Wednesday, January 28, 2026

ရွာငံမြို့နယ် ဖမ်းဆီးမှု များလာပြီးနောက် ညမထွက်ရ အမိန့်ကို ထုတ်ပြန်လာ

သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ်အတွင်းတွင် စစ်ကောင်စီ တပ်သားများက အရပ်သား ပြည်သူများကို လိုက်လံဖမ်းဆီးမှု များပြား လာပြီးနောက် ည မထွက်ရ အမိန့်ကို ထပ်မံ ထုတ်ပြန်လာကြောင်း ဒေသခံများ ထံမှ သိရသည်။

ရွာငံမြို့

ယခုဧပြီလမှ စတင်ကာ ရွာငံမြို့နယ်အတွင်းတွင် ည ၈ နာရီမှ မနက် ၄ နာရီ အထိ အပြင်မထွက်ရ အမိန့်ကိုကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အမိန့်ပေး ညွှန်ကြားလာကြောင်း ဒေသခံများက ပြောသည်။

“အုပ်ချုပ်ရေးမှူးတွေကတော့ ဖမ်းတာ ဆီးတာတွေ မခံရဖို့အတွက် အပြင်မထွက်တာပဲ ကောင်းတယ်ပေါ့၊ အခုလည်း အထက်က ညွှန်ကြားလာတာလို့ ပြောထားတယ်၊ အရေးကြီးလို့ အပြင်ထွက်ရင်တောင်မှ သက်ဆိုင်ရာ လူကြီးတွေကို အသိပေးပြီးမှ ထွက်ခိုင်းတယ်” ဟု အမည်မဖော်လိုသူ ရွာငံ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ရွာငံမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လိုက်လံဖမ်းဆီးမှုများလည်း တစ်နေ့တစ်ခြား များပြား လာပြီး စစ်သားများလည်း ရွာဘုန်းကြီးကျောင်းထဲ ဝင်ရောက်နေရာယူမှု ရှိနေကြောင်း ဒေသခံများက ပြောသည်။

“ စစ်သားတွေက ဘုန်းကြီးကျောင်းမှာပဲနေပြီး ဘုန်းကြီးကျောင်းမှာပဲ ချက်စားကြတယ်၊ ရွာထဲမှာလည်း နေရာယူထား တာရှိ တယ်၊ ပြီးတော့ အုတ်တွင်းကျေးရွာ၊ သိမ်ကုန်းကျေးရွာ နဲ့ အဲ့ရွာအရှေ့ဘက်တွေမှာလည်း စစ်သားတွေက နေရာ ယူထားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်တွင် စစ်ကောင်စီမှ ဖမ်းဆီးသွားသည့် ရွာငံမြို့နယ် ကျောက်ဂူပြင်ကျေးရွာမှ အရပ်သား ၉ ဦးသည် ယနေ့ အထိ အဆက်အသွယ်မရကြသေးကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်တွင်လည်း စစ်အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီ တပ်ဖွဲ့သည် ရွာငံမြို့နယ်ရှိ အလယ်ချောင်ကျေးရွာ နှင့် ငှက်သောက်ရွာရှိ နေအိမ်များကို ဝင်ရောက်ရှာဖွေခြင်းများ ပြုလုပ်ပြီး တချို့အိမ်ကိုလည်း မီးရှို့ဖျက်ဆီးမှု ရှိခဲ့သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့ထိ စစ်အာဏာသိမ်း ကာလအတွင်း စစ်ကောင်စီ နှင့် လက်အောက်ခံ အဖွဲ့အစည်းများ က မီးရှို့ဖျက်ဆီးမှုကြောင့် သျှမ်းပြည်မှ အရပ်သားပြည်သူ နေအိမ်ပေါင်း ၁၃၅ အိမ် ရှိနေပြီး ရွာငံမှ ၁၈ အိမ် ရှိနေကြောင်း Data for Myanmar က မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...

တောင်ကြီးမြို့သို့ အလုပ်လာရောက်သည့် အမျိုးသမီးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဩတချောင်း နယ်မြေ (၅) ရွှေကြယ်မုန့်ဆိုင်တွင် အလုပ်လာလုပ်သည့် အသက် (၂၀) အရွယ်ရှိ မစုပြည့်အောင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ အဆိုပါ မစုပြည့်အောင်သည် အင်းလေးဒေသ ညောင်ရွှေမြို့နယ် ပုံ့မှုကျေးရွာအုပ်စု ကျောင်းနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဦးဝင်းဖေ၊ ဒေါ်ငွေရင်တို့၏ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း...

တောင်ကြီးပညာပါရမီ မိဘမဲ့ကျောင်းဖြတ်ပိုင်းဖြင့် လိမ်လည်အလှူခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပညာပါရမီ မိဘမဲ့ကျောင်းအတွက် အလှူခံဟုဆိုကာ လိမ်လည်တောင်းခံနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ (၁၂) ရက်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာဘက်တွင် အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် နေအိမ်ခြံဝန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ မိဘမဲ့ကျောင်းအတွက်ဆိုကာ...

တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီးနောက် စစ်အင်အားထပ်ဖြည့်

0
သျှမ်းပြည် တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီးနောက် စစ်အင်အား ထပ်မံဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီး နယ်မြေ မငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်ရန် မှာကြားပြီးနောက် စစ်အင်အား...

တောင်ကြီးတွင် စစ်ရှောင်များက တပတ်တစ်ကြိမ် ဧည့်စာရင်းကြေးပေးနေရ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်တွင် စစ်ရှောင်များကို တပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကြေးပေးနေရကြောင်း စုံစမ်းသိရသည်။ ဇွန်လကုန်ခန့်က တောင်ကြီးမြို့သို့ စစ်ရှောင်ရန်ရောက်ရှိနေသော စစ်ဘေးရှောင်များကို တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက တစ်ပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကောက်ခံမှုများရှိနေကြောင်း စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ရောက်တာက ၆ လပိုင်းလောက်တည်းကရောက်တာပါ၊ ရောက်တည်းက...