တောင်ကြီးမြို့ ဧည့်စာရင်း တိုင်ကြားမှု ပိုမိုတင်းကြပ်လာ

သျှမ်းပြည် တောင်ကြီးမြို့တွင် ယခု (ဇူလိုင်) လမှစပြီး အခြားဒေသမှလာသည့် ဒေသခံများ ဧည့်စာရင်း တိုင်ကြားရာ အိမ်ပိုင်ရှင်၏ နာမည်အပါအဝင် နေရပ်လိပ်စာ အတိတကျ နှင့် ရုပ်ပုံအပြည့်ပါသည့် ဓာတ်ပုံထည့်ရန် အကြောင်းကြားခဲ့ကြောင်း စုံစမ်း သိရသည်။

တောင်ကြီးမြို့

ယခင်က ဧည့်စာရင်းတိုင်ကြားရာတွင် မိမိ နာမည် နှင့် မှတ်ပုံတင်သာပေးပြီး ဧည့်စာရင်းတိုင်ကြားခဲ့ရသော်လည်း ယခု (ဇူလိုင်) မှစပြီး မှတ်ပုံတင် အချက်အလက် အပါအဝင် ငှားရမ်းနေထိုင်သည့် အိမ်ပိုင်ရှင်၏ (နာမည်) မည်သူမည်ဝါဖြစ်ကြောင်း နှင့် အိမ်ခန်းငှားသူ၏ ရုပ်ပုံအပြည့်ပါသည့် ဓာတ်ပုံထည့်ပေးရန် အကြောင်းကြားခဲ့ကြောင်း တောင်ကြီးမြို့ပေါ် အိမ်ငှားရမ်းနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ အရင်ကတော့ ဧည့်စာရင်းတိုင်ရင် ကိုယ့်နာမည် နဲ့ မှတ်ပုံတင်လောက်ပဲလေ။ အခုက ကိုယ့်နာမည်ရယ်၊ ဘယ်သူ့အိမ်မှာ လာနေလဲ၊ အိမ်ပိုင်ရှင်က ဘယ်သူလဲဆိုတဲ့ အချက်အလက်တွေကော တောင်းတယ်။ နောက်ပြီး ကိုယ့်မှတ်ပုံတင်တောင်းတယ်။ ကိုယ့်ဓာတ်ပုံတောင်းတယ်။ ဓာတ်ပုံက ရုပ်ပုံအပြည့်ပါတဲ့ ဓာတ်ပုံတောင်းတယ်။ လိုင်စင်ဓာတ်ပုံမရဘူး“ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ဧည့်စာရင်းတိုင်ကြားမှုအတွက် ၃ ဦးလျှင် ကျပ်ငွေ ၁ သောင်း ပေးဆောင်ရပြီး ဇူလိုင်လအတွင်း ဧည့်စာရင်းတိုင်ကြားမှု အပြောင်းအလဲတွင် မည်မျှပေးဆောင်ရမည်ဖြစ်ကြောင်း အသေးစိတ်ကို မသိရသေးပေ။

လက်ရှိမှာ ဧည့်စာရင်းတိုင်ကြားမှု ပိုမိုတင်းကြပ်လာခြင်း နှင့် ပတ်သက်ပြီး စစ်ကောင်စီသည် နိုင်ငံရေးလှုပ်ရှား မှုပါဝင်သူ၊ CDM နှင့် PDF တွေကို အလွယ်တကူရှာပြီး ဖမ်းဆီးနိုင်အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း တောင်ကြီးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

“ထင်တာတော့ သူတို့ ဖမ်းဖို့လိုရင် အလွယ်တကူ ဖမ်းနိုင်အောင်လို့ လုပ်တာပဲ မြင်တယ်။ လူရှာရတာ လွယ်အောင် လုပ်တာလည်း ဖြစ်နိုင်တယ်။ ကိုယ့်အချက်အလက်တွေ၊ ဓာတ်ပုံတွေလည်း တောင်းတယ်ဆိုတော့လေ။ အဲ့လိုပေးရတော့လည်း ကိုယ့်အတွက်တော့ လုံခြုံရေးမရှိဘူး။ လုံခြုံရေး စိုးရိမ်ရတယ် “ ဟု ၎င်းက ပြောသည်။

ထို့အပြင် ၂၀၂၂ အောက်တိုဘာလတွင်လည်း သစ်တောရပ်ကွက်ရှိ နေအိမ်တစ်လုံးထဲတွင် လူငယ်စုံတွဲနှစ်ဦး အတူတူ နေထိုင်ရာ ဧည့်စာရင်း တိုင်ကြားထာခြင်း မရှိသောကြောင့် ရဲများလာရောက် စစ်ဆေးမေးပြီး မှတ်ပုံတင်ကတ်ပြားကို သိမ်းယူကာ ကျပ်ငွေ (၃သောင်း) ဖြင့် ပြန်ရွေးယူခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...