တောင်ကြီးတွင် စစ်ရှောင်များက တပတ်တစ်ကြိမ် ဧည့်စာရင်းကြေးပေးနေရ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်တွင် စစ်ရှောင်များကို တပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကြေးပေးနေရကြောင်း စုံစမ်းသိရသည်။

ဇွန်လကုန်ခန့်က တောင်ကြီးမြို့သို့ စစ်ရှောင်ရန်ရောက်ရှိနေသော စစ်ဘေးရှောင်များကို တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက တစ်ပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကောက်ခံမှုများရှိနေကြောင်း စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

တောင်ကြီးရောက် စစ်ရှောင်

“ရောက်တာက ၆ လပိုင်းလောက်တည်းကရောက်တာပါ၊ ရောက်တည်းက ဆောင်နေရတာ ကလေးငယ်ပါမကျန် တစ်ယောက်ကို ၂၀၀၀ ပေးရပါတယ် တပတ်တစ်ကြိမ်ကိုပေးနေရတာပါ၊ လာမဆောင်ရင် အိမ်ရှင်ရော အိမ်ငှားရော ၅ သောင်းစီ ဒဏ်ရိုက်မယ်လို့ပြောပါတယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

လက်ရှိတွင် တောင်ကြီးမြို့နှင့် သျှမ်းတောင်ရှိမြို့များသို့ သျှမ်းမြောက်နှင့် ကရင်နီပြည်နယ်မှ စစ်ဘေးရှောင်အများအပြားရောက်ရှိနေပြီး အိမ်ငှားခများဈေးမြင့်လာခြင်း၊ နေရေးထိုင်ရေးအခက်အခဲများရှိခြင်းအပြင် စစ်ကောင်စီလက်အောက်ခံ အဖွဲ့များကလည်း နည်းလမ်းမျိုးစုံဖြင့် တင်းကြပ်မှုများရှိနေသည်။

“လခက တစ်လမှ ၁သိန်းခွဲပဲရတာ၊ အသက်ကြီးမိဘနှစ်ယောက်နဲ့ မုဆိုးမတစ်ယောက် ကလေးတစ်ယောက်နဲ့ တပတ်တစ်ကြိမ်ပေးနေရတော့ အဆင်မပြေတော့ဘူးလေ၊ သူတို့ကို ကိုယ်ချင်းစာတတ်စေချင်တယ်” ဟု စစ်ဘေးရှောင်နေသည့် အမျိုးသမီးက ပြောသည်။

လားရှိုးမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များသည် တောင်ကြီးမြို့ပေါ်ရှိ ဆွေမျိုးအိမ်များတွင် နေထိုင်ကြသကဲ့သို့ ဆွေမျိုး မရှိသည့် စစ်ဘေးရှောင်များမှာ ဘုန်းကြီးကျောင်းများကိုသာ အားကိုးနေရသလိုအချို့ ဘုန်းကြီးကျောင်းများသည် စစ်ဘေးရှောင်များ လက်မခံမှုများလည်းရှိကြောင်း စစ်ရှောင်များထံမှသိရသည်။

လက်ရှိအချိန်ထိ သျှမ်းပြည် မြောက်ပိုင်းတကြောတွင် စစ်ကောင်စီဘက်မှ လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ရှိနေသေးသဖြင့် စစ်ရှောင်များ နေရပ်ပြန်ရန် ခက်ခဲနေသေးကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ညောင်ရွှေတွင် ဧည့်စာရင်းစစ်ပြီး စစ်ကော်မရှင်က ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး နယ်ခံမဟုတ်သူများကို ဖမ်းဆီပေါ်တာဆွဲနေကြောင်း ဒေသခံများပြောသည်။ ပြီးခဲ့သည့် မေလ၂၁ရက်တွင် ညောင်ရွှေမြိုနယ် အင်းလေးဒေသ နန်းပန်မြို့မှ အသက် ၃၀ ကျော် လင်မယားနှစ်ဦးသည် ညောင်ရွှေမြို့တွင် သွားရောက်တည်းခိုစဉ် စစ်ကော်မရှင်တပ်က ဧည့်စာရင်းဝင်စစ်ကာ ဖမ်းဆီးသွားကြောင်း ၎င်းအသိမိတ်ဆွေ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...