Tuesday, January 27, 2026

တောင်ကြီး တိုက်အိမ်မီးလောင် အမျိုးသမီး (၃)ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ပြည်တော်သာရပ် စံပယ်လမ်းတွင် တိုက်အိမ် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီး (၃) ဦး အောက်စီပျက်ကာ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

မတ်လ (၂၀) ရက် ည (၁၂) နာရီကျော်တွင် ဝါယာရှော့ကြောင့် မီးလောင်မှု ဖြစ်ပွားပြီး နေအိမ်အတွင်း အမျိုးသမီး (၃) ဦး အောက်စီဂျင်ပျက်ကာ ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း မိသားစု နှင့် နီးစပ်သူ တစ်ဦးကပြောသည်။

“ကလေး မိဘက ခရီးထွက်နေတာ။ အိမ်က ကျွန်းသစ်တွေဖြစ်တော့ မီးကူးတာ လွယ်တယ်လေ။ အိမ်ထဲ ထွက်ပေါက်ရှာမရပဲ အောက်စီဂျင်ပျက်သွားတာ။ သူများ သူတို့ကို သွားကယ်ထုတ်တော့ ၃ ယောက်စလုံးက လှေကားမှာ စုပြီး သတိမေ့နေကြတာ” ဟု မိသားစု နှင့် နီးစပ်သူ အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သေဆုံးသူ အမျိုးသမီး (၃) ဦးမှာ အိမ်ရှင်သမီး (၂) ဦးပါဝင်ပြီး တူမ (၁) ဦးပါဝင်ကြောင်း သိရှိရသည်။

“သူတို့မှာ ကလေး (၃) ယောက်ရှိတယ်။ ဆုံးသွားတဲ့ သမီးလေး (၂) ယောက်က ရွာကနေ တောင်ကြီးအိမ်ကို ပြန်ရောက်တာ တစ်ပတ်တောင်မရှိသေးဘူး။ ခုတော့ သူတို့ မိဘက သား တစ်ယောက်ပဲ ကျန်တော့တယ်” ဟု မိသားစုဝင် နှင့် နီးစပ်သူ အမျိုးသမီး တစ်ဦးကပြောသည်။

မီးလောင်သည့်ထဲတွင် ပါသွားသည့် အိမ်ရှင်သမီး (၂) ဦးသည် တက္ကသိုလ်ဝင်တန်းအောင်ပြီး အသက် (၁၉) နှစ် သမီးကြီးဖြစ်ပြီး၊ အသက် (၁၀) နှစ်အရွယ် သမီးငယ်လေး နှင့် တူမဖြစ်သူ အသက် ( ၁၄) နှစ်သာ ဖြစ်ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုသည် (၂) ထပ်အိမ်ဖြစ်ပြီး တစ်အိမ်လုံး မီးလောင်ပျက်စီးသွားမှုကြောင့် ဆုံးရှုံးမှု တန်ဖိုး မသိရှိရသေးပေ။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အပါအဝင် နိုင်ငံတဝှမ်းလုံး လျှပ်စစ်မီး ပုံမှန်ပျက်နေသည့်အတွက် နေအိမ်မှာ ဘုရားမီးပူဇော်ရာမှာ မီးလောင်မှုဖြစ်ပွားခြင်း၊ လျှပ်စစ်မီး မကြာခဏ ပျက်နေသည့်အတွက် ဝါယာရှော့ ဖြစ်ပွားကာ မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...

မူဆယ်မြို့တွင် ဆိုလာပြားဘတ္ထရီ ပေါက်ကွဲမှုကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆိုလာပြားဖြင့် ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲပြီး ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၁ ရက်) ညနေ ၆ နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီ အဝေးပြေးကားကြီးဝင်းနှင့် ခိုင်ဇာနန်းတော် ဟိုတယ် အနီးပတ်ဝန်းကျင်ရှိ နေအိမ်တစ်လုံးတွင်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

တောင်ကြီးမြို့သို့ အလုပ်လာရောက်သည့် အမျိုးသမီးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဩတချောင်း နယ်မြေ (၅) ရွှေကြယ်မုန့်ဆိုင်တွင် အလုပ်လာလုပ်သည့် အသက် (၂၀) အရွယ်ရှိ မစုပြည့်အောင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ အဆိုပါ မစုပြည့်အောင်သည် အင်းလေးဒေသ ညောင်ရွှေမြို့နယ် ပုံ့မှုကျေးရွာအုပ်စု ကျောင်းနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဦးဝင်းဖေ၊ ဒေါ်ငွေရင်တို့၏ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း...