CATEGORY

သတင်း

သျှမ်းပြည် ဖုန်းငွေဖြည့်ကဒ် ၂၀ ရာခိုင်နှုန်း စျေးတင်ရောင်းလာ

သျှမ်းပြည်တွင်းရှိ မြို့နယ်တစ်ချို့တွင် ယခုတပတ်အတွင်း စျေးသည်များ ဖုန်းငွေဖြည့်ကဒ်ကို ၂၀ ရာခိုင်နှုန်း စျေးတင်ရောင်းလာကြောင်း စုံစမ်းသိရှိရသည်။ ယခင်က ဖုန်းငွေဖြည့်ကဒ် တစ်ထောင်ကျပ်နှုန်းရောင်းသည့် ကဒ်များအား (၁၂၀၀)ကျပ်အထိ ရောင်းချလာသည့်အတွက် အွန်လိုင်းနှင့် ပတ်သက်ပြီး ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသည့်သူများ အခက်ခဲများစွာ ရှိလာနိုင်ကြောင်း ပြည်သူလူထုများက ပြောဆိုကြသည်။ “တကယ်သုံးရင် တစ်ထောင်ကျပ်ဖိုး ဒေတာဝယ်ရင် တစ်နာရီတောင်မခံဘူးထင်တယ်။...

မိုင်းခုတ်မြို့နယ် မီးလောင် အိမ်ခြေ ( ၂၄)အိမ် မီးထဲပါသွား

သျှမ်းပြည်အရှေ့ပိုင်း မိုင်းခုတ်မြို့နယ် မိုင်းနင်းကျေးရွာအုပ်စု ဝမ်လုံ (၁) ကျေးရွာတွင် မီးကြွင်းမီးကျန်မှ တစ်ဆင့် နေအိမ် (၂၄) လုံး မီးလောင်သွားကြောင်း စုံစမ်းသိရှိရသည်။ မတ်လ (၂၀) ရက် မနက် (၄) နာရီခန့် တွင် ဝက်အစာတည်ထားရင်း မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားကြောင်း...

တာချီလိတ်မြို့သို့ စစ်ကောင်စီခန့် သျှမ်းဝန်ကြီးချုပ်လာသည့်ရက် စျေးဆိုင်(၃)ရက် ပိတ်ရ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် ရောက်ရှိလာမည်ဖြစ်သဖြင့် ပျံကျ စျေးသည်များ စျေးဆိုင် (၃)ရက် ပိတ်ထားရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအရှေ့ဘက်၊ အမှတ် (၁)နှင့် (၂)တံတား၊ ဗိုလ်ချုပ်လမ်းမကြီးတလျှောက်ရှိ အစားအသောက်ရောင်းချမည့် ပျံကျစျေးသည်များ ပိတ်ထားရမည်ဖြစ်ကြောင်း ဒေသခံအမျိုးသမီး တစ်ဦးထံမှ သိရသည်။ “မနေ့ညက ရဲတွေလည်း ရှုပ်နေတာ၊...

ရွာငံမြို့ စစ်တပ်သတင်းပေးဟု နာမည်ထွက်သူတစ်ဦး သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသည့် အမျိုးသားတစ်ဦး အသတ်ခံရပြီး ပစ်ခတ်မှုများ ဖြစ်ပွားသွားကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၂၀ ရက်) ည ၁၀ နာရီဝန်းကျင်မှစတင်ကာ ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာရှိ စစ်တပ်သတင်ပေးဟု နာမည်ထွက်နေသည့် ဦးစိုးမြင့် ၏ နေအိမ် တိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်သံများ...

နမ့်လန်မြို့ သစ်ကိုင်းပိ အမျိုးသားတစ်ဦး သေဆုံး အမျိုးသမီး ၂ ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ တပေါင်းပွဲခင်းကျင်းပမည့် နေရာတွင် ယမန်နေ့(မတ် ၂၀)ရက် ညသန်းခေါင်၌ သစ်ကိုင်းကျိုးကျပြီး ပွဲခင်းတွင်အိပ်စောင့်သည့် အမျိုးသားတစ်ဦး ကိုင်းပိသေဆုံးကာ အမျိုးသမီး ၂ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (မတ် ၂၀)ရက် ညသန်းခေါင် ၁၂ ဝန်းကျင် နမ့်လန်...

ဆီဆိုင်မြို့နယ်ရောက် စစ်ရှောင်အတွက် ဟင်းရွက်များလိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာအတွင်း ရောက်ရှိနေသည့်ကရင်နီစစ်ရှောင်များ အတွက် ဟင်းရွက်များလိုအပ်နေကြောင်း သတင်းသိရသည်။ နောင်ထော်ကျေးရွာအတွင်း ကျန်ရှိနေသည့် ကရင်နီပြည်နှင့် မိုးဗြဲ၊ ဖယ်ခုံဘက်မှ စစ်ဘေးရှောင် ၃၀၀ ကျော်ခန့် သည် ချက်ပြုတ်စားသောက်ရန်အတွက် ဟင်းသီးဟင်းရွက်များ၊ ကုန်စိမ်းများ လိုအပ်နေကြကြောင်း စစ်ရှောင် များကို ကူညီနေသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

တောင်ကြီး တိုက်အိမ်မီးလောင် အမျိုးသမီး (၃)ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ပြည်တော်သာရပ် စံပယ်လမ်းတွင် တိုက်အိမ် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီး (၃) ဦး အောက်စီပျက်ကာ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ မတ်လ (၂၀) ရက် ည (၁၂) နာရီကျော်တွင် ဝါယာရှော့ကြောင့် မီးလောင်မှု ဖြစ်ပွားပြီး နေအိမ်အတွင်း အမျိုးသမီး (၃) ဦး...

“အသက်ရင်းပြီး အာဏာရှင်ကို တော်လှန်ဖို့ လက်နက်ထောက်ပံ့ပေးပါ”

“မိုးရေထဲမှာ ၃ ရက် စစ်ရေးလေ့ကျင့်ရချိန်တုန်းက တော်တော်ခံရတယ်။ လေးဖက်နာ ဝေဒနာရှိတော့ ခံနိုင်ရည် သိပ်မရှိဘူးလေ” လို့ စစ်သင်တန်း ပထမဆုံး စလေ့ကျင့်စဉ်က အဖြစ်အပျက်ကို ရဲဘော် အာရှိုင်း က ပြန်ပြောပြနေပါတယ်။ ရဲဘော်အာရှိုင်း ဟာ အသက် ၂၃ နှစ် အရွယ်သာရှိပြီး လေးဖက်နာရောဂါအခံ...

မိုးနဲမြို့  အိမ်ဝန်းထဲ အမျိုးသားတစ်ဦး  သေနတ်ဖြင့် ပစ်သတ်ခြင်းခံရ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့ လွယ်မြေရပ်ကွက် တွင်နေထိုင်သည်  အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်နှစ်ဦးက အိမ်ဝန်းထဲအထိလာရောက်ပြီး သေနတ်ဖြင့်ပစ်သတ်သွားကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၁၈) ရက် ည ၈ နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်အမျိုးသားနှစ်ဦးက ဆိုင်ကယ်စီးလာပြီး  အသက် ၄၀ အရွယ်ရှိ စိုင်းအိုက်ခြုံကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။ “သူ့တို့အိမ်ကလည်းဆေးရုံဝန်းထဲမှာဆိုတော့...

သီပေါမြို့နယ် အမျိုးသားတစ်ဦး မိုင်းနင်းမိ ဒဏ်ရာပြင်းထန် ရရှိ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကြံခင်းကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် ယာခင်းထဲ မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်းသတင်းသိရသည်။ ယမန် (မတ်လ ၁၈) ရက် နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် ကြံခင်းကျေးရွာမှ အသက် ၂၂ နှစ်အရွယ်အမျိုးသားတစ်ဦး ယာခင်းသို့သွားစဥ် မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့ကြောင်း ဖြစ်စဥ်များကို...

Latest news