့ ၁ နာရီလောက်အကြာမှာမီးညွှန့်ကျိုးသွားတယ်။ အိမ်အောက်ထပ်မှာက အသုံးအဆောင်ကုန်ပစ္စည်းရောင်းတယ်လေ။ တော်သေးတယ်မီးမကူးလို့။အဲတာကြောင့် ဆုံးရှုံးမှုတော့ သိပ်မများဘူး။ ဖြစ်ချင်တာက အိမ်ရှင်ကခရီးထွက်နေတယ်။ ဆိုင်စောင့်အမကြီးတယောက်နဲ့ ကလေး ၂ ယောက် ၃ ယောက်ဘဲရှိတယ်။ ” – ဟု စိုင်းဆေကပြောသည်။

မီးလောင်မှုဖြစ်ပွါးသည့် ရပ်ကွက် ၄ ခိုလမ်မြို့ရှိနေအိမ်အား မီးသတ်နှင့်ဒေသခံများက မီးငြိမ်းသတ်နေကြစဉ်

အခင်းဖြစ်ပွါးချိန်တွင် နေအိမ်အပေါ်ထပ်တွင် လူမနေကြောင်း ၊ ဆိုင်အတွင်းတွင်သာရှိနေကြကြောင်း ဆိုင်စောင့်သည့် ပါ့နန်းခမ်း ကပြောသည်။

မီးလောင်မှုဖြစ်ပွါးရသည့်အကြောင်းရင်းကိုမူ စုံစမ်းနေဆဲဖြစ်ပြီး မီးထိန်းစက်ကြောင့်ဖြစ်သည်ဟု အာဏာပိုင်များက ကနဦးမှတ်ချက်ပြုထားကြောင်းလည်းသိရသည်။

မီးလောင်မှုဖြစ်ပွါးသည့်အိမ်သည် စျေးအနီး မြို့လယ်ပိုင်းတွင် ကျနေပြီး မီးလောင်နေချိန် လေလည်းတိုက်ခတ်သဖြင့် မီးကူးစက်မည်ကို ဒေသခံများက စိုးရိမ်ထိတ်လှန့်နေကြသည်ဟုလည်းသိရပါသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...
Mong_Nawng_Intersection

သျှမ်းပြည်အလယ်ပိုင်းတွင် ကျားဖြန့်လုပ်ငန်းများ ဆက်လက်လှုပ်ရှားနေ

0
စစ်ကော်မရှင် ထိန်းချုပ်ထားသည့် သျှမ်းပြည်အလယ်ပိုင်းဒေသတွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ် လုပ်ကိုင်နေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မူဆယ်မြို့တွင် ဆိုလာပြားဘတ္ထရီ ပေါက်ကွဲမှုကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆိုလာပြားဖြင့် ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲပြီး ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၁ ရက်) ညနေ ၆ နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီ အဝေးပြေးကားကြီးဝင်းနှင့် ခိုင်ဇာနန်းတော် ဟိုတယ် အနီးပတ်ဝန်းကျင်ရှိ နေအိမ်တစ်လုံးတွင်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲ လေကြောင်းဗုံးကြောင့်မီးလောင်နေ၊ ပိတ်မိပြည်သူ ထိခိုက်သေဆုံးမှုများ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲသို့ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲခြင်းကြောင့် ဈေးအနီးရှိ ကုန်မာဆိုင်နှင့် နေအိမ်များ မီးလောင်နေပြီး ပိတ်မိပြည်သူ ထိခိုက်သေဆုံးမှုများကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၃ ရက်) နံနက်ပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲသို့...