တောင်ကြီးမြို့တွင် ပတ်စပိုစ့် စာအုပ် ရရန် ပွဲစားထံ ကျပ် ၃ သိန်းပေးရ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့ နိုင်ငံကူးလက်မှတ်ရုံး (ပတ်စပိုစ့်) ကို လူဦးရေ အကန့်အသတ်ဖြင့် ပွဲစားထံမှ ကျပ် ၃ သိန်း ဝန်းကျင်ပေးပြီး ပတ်စပိုစ့် လုပ်ပေးနေကြောင်း သတင်းသိရှိရသည်။

တောင်ကြီးမြို့

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်မှစပြီး ယနေ့ မတ်လ ၃ ရက်အထိ တောင်ကြီးမြို့ ပတ်စပိုစ့် ရုံးကို ပြန်လည်ဖွင့်လှစ်လာခဲ့ပြီးနောက် တစ်နေ့လျှင် လူဦးရေ (၃၀၀) ဝန်းကျင်က ပတ်စပိုစ့် လျှောက်ရန် သွားရောက် စောင့်ဆိုင်းနေခဲ့ရပြီး ပတ်စပိုစ့်ရုံးမှ လူဦးရေ ၁၀၀ ကို အကန့်အသတ်ဖြင့် လုပ်ပေးနေကြောင်း ပတ်စပိုစ့် သွားရောက်လုပ်ကိုင်သူ အမျိုးသားတစ်ဦး ကပြောသည်။

“ ပတ်စပိုစ့် ရုံးဖွင့်တယ်ဆိုပေမယ့်လည်း လူတွေပြည့်ကြပ်နေတော့ လုပ်လို့ အဆင်မပြေဘူး။ လူအရမ်းများတယ်။ လူကလာတာ တစ်ရက်ကို အယောက် ၃၀၀ လောက်ရှိတယ်။ သူတို့လုပ်ပေးတာက အယောက် ၁၀၀ အကန့်အသတ်နဲ့ဘဲ လုပ်ပေးတာ။ လူအယောက် ၁၀၀ ကို လုပ်ပေးတာကလည်း ညနေ ၁၀ နာရီကျော်လောက်မှ ပြီးတာ“ ဟု ၎င်းက ပြောသည်။

လက်ရှိ ပွဲစားထံမှ ပတ်စပိုစ့် လုပ်အားခ တစ်ဦးလျှင် ကျပ် (၂) သိန်းကျော်မှ (၃) သိန်းအထိ ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

အဆိုပါ ပတ်စပိုစ့် လုပ်အားခ နှင့် ပတ်သက်ပြီး “ အခုက ဈေးတက်သွားပြီဗျ။ တစ်ယောက်ကို ၂ သိန်းကျော်ကနေ ၃ သိန်းအထိ လုပ်ပေးနေတယ်။ နည်းနည်းတော့ မြန်တယ်ပေါ့။ အခု ကိုယ့်ကိုယ် ရက်ချိန်းယူရင်တော့ ၅ လပိုင်း၊ ၆ လပိုင်းလောက်မှ ရမှာပေါ့။ အရင် QR ကုဒ် ရပြီးသား သူတွေကို ရက်အနီးနား ပြန်ချိန်းပေးပါတယ်“ ဟု ပတ်စပိုစ့် ပွဲစားတစ်ဦး ကပြောသည်။

ထို့အပြင် ပွဲစားထံမှ ပတ်စပိုစ့် လုပ်ရန် လက်ရှိကာလ လုပ်အားခ ပေါက်ဈေးသည် ဈေးနှုန်းမြင့်တက်နေသေးကြောင်း၊ ပတ်စပိုစ့် လုပ်ဆောင်သူများအတွက် အခက်ခဲ ရှိနေသေးကြောင်း ပတ်စပိုစ့် လုပ်ပေးသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ အခုက သွားမလုပ်ရသေးဘူး။ အစပဲရှိသေးတယ်ဆိုတော့ ပတ်စပိုစ့် လုပ်အားခက အရမ်းဈေးကြီးတယ်။ လောလောဆယ်ဆယ်တော့ သွားမလုပ်ရသေးဘူး။ အခြေအနေလေးတွေ စောင့်ကြည့် နေရသေးတာပေါ့။ ပတ်စပိုစ့် ရုံးလည်း ပြန်ပိတ်သွားမလား၊ ဆက်ဖွင့်မလားဆိုတာ သူတို့အပေါ်မူတည်တော့ ဆက်ပြီးအခြေနေလေးတွေ စောင့်ကြည့်နေရသေးတယ် “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

ပတ်စပိုစ့်ရုံးကို ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်မှ စပြီး စစ်ကောင်စီသည် စက္ကူမလုံလောက်ခြင်း အကြောင်းပြပြီး ပိတ်သိမ်းခဲ့ရာ ယခုလအတွင်း ပြန်ဖွင့်လှစ်ပေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်နယ်စပ် ပတ်စပိုစ့် ရှိသော်လည်း ဘတ်ထောင်ချီပေးမှ ဖြတ်သန်းခွင့်ရနေ

0
စစ်မှုထမ်းဥပဒေကြောင့် တာချီလိတ်မှတစ်ဆင့် ပြည်ပထွက်ခွာသူ များပြားလာပြီး တရားဝင် ပတ်စပိုစ့်ရှိသူများပင် စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထိုင်းငွေ ဘတ်ထောင်ချီ တောင်းခံမှုများရှိနေကြောင်း သတင်းရရှိသည်။ လက်ရှိ မြေပြင်ပေါက်ဈေးအရ အလည်အပတ် ပတ်စပိုစ့် (PV) ကိုင်ဆောင်သူများသည် တရားဝင်ဟု ဆိုသော်လည်း နယ်စပ်ဖြတ်ကျော်ရန် တံတားဖြတ်ခအဖြစ် ထိုင်းဘတ်ငွေ ၃,၀၀၀ ခန့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...