Tuesday, January 27, 2026

လားရှိုးမြို့ ဖယောင်းတိုင်မီးကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီး

သျှမ်းပြည် လားရှိုးမြို့တွင် ဖယောင်းတိုင်မီးကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဧပြီလ ၈ ရက်) ည ၇ နာရီခန့်တွင် လားရှိုးမြို့ ရပ်ကွက်(၅) ခိုင်ရွှေဝါလမ်းရှိ နေအိမ်တစ်လုံးတွင် ဖယောင်းတိုင်မီးကို အောက်ခံခွက်မပါဘဲ ထွန်းထားရာမှ ငါးထပ်သားကို မီးကူးစက်ပြီး နေအိမ်မီးလောင်ကျွမ်းခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

“မီးလောင်တာကတော့ လူနေအိမ်ပါ။ အပေါ်ထပ်ကတော့ ငါးထပ်ပြား ခင်းထားတော့ စလောင်တာ၊ သူက သုံးထပ်ပြားပေါ်မှာ အောက်ခံခွက် မထားဘဲ ဖယောင်းတိုင်မီး ထွန်းပြီး ရှေ့မှာ မုန့်သွားဝယ်တာ။ အောက်ထပ်ကတော့ သိပ်မလောင်လိုက်ဘူး။ မီးပျက်တော့ မှောင်လို့ အိမ်မှာ ဖယောင်းတိုင်မီးထွန်းတာ”ဟု မီးငြိမ်းသတ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့တွင် ဖယောင်းတိုင်မီးမှတဆင့် မီးကူးစက် လောင်ကျွမ်းခဲ့သည့် နေအိမ်ကို မီးသတ်တပ်ဖွဲ့နှင့် ပရဟိတ လူမှုကူညီရေးအသင်းများက ဝိုင်းဝန်း၍ မီးငြိမ်းသတ်နိုင်ခဲ့ရာ အခြားနေအိမ်များသို့ ကူးစက်ခဲ့ခြင်းမရှိဘဲ လူထိခိုက်မှု မရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် နှစ်ထပ်အုတ်ညှပ် နေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ငွေ ၁၁ သိန်းခန့် ရှိကြောင်း ၎င်းလားရှိုးဒေသခံက ဆက်ပြောသည်။

“ညအိပ်ရင် ဖယောင်းတိုင်မီးတွေ၊ ခြင်ဆေးခွေတွေ ထွန်းပြီး မအိပ်ကြဖို့ပေါ့။ မီးကို အချိန်ပို မသုံးဖို့ပေါ့။ ဥပမာ – မနက်ခင်းဆို ၅ နာရီကနေ ၁၀ နာရီလောက်နဲ့ ညဘက်ဆိုလဲ ထမင်းဟင်း ချက်ပြီးတာနဲ့ မီးကို သေချာငြိမ်းဖို့ လိုတာပေါ့။ ကျန်တဲ့အချိန်တွေ မီးမသုံးဖို့ အဲ့လိုမျိုး သတိပေးချင်တာပေါ့”ဟု လားရှိုးမြို့ဒေသခံ ၎င်းလူမှုကူညီရေးအသင်းဝင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဧပြီလ ၆ ရက်နေ့၌ ကွတ်ခိုင်မြို့နယ် ဟိုပုံကျေးရွာတွင် မိဘအုပ်ထိန်းသူများ အလုပ်သွားနေစဉ် နေအိမ်တွင် ကျန်ရှိခဲ့သည့် ကလေးငယ်များမှ မီးခြစ်ဆော့ကစားရာမှ နေအိမ်တစ်ခုလုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၉ ရက်ကလည်း ကျောက်မဲမြို့၊ ရပ်ကွက်(၂) မန်နား ရှိ စစ်ဘေးရှောင် မိသားစုများ ငှားရမ်းနေထိုင်သည့် နေအိမ်တန်းလျားနှင့် အဝတ်အထည်ဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်များ ဖွင့်လှစ်ထားသည့် နေအိမ်တန်းလျား ၂ လုံးတို့ လျှပ်စစ်မီး ဝါယာရှော့ခ်ကြောင့် မီးလောင်ပျက်စီးသွားကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

လက်ရှိတွင် နွေရာသီကာလ ရောက်ရှိလာခြင်းနှင့်အတူ သျှမ်းပြည်တွင် အပူချိန်များ စံချိန်တင် မြှင့်တက်နေပြီး ရေရှားပါးမှု ပြဿနာများနှင့်လည်း ရင်ဆိုင်နေရခြင်းကြောင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် စနစ်တကျဖြင့် သတိထားသုံးစွဲရန် လိုအပ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...

မူဆယ်မြို့တွင် ဆိုလာပြားဘတ္ထရီ ပေါက်ကွဲမှုကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆိုလာပြားဖြင့် ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲပြီး ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၁ ရက်) ညနေ ၆ နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီ အဝေးပြေးကားကြီးဝင်းနှင့် ခိုင်ဇာနန်းတော် ဟိုတယ် အနီးပတ်ဝန်းကျင်ရှိ နေအိမ်တစ်လုံးတွင်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲ လေကြောင်းဗုံးကြောင့်မီးလောင်နေ၊ ပိတ်မိပြည်သူ ထိခိုက်သေဆုံးမှုများ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲသို့ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲခြင်းကြောင့် ဈေးအနီးရှိ ကုန်မာဆိုင်နှင့် နေအိမ်များ မီးလောင်နေပြီး ပိတ်မိပြည်သူ ထိခိုက်သေဆုံးမှုများကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၃ ရက်) နံနက်ပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲသို့...

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...