တောင်ကြီး နိုင်ငံကူး လက်မှတ်ထုတ်ပေးရုံး ပြန်လည်ဖွင့်လှစ်မည်

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့ရှိ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး ရုံးသည် ဖေဖော်ဝါရီ (၂၇) ရက်မှ စတင်ပြီး ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး

၂ လ နီးပါးကြာ ပိတ်ထားသည့် နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး ရုံးကို ယခု ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်၍ www.passport.gov.mm Website မှ Online Booking စနစ်သစ်ဖြင့် ကိုယ်တိုင်လျှောက်ထားနိုင်မည် ဖြစ်ကြောင်း ပြည်နယ်/တိုင်းဒေသကြီးများရှိ ရုံးခွဲများကို ယခင်လျှောက်ထားမှု လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း စစ်ကောင်စီမှ ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ထားပါသည်။

ထိုအပြင် တောင်ကြီး နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး ရုံးကို ယခု ဖေဖော်ဝါရီ (၂၇) ရက်မှစတင်ပြီး ပြန်လည်ဖွင့်လှစ်မည် ဖြစ်ပြီး လာရောက်လျှောက်ထားသူများအတွက် မှတ်ပုံတင် မူရင်း နှင့် အိမ်ထောင်စုဇယား မူရင်း နှင့်အတူ လာရောက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း တောင်ကြီးဒေသခံ ပတ်စပို့လုပ်ပေးသူ အမျိုးသားတစ်ဦးက ပြောသည်။

“ မနက်ဖြန်တော့ မဖွင့်လောက်သေးဘူးဗျ။ အွန်လိုင်းလင့်ခ် တွေကို ရန်ကုန်မှာ အရင်စမှာ ဖြစ်ပါတယ်။ လုပ်ပေးတာတော့ မလုပ်ပေးသေးဘူး၊ Online Booking စနစ်ကို အရင်လာလျှောက်ခိုင်းတာဗျ။ တောင်ကြီး မှာတော့ အခုလ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ စလုပ်ပေးမှာ ဖြစ်တယ်ဗျ။ အရင်အတိုင်း လူအရောက်လာလျှောက်ရမယ် “ ဟု ၎င်း ကပြောသည်။

အဆိုပါ နိုင်ငံကူး လက်မှတ်ထုတ်ပေးခြင်း နှင့် ပတ်သက်ပြီး စာအုပ်ထုတ်ပေးရေး ကုန်ကျစရိတ် ဘယ်လောက်ကျမည်ကိုတော့ မသိရကြောင်း ၎င်းက ဆက်ပြောသည်။

တောင်ကြီး နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးသည် ဇန်နဝါရီ (၂) ရက်မှ စပြီး ယနေ့ထိ ၂ လ နီးပါးကြာ ပိတ်ထားသည့်အတွက် အမှန်တကယ် ပြန်လည်ဖွင့်လှစ်လာလျှင် လျှောက်ထားသူများ အနေဖြင့် ယခင်ထက် ပိုမိုခက်ခဲလာနိုင်ကြောင်း ပတ်စပို့လုပ်ပေးသူ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

“ လျှောက်ဖို့က နည်းနည်း ခက်ခဲဖို့ရှိတယ်။ ဘာလို့လဲဆိုတော့ ၂ လ လောက်ပိတ်ထားပြီး အလုပ်သမားတွေ များတော့ လုပြီးဝင်မယ့် သဘောတော့ရှိတယ်။ စာအုပ်အဟောင်းရှိတဲ့သူ၊ စာအုပ်အသစ် လုပ်ချင်တဲ့သူတွေ အကုန်ပြန်လုပ်ပေးမယ်လို့တော့ ကြားထားပါတယ် “ ဟု ၎င်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး (၂) နှစ်ကျော် ကာလအတွင်းမှာ နိုင်ငံရေး အခြေအနေ မငြိမ်မှုကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညားရေး နှင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာကာ အခြေခံလူတန်းစားများက ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်ချင်ကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...