Tuesday, January 27, 2026

စစ်ကောင်စီ လေကြောင်းဗုံးကြဲ ကွတ်ခိုင်မြို့မဈေး အားလုံးနီးပါး မီးလောင်

သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ဆိုင်ခန်းပေါင်းအားလုံးနီးပါး မီးလောင်သွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (သြဂုတ် ၅)ရက် ညနေပိုင်း ၃နာရီကျော်တွင် ကွတ်ခိုင်မြို့ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၅ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကာ ကွတ်ခိုင်မြို့မစျေးရှိ ဆိုင်ခန်းပေါင်း အားလုံးနီးပါး မီးလောင်းမှု ဖြစ်ပွားခဲ့ကြောင်း ကွတ်ခိုင်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

‘’စစ်တပ်ဗုံးချတာ ၄/၅ ရပ်ကွက်နဲ့ သစ်တောရုံးတို့ဘက်မှာ ဗုံး ၇လုံးလောက်ချတယ်။ အိမ်ထိခိုက်တာများတယ် ။ ပေါင် ၅၀၀ က မြို့မဈေးထဲနဲ့ ကွတ်ခိုင်လမ်းဆုံတစ်နေရာမှာ ပေါက်ကွဲတော့ လမ်းသွားလာသူကိုထိတော့ ပွဲချင်းပြီး ၅ ဦးဆုံးသွားပြီး ဒဏ်ရာရတဲ့ ၄ ဦးကိုတော့ အနီးစပ်ဆုံးဆေးရုံကို ပို့ပေးတယ်’’ ဟု မြို့နယ်ဒေသခံ အမျိုးသားက ပြောသည်။

ကွတ်ခိုင်မြို့ ပြည်သူများသည် ထိုမီးလောင်းသွားသည့် မြို့မစျေးရှိ စျေးဆိုင်ခန်းကို အားကိုးနေရပြီး၊ ယခုကဲ့သို့ မီးလောင်မှုသည် ပြည်သူများအတွက် ဆုံးရှုံးမှုများဖြစ်ပြီး ခေတ်ကာလ မကောင်းချိန်တွင် ဖြစ်ပွားသဖြင့် ဆိုင်ရှင်များလည်း အခက်အခဲဖြစ်ကြောင်း အသက် ၃၀ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

‘’ပြည်သူတွေက ဆိုင်တွေကိုပဲ အားကိုးဝယ်စားကြတယ်လေ ။ စစ်တပ်က ဗုံးလာကြဲတော့ ပြည်သူတွေ ဒုက္ခရောက်ကုန်ပြီ ကျနော်ရဲ့ သူငယ်ချင်းဆိုင်ဆိုရင် ဆုံးရှုံးမှု သိန်းသောင်းရာချီလောက်ရှိတယ်။ ဖုန်းဆိုင် ၊ ဆေးဆိုင်တွေဆို ဘာတစ်ခုမှမကျန်အောင် မီးထဲပါသွားတယ် ’’ ဟု ၎င်းက ပြောသည်။

ကွတ်ခိုင်မြို့မစျေး မီးလောင်ဖြစ်ပွားနေစဉ် ခိုးဆိုး၊လုယက်မှုတွေ ပစ္စည်းခိုးယူခြင်းတွေမရှိအောင် TNLA တပ်ဖွဲ့ဘက်က လုံခြုံရေးများ တစ်ညလုံးချပေးထားသည်ဟု သိရသည်။

ကွတ်ခိုင်မြို့နေထိုင်သူများအနေဖြင့် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးလာရောက်ထပ်မံကြဲခြင်း၊ တိုက်ပွဲများ ထပ်မံဖြစ်မည်ကို စိုးရိမ်နေကြသည်။

Witness enemy air scoutမှ ယနေ့ (သြဂုတ်လ ၅ ရက်) နေ့လည် ၃ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့ပေါ်၌ စစ်ထောက်ပို့တိုက်ခိုက်သည့် လေယာဉ် Y-12 တစ်စီးပျံဝဲနေကြောင်း ထုတ်ပြန်ခဲ့သည်။

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်စခန်းများအဖြစ် ကျန်ရှိနေသော အမှတ် (၁) စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ် စကခ -၁ ၊ ခြေမြန်တပ်ရင်း ခမရ (၅၀၁) နှင့် (၅၀၂) တို့ ရှိနေသည်။

လက်ကျန်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စခန်းကုန်းအနီးတဝှိက်နှင့် ပတ္တမြားစေတီအနီး၊ ဂေါက်ကွင်းအနီးနှင့် ခမရ -၅၀၁ စခန်းနီးသို့ နှစ်ရက်အတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ၁၆ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့တပ်စခန်းသို့ ထောက်ပို့လေယာဉ် Y 12 ဖြင့် လက်နက်ခဲယမ်း ၂၂ ထုတ် လာရောက်ကြဲချခဲ့ကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...