တောင်ကြီးမြို့ နေအိမ်တစ်လုံး ဓားပြတိုက်ခံရ အိမ်ရှင်မိသားစုဝင် ၃ ဦးကို ဓားဖြင့်ခုတ်

သျှမ်းပြည် တောင်ကြီးမြို့ ကံကြီးရပ်ကွက်ရှိ နေအိမ်တစ်လုံးထဲကို အမျိုးသားတစ်ဦးက ဓားပြဝင်တိုက်ပြီး အိမ်ရှင်မိသားစု ၃ ဦးကို ဓားဖြင့်ခုတ်ခဲ့ကြောင်း စုံစမ်း သိရသည်။

ဓားပြတိုက်ပြီး အိမ်ရှင်ကို ဓားနဲ့ခုတ်တဲ့ သူကိုဖမ်းဆီးရမိတဲ့ပုံ

ယမန်နေ့ ( ဇွန်လ ၃၀ ) ရက် နေ့လည် ၁၁ နာရီဝန်းကျင်တွင် တောင်ကြီးမြို့ ကံကြီးရပ်ကွက်ထဲရှိ နေအိမ်တစ်လုံးထဲကို အမည်မသိ အမျိုးသားတစ်ဦးက ဓားပြ ဝင်တိုက်ခဲ့ကာ အိမ်ရှင်မိသားစု ၃ ဦးကိုလည်း ဓားဖြင့်ခုတ်ခဲ့ကြောင်း တောင်ကြီးမြို့ဒေသခံ တစ်ဦးက ပြောသည်။

“နေ့လယ်ပိုင်း အချိန်လောက် အိမ်ထဲကိုဝင်ပြီး ဓားပြ တိုက်တာ။ အိမ်ရှင် အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁ ယောက်ကိုလည်း ဓားနဲ့ ခုတ်သွားတာ။ တော်သေးလို့ ရပ်ကွက်ကလူတွေ ဝိုင်းဖမ်းမိတာပေါ့။ အိမ်ရှင်တွေတော့ ဓားခုတ်ခံရတဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံ တင်ထားရတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဓားပြတိုက်သူကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရပြီးသည့်နောက် ရဲတပ်ဖွဲ့များ ရောက်ရှိလာပြီး ၎င်းဓားပြတိုက်သူကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဓားပြတိုက်သူရဲ့ပုံ

ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကြီးမြို့တွင် ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်မှု၊ အိမ်တွင်း ဖောက်ခံရမှု မကြာခဏ ဖြစ်ပွားနေပြီး အဆိုပါ ပြစ်မှုကျူးလွန်သူကိုတော့ ဖမ်းဆီးရမိတာ နည်းပါးကြောင်း ၎င်းဒေသခံ တစ်ဦးက ဆက်ပြောသည်။

“ ပြီးခဲ့ရက်ကလည်း နာရီစင်လမ်းကြား ဈေးထဲမှာ ရန်ဖြစ်လို့ တစ်ယောက်ဆေးရုံ တင်ရသေးတယ်။ တောင်ကြီးမှာတော့ မကြာခဏ ဆိုသလို ဆိုင်ကယ်ခိုးခံရတယ်၊ ဓားပြတိုက်ခံရတယ်၊ ဖုန်းခိုးခံရတယ်ဆိုတာ မကြာခဏ ကြားနေရ၊ မြင်နေရတာပဲ။ ဘာဉပဒေ၊ ဘာလုံခြုံရေးမှ မရှိဘူး။ အဲ့လိုခိုးဆိုးလုယက် ဖြစ်လာပြီဆိုလည်း ဖမ်းမိတာ သိပ်မရှိဘူး။ ဖမ်းမိတာနည်းတယ် “ ဟု ၎င်းက ထပ်လောင်း ပြောသည်။

ယင်းကဲ့သို့ ခိုးဆိုးလုယက်မှု များလာသဖြင့် တောင်ကြီးမြို့ရှိ ပြည်သူများသည် လမ်းသွားလမ်းလာစဉ်၌ မည်သည့် အချိန် ပစ္စည်းလုယက်ခံရခြင်း၊ အန္တရာယ် တစ်စုံတစ်ရာ ပြုခံရခြင်း စသည့်ဖြင့် စိုးရိမ်ကြောက်လန့်နေမြဲကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...