တောင်ကြီးမြို့ (၈) လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်နေ့ ဆန္ဒမပြဖို့ စစ်ကောင်စီ ကန့်သတ်စာထုတ်

သျှမ်းပြည် တောင်ကြီးမြို့တွင် (၈) လေးလုံး အရေးတော်ပုံ (၃၅) နှစ်မြောက် အထိမ်းအမှတ်နေ့ ပြည်သူလူထု ဆန္ဒမပြဖို့အတွက် စစ်ကောင်စီ ကန့်သတ်စာ ထုတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ စုံစမ်းသိရသည်။

.

ပြီးခဲ့သည့် သြဂုတ် ၁ ရက်မှစပြီး စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တောင်ကြီးမြို့နယ်တွင် လုံခြုံရေး နှင့် တရားဉပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမှုဆောင်ရွက်နေကြောင်း တွေ့ရှိသဖြင့် ရာဇဝတ် ကျင့်ထုံးဉပဒေပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ပြန် ကြေညာခဲ့သည်။

ထို့အပြင် တောင်ကြီးမြို့နယ်တွင် စုဝေးခြင်း၊ ဟောပြောခြင်း အပါအဝင် စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း မပြုလုပ်ရန် တားမြစ်လိုက်ပြီး လူ ၅ ဦးထက်ပို၍ စုဝေးခြင်း မပြုရန်နှင့် ညမထွက်ရ အမိန့်များ ကြေညာခဲ့သည်။

စစ်ကောင်စီ ကန့်သတ်ချက်စာစောင်ထုတ်ဝေခြင်းနှင့် ပတ်သက်ပြီး ယမန်နေ့ (သြဂုတ် ၈) ရက်တွင် ကျရောက်သည့် (၈) လေးလုံး အရေးတော်ပုံ (၃၅) နှစ်မြောက်နေ့အတွက် ပြည်သူလူထုများ ဆန္ဒမပြဖို့အတွက် တားမြစ် ကန့်သတ်ချက် စာစောင်သာ ဖြစ်ကြောင်း တောင်ကြီးမြို့ ဒေသခံတစ်ဦးက ပြောသည်။

တောင်ကြီးမြို့

“ တချို့ ပြောတာ ဟိုတလောတုန်းက လူသတ်မှု ဖြစ်လို့ ဘာညာနဲ့ အဲ့ကြောင့် ကန့်သတ်ချက်တွေ ထုတ်ပြန်တယ်လို့ ပြောတယ်။ အလကားပါကွာ။ တကယ်တော့ မနေ့ (၈) လေးလုံးနေ့ အထိမ်းအမှတ်ကြောင့် ပြည်သူလူထုတွေ ဆန္ဒမပြကြဖို့အတွက် ထုတ်ထားတာပါ “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

အလားတူ ကန့်သတ်ချက်များ ထုတ်ပြန်သည့်နောက်ပိုင်း စစ်ကောင်စီသည် တောင်ကြီးမြို့ပေါ်၌ ညတွင်း ကင်းလှည့်လည် စောင့်ဆိုင်းနေလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီမှ ထုတ်ပြန်ထားသည့် ညမထွက်ရ အမိန့်တွင် ည ၁၂ နာရီအချိန်မှ နံနက် ၄ နာရီ အချိန်ထိ ညမထွက်ရကြောင်း ထုတ်ပြန်သည့်စာစောင်ထဲတွင် ရေးသားဖော်ပြထားသည်။

ထို့အပြင် ဇွန်လ ၃၀ ရက်တွင်လည်း တောင်ကြီးမြို့ ကံကြီးရပ်ကွက်ထဲရှိ နေအိမ်တစ်လုံးထဲကို အမည်မသိ အမျိုးသားတစ်ဦးက ဓားပြဝင်တိုက်ခဲ့ပြီး အိမ်ရှင် မိသားစု ၃ ဦးကိုပါ ဓားဖြင့်ခုတ်ခဲ့၍ ဆေးရုံတင်ပို့ဆောင်လိုက် ရသည့် အခြေအနေအထိ ဖြစ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...