တောင်ကြီးမြို့ ဓာတ်အားလိုင်း ပြုပြင်နေစဥ် ဓာတ်လိုက်၊ ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်အတွင်း လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်နေစဥ် လျှပ်စစ်ဓာတ်လိုက်မှု ဖြစ်ပွားခဲ့ပြီး ဝန်ထမ်းတစ်ဦးက ဒဏ်ရာရသွားကြောင်း သတင်းသိရသည်။

Photo Credit – ကြက်ခြေနီအသင်း

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တောင်ကြီးမြို့တွင်းမှ စိန်ပန်းရပ်ကွက် အတွင်း လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်နေသည့် လင်းသီဟ လျှပ်စစ်ဖြန့်ဖြူးရေး ကုမ္ပဏီ ဝန်ထမ်းအမျိုးသား တစ်ဦး ဓာတ်လိုက်ပြီး ဒဏ်ရာရသွားကြောင်း ဒေသအတွင်း ကြက်ခြေနီ အသင်းထံမှ သိရသည်။

စိန်ပန်းရပ်ကွက် နယ်မြေ (၇)၊ ပြည်တော်အေးလမ်းရှိ ငြိမ်းချမ်းလူငယ်ဖွံဖြိုးရေး ပရဟိတ ဂေဟာရှေ့၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံး၏ အရှေ့ဘက်ထောင့်ရှိ 11 KV လျှပ်စစ် ဓာတ်မီးတိုင်ပေါ် လျှပ်စစ်ဓာတ်အားလိုင်း တက်ပြင်နေစဥ် လင်းသီဟ လျှပ်စစ်ဖြန့်ဖြူးရေး ဝန်ထမ်း ကိုအောင်ကို ကိုမတော်တဆ ဓာတ်လိုက်မှု ဖြစ်ပွားခဲ့ကြောင်း ကြက်ခြေနီ အသင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဓာတ်မီးတိုင်သည် သျှမ်းပြည် လွှတ်တော်၊ မြသုခရပ်ကွက် နှင့် ဟော်ကုန်းရပ်ကွက်တို့ကို အဓိက ချိတ်ဆက် ထားသည့် မီးလိုင်းဖြစ်ပြီး မီးလာသည့် အချိန်ထက် ပျက်သည့်အချိန်ပိုများနေကြောင်း တောင်ကြီးမြို့ခံ အသက် ၃၀ ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုချိန်မှာ မီးလာတဲ့ အချိန်ကို ခန့်မှန်းလို့ မရဘူးဖြစ်နေတယ်၊ ပျက်တာက များပြီး တစ်နေ့မှာ ၂ / ၃ နာရီ လာပြီး ပျက်သွားတယ်၊ ချက်ချင်းလာတာဆိုတော့ ဓာတ်အားတွေက အရမ်းပြင်းတယ်၊ အခုလို ပြင်တဲ့ ဝန်ထမ်းတွေ ကိုယ်တိုင်က ဓာတ်လိုက်တယ် ဆိုတော့ အသုံးပြုနေတဲ့ ကျနော်တို့လို ပြည်သူတွေ အတွက် အသက်အန္တရာယ် ပိုပြီး စိုးရိမ်ရတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

တောင်ကြီးမြို့တွင်း လျှပ်စစ်ဓာတ်အား မမှန်မှု၊ ပျက်သည့်အချိန်များနေမှုကြောင့် လျှပ်စစ် ဝါယာရှော့ခ်များ၊ ဓာတ်လိုက်မှုများမှ တစ်ဆင့် အသက်အန္တရာယ် နှင့် နေအိမ် အဆောက်အအုံများ မီးလောင်ပျက်စီး ဆုံးရှုံးမှု ဖြစ်တတ်ကြောင့်လည်း ဒေသခံများက ပြောသည်။

လက်ရှိတွင် လျှပ်စစ်ဓာတ်အား ဓာတ်လိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသည့် လင်းသီဟ ကုမ္ပဏီမှ ဝန်ထမ်း အမျိုးသားကို ကြက်ခြေနီအသင်းမှ တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လင်းသီဟ လျှပ်စစ်ဖြန့်ဖြူးရေး ကုမ္ပဏီသည် လက်ရှိ စစ်ကောင်စီ အဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၏ သားဖြစ်သူ လင်းမင်းမောင်လွင် ပိုင်ဆိုင်ထားကြောင်းလည်း စုံစမ်းသိရသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်နေသည် ဆိုသည့် အကြောင်းပြချက်ဖြင့် လျှပ်စစ်ဓာတ်အားလိုင်း ပြတ်တောက်သည့်အချိန်က မီးရရှိသည့် အချိန်ထက် ပိုများနေသည်။

ထို့အပြင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် နေအိမ် နှင့် အဆောက်အအုံ မီးလောင်ပျက်စီးမှုများကလည်း တောင်ကြီးမြို့ အပါအဝင် သျှမ်းပြည် တခွင် မကြာခဏ ရက်ဆက်နီးပါး ဖြစ်ပွားနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...