တောင်ကြီးမြို့ အဝေရာ မီးပုံပျံကွင်းနားတွင် ပွဲတော်အတွက် ဆိုင်ခန်း ငှားရမ်းခ နှစ်ဆထိမြင့်တက်

သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် တန်ဆောင်ပွဲ နီးကပ်လာသဖြင့် ပွဲတော် ကျင်းပရာ အဝေရာမီးပုံပျံကွင်းနားရှိ ဆိုင်ခန်း ငှားရမ်းခ ဈေးနှုန်းများမှာ နှစ်ဆနီးပါး တိုးမြင့်လာကြောင်း စျေးရောင်းချသူများထံ စုံစမ်းသိရသည်။

တန်ဆောင်တိုင်အတွက် ဆိိုင်ခန်းများပြင်ဆင်နေပုံ

“မီးပုံးပျံကွင်းနဲ့ နည်းနည်းလှမ်းတဲ့ ဒီလို (၆)ပေပတ်လည် ဆိုင်ခန်း‌ေတွဆို ခါတိုင်း (၄)သိန်း‌ကျော်ပဲ ရှိတာ။ အခုနှစ်ကတော့ ၇ညကို ငှားခ (၈)သိန်းလို့ ပြောတယ်၊ တစ်ညကို တစ်သိန်းကျော်ကျသွားတာပေါ့။ မီးပုံပျံကွင်းနားက ဆိုင်ခန်းတွေဆို အရင်က သိန်း(၇၀)လောက်ရှိတာ။ အခုနှစ်ကတော့ ရာဂဏန်းထိ ရှိတယ်” ဟု အဆိုပါ စျေးရောင်းချသူမှ ပြောပြသည်။

ထိုကဲ့သို့ ငှားရမ်းခ‌ ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ဈေးရောင်းချသူများ အနေဖြင့် ဆိုင်ခန်းများ ငှားရန် အခက်တွေ့နေကြောင်း သိရှိရသည်။

တန်ဆောင်တိုင် ပွဲတော်အတွက် ဆိုင်ခန်းပြင်ဆင်နေပုံ

“ဆိုင်ခန်းငှားခတွေ အရမ်းဈေးမြင့်‌နေတော့ ဆိုင်ကြီးတွေကတော့ အဆင်ပြေနိုင်ပေမယ့် ကျမတို့လို ကိုယ်ထူကိုယ်ထ ဈေးရောင်းတဲ့သူ‌တွေအတွက်က အဆင်မပြေဘူးပေါ့။ ဈေးကြီးကြီးနဲ့ ငှားပြီးမှ လူစည် မစည်လည်း မသိ‌သေးတော့ အရင်းနဲ့ အမြတ်ရော တွက်ချေကိုက်ပါ့မလားလည်း စိတ်ပူတယ်” ဟု ၎င်းမှ ဆက်ပြောသည်။

တန်ဆောင်တိုင်ကွင်း အနီးအနားတစ်လျှောက်တွင်ပွဲတော်ရက်အတွင်း ရောင်းချရန် ဆိုင်ခန်းများကို အကွက်ချ သတ်မှတ်ထားပြီး ၎င်းဆိုင်ခန်းများကို မငှားရမ်းပါက ယခုလက်ရှိ ဈေးရောင်းချနေ‌သော နေရာများမှ ဖယ်ပေးရမည် ဖြစ်‌ကြောင်းလည်း သိရှိရသည်။

သျှမ်းပြည်‌ တောင်ကြီးမြို့တွင် စစ်ကောင်စီမှ ဦးဆောင်၍ တန်ဆောင်တိုင်ပွဲတော်ကို အဝေရာမီးပုံးပျံကွင်းတွင် နိုဝင်ဘာလ (၂၁)ရက်နေ့မှ (၂၇)ရက်နေ့ထိ (၇)ရက်ကြာအောင် ကျင်းပသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် မီးပုံးပျံပွဲကျင်းပရန် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...