သျှမ်းမြောက်နှင့် ကရင်နီတွင် စစ်ပွဲများ ပြင်းထန်နေသော်လည်း သျှမ်းတောင်တွင် ခရီးသွား များပြား

သျှမ်းပြည် မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ေရးနှင့် ကရင်နီပြည်တွင် ၁၁.၁၁ စစ်ဆင်ရေး ဆင်နွှဲနေချိန် တိုက်ပွဲများ ဖြစ်ပွား ပြင်းထန်လျက်ရှိသော်လည်း သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ခရီးသွား ဧည့်သည် များပြားပြီး တည်းခိုခန်းနှင့်ဟိုတယ်များတွင် အခန်းများ ပြည့်လျက်ရှိကြောင်း စုံစမ်းသိရသည်။

တောင်ကြီး တန်းဆောင်တိုင်ပြုလုပ်မည့်နေရာ

သျှမ်းတောင်ရှိ ဒေသများသို့ နှစ်စဥ်နှစ်တိုင်း ဆောင်းဦးရာသီအတွင်း ခရီးသွား ဧည့်သည် လာရောက် မှု ပိုမိုများပြီး အဓိကအားဖြင့် တောင်ကြီးမြို့တွင် ကျင်းပမည့် တန်ဆောင်တိုင်ပွဲနှင့် ကလော၊ အင်းလေး ဒေသများသို့ သွားလာ လည်ပတ်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးထံမှ သိရှိရသည်။

“အခုက ခရီးသွားရာသီလည်း ဖြစ်တော့ ဟိုတယ်တွေမှာ ဧည့်သည်တွေက အပြည့်ပဲ။ နယ်ဝေးကနေ ကြိုပြီး ဘွတ်ကင် ယူထားကြတာလည်း ရှိသလို ရောက်နေကြတဲ့သူတွေလည်း အများကြီးပါပဲ။ တန်ဆောင်တိုင်ပွဲအတွက် လာကြတာ‌ပေါ့။ တန်‌ဆောင်တိုင်ပြီးတဲ့အထိ နေကြဖို့များတယ်။ ပွဲချိန်ပြီးရင်တော့ ကလော၊ အင်းလေးတို့ကို ဆက်သွားလည်ကြတယ်။” ဟု ၎င်းမှ ပြောသည်။

တောင်ကြီး တန်းဆောင်တိုင် ပြုလုပ်မည့်နေရာ

ခရီးသွားဧည့်သည်များမှာ နေရာအနှံ့ ပြည်နယ်အနှံ့မှ ဖြစ်ကြောင်း သိရှိရသည်။ ယခုကဲ့သို့ တိုက်ပွဲများဖြစ်ပွားပြီး လမ်းခရီး အခြေအနေ မကောင်းသော်လည်း ခရီးသွားလာမှု များသည့်အပေါ် ဒေသခံများမှ ဝေဖန်မှုလည်း ရှိနေသည်။

“တန်ဆောင်တိုင်ပွဲက သုံးနှစ်လောက် နားထားတာ၊ အခု စစ်ကောင်စီက ပွဲကို စည်စည်ကားကား ပြန်လုပ်ခိုင်းနေ‌တာပေါ့။ မနှစ်က ပွဲလုပ်သေးပေမယ့် မစည်ဘူး။ လက်ရှိ အခြေအနေတွေကလည်း သိပ်မကောင်းတော့ ကျမတို့တော့ မသွားရဲဘူး။ နယ်ဝေးက သူတွေလည်း လာလည်ကြသလို ဒီအနီးအနား ဒေသက သူတွေဆို မြို့ပေါ်က အသိ၊ ဆွေမျိုးအိမ်တွေမှာ ပွဲလည်ဖို့ လူအုပ်လိုက်ကြီး လာနေတာတွေလည်း ရှိတယ်” ဟု ဒေသခံ တစ်ဦးမှ ထပ်လောင်းပြောပြသည်။

ယခုလက်ရှိတွင် စစ်ကောင်စီမှ ဦးဆောင်၍ တောင်ကြီး တန်ဆောင်တိုင်ပွဲကို နိုဝင်ဘာ (၂၁) ရက် မှ (၂၇)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ထိုပွဲသို့ ပြည်သူများ ပါဝင်ခြင်းမပြုရန် တော်လှန်ရေးလုပ်နေသူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တောင်းဆိုထားသည်။

နော်လာဝါ မှ သတင်းပေးပို့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...