တောင်ကြီးတွင် စစ်ရှောင်များ ဆောက်လုပ်ထားသောစာသင်ဆောင်နှင့် ဆုတောင်းဝတ်ပြုနေရာများကို စစ်ကောင်စီနှင့် PNOမှ အကြောင်းမဲ့ ဖျက်ဆီး

သျှမ်းပြည် တောင်ကြီးမြို့နယ်ရှိ စစ်ရှောင်များဆောက်လုပ်ထားသော စာသင်ဆောင်နှင့် ဘုရားကျောင်းဆောင်များကို ဖြိုချရန် အတွက် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ဖိအားပေးကြောင်း စုံစမ်းသိရသည်။

ဖျက်ဆီးခံရသည့် စစ်ရှောင်စခန်းများ၏ အဆောက်အဦး

အဆိုပါ စစ်ရှောင်များ၏ စာသင်ဆောင်နှင့် ဘုရားကျောင်ဝတ်ပြုသည့်နေရာကို PNO နှင့် စစ်ကောင်စီဖိအားကြောင့် စက်တင်ဘာလပိုင်း ဖြိုချခဲ့ကြောင်း တောင်ကြီးမြို့ ထဲက စစ်ရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

တောင်ကြီးမြို့သို့ ပြောင်ရွှေ့ စစ်ရှောင်လာသည့် သူများသည် ဖယ်ခုံနှင့် မိုး‌ဗြဲဒေသ မှ ဖြစ်ပြး၊ အများစုသည် ခရစ်ယာန်ဘာသာဝင်များဖြစ်သည်။

ထို့ကြောင့် ၎င်းတို့‌ လက်ရှိနေထိုင်ရာ စစ်ရှောင်အတွင်း ကိုယ်ထူကိုယ်ထဖြင့် ဆောက်လုပ်ထားသော ကလေးများစာသင်ရန် နှင့် ဆုတောင်းရန် အဆောက်အဦးကို ဖျက်သိမ်းရန်ပြောခဲ့ကြောင်းသိရသည်။

“ဖျက်ခိုင်းတာက စက်တင်ဘာလလောက် ကတည်းပေါ့။ ဖျက်ခိုင်းရတဲ့ အကြောင်းအရင်းကတော့ လူစုလူဝေးမလုပ်စေချင် တာ‌လို့‌ပြောတယ်။ လူစုပြီး စာသင်ကြားတာတွေ ဆုတောင်းရှိခိုးတာတွေ မလုပ်ဖို့လည်း တားမြစ်ထားတယ်။ ကလေးတွေ စာမသင်ရဘူး” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

တောင်ကြီးမြို့ထဲရှိ စစ်ရှောင်စခန်း

အဆိုပါ စစ်ရှောင်စခန်းများတွင် ဖယ်ခုံ၊ မိုးဗြဲနှင့် လွိုင်ကော်မှ စစ်ရှောင်လာသူ (၅၀၀၀)ဝန်းကျင်ရှိပြီး၊ ထိုစခန်းတွင် တစ်နှစ်ကျော်ကြာ နေလာပြီဖြစ်ကြောင်းသိရသည်။

ထိုစစ်ရှောင်စခန်းအတွင်း အဆောက်အဦးသစ်များ မတည်ဆောက်ရန် ယခုနှစ် ဇူလိုင်လ တွင် စစ်ကောင်စီမှ သတိပေးစာများ ကပ်ခဲ့ပြီး၊ ထိုသတိပေးစာထဲတွင် အစိုးရမြေပေါ် တရားမဝင် လူနေအိမ်ဆောက်လုပ်လျက်တွေ့ရှိရသဖြင့် ၎င်းမြေပေါ်တွင် လက်ရှိနေထိုင်းခြင်းမပြုရ၊ ပြောင်းရွှေ့ရန် ရေးသားထားသည်။

“ သူတို့ (စစ်ကောင်စီ) ခွင့်ပြုချက်မရဘဲ အိမ်ဆောက်တာတွေလုပ်တော့ ပေးမနေတဲ့ပုံစံမျိုးပေါ့။ ကျမတို့က ဒီမှာမနေရင် ဘယ်ကို သွားနေရမှာလဲ။ အိမ်လည်းပြန်လို့မရဘူးလေ။ အလုပ်ကလည်းမရှိတော့ အိမ်ငှားနေလို့မရဘူး” ဟု စစ်ရှောင် အမျိုးသမီးက ထပ်လောင်းပြောသည်။

လက်ရှိအချိန်ထိ ကရင်နီ (ကယား)ပြည်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဆက်လက်ပြင်းထန်ပြီး စစ်ရှောင်များ ယနေ့အချိန်ထိ နေရပ်ပြန်ရန် ခက်ခဲနေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...