Wednesday, January 28, 2026

နမ့်လန်မြို့ သစ်ကိုင်းပိ အမျိုးသားတစ်ဦး သေဆုံး အမျိုးသမီး ၂ ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ တပေါင်းပွဲခင်းကျင်းပမည့် နေရာတွင် ယမန်နေ့(မတ် ၂၀)ရက် ညသန်းခေါင်၌ သစ်ကိုင်းကျိုးကျပြီး ပွဲခင်းတွင်အိပ်စောင့်သည့် အမျိုးသားတစ်ဦး ကိုင်းပိသေဆုံးကာ အမျိုးသမီး ၂ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မတ် ၂၀)ရက် ညသန်းခေါင် ၁၂ ဝန်းကျင် နမ့်လန် တပေါင်းပွဲကျင်းပမည့် ကွင်းပြင်တွင် သစ်ကိုင်းကြီး ကျိုးကျကာ ပွဲခင်းထဲတွင် တဲလုပ်ကာ အိပ်စောင့်နေသည့် လူငယ် အမျိုးသားတစ်ဦးပေါ် ကိုင်းပိမိသဖြင့် သေဆုံးခဲ့ရပြီး၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နမ့်လန်လူငယ်ပရဟိတအသင်းဝင်တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားပေါ်မှာ ၂ယောက်အိပ်နေတာ၊ ယောက်ျားလေးတွေပါ၊ ကားက အမိုးမပါတော့ သူတို့က ပွဲစျေးသည်ဆိုတော့ ထီးတဲကို ကားပေါ်မှာ ပြန်မိုးထားတာ၊ အဲ့မှာ ထီးတဲပေါ်ကို သစ်ကိုင်းကျိုးကျပြီး ထီးရဲ့ သံကိုင်းက ကောင်လေးတစ်ယောက်ရဲ့ ဗိုက်ကို စိုက်သွားတာ။ ဗိုက်ပွင့်ပြီး အူတွေပါ ထွက်နေပြီ၊ ကျနော်တို့ သွားကူပြီး ဆေးရုံပို့တုန်းက အသက်ရှိသေးတယ်၊ ဆေးရုံမှာပဲ ဆုံးသွားတယ်” ဟု ၎င်းက ဆိုသည်။

ထိခိုက်သေဆုံးသူ အမျိုးသားမှာ အသက် ၂၅ နှစ် ဝန်းကျင်ရှိပြီး လားရှိုးမြို့မှ နမ့်လန်မြို့သို့ လာကာ တပေါင်းပွဲစျေးဆိုင်ခန်းဖွင့်ရန် လာရောက်ကြိုတင်နေရာယူထားသူဖြစ်ကြောင်း သိရသည်။

သစ်ကိုင်းကျိုးကျသည့် ညောင်ပင်မှာ သက်တမ်းရင့်အပင်အိုဖြစ်ပြီး အကိုင်းအခတ်များလည်း ခြောက်သွေ့နေပြီ ဖြစ်ကြောင်း၊ ကျိုးကျလာသည့် သစ်ကိုင်းမှာ ရေအိုးလောက်ပင် ရှိနေပြီး စျေးဆိုင်ခန်းဖွင့်လှစ်သူ အမျိုးသမီးနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိကာ နမ့်လန်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

နမ့်လန် တပေါင်းပွဲ ကျင်းပသည့်နေရာတွင် ညောင်ပင်ကြီးများရှိကာ ပွဲကော်မတီ အနေဖြင့် စျေးရောင်းချမည့်သူများကို အန္တရာယ်လွတ်ကင်းသည့်နေရာသို့ ပြောင်းရွှေ့ပေးရန်လိုအပ်ကြောင်း နမ့်လန်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ ဒီလိုက တစ်ခါမှ မကြုံဖူးဘူး၊ တာဝန်ရှိတဲ့သူ‌ ပွဲကော်မတီတွေ၊ ရပ်မိရပ်ဖတွေအနေနဲ့ အန္တရာယ်နဲ့ မလွတ်ကင်းတဲ့နေရာတွေမှာ စျေးသူစျေးသားတွေကို မရောင်းချစေသင့်ဘူး၊ ပြီးတော့ ဒီရက်ပိုင်း မုန်တိုင်းဝင်ဖို့ ရှိတယ်လို့ လည်း ကြားမိတယ်၊ ပွဲစည်နေတုန်း ဒီလိုထပ်ဖြစ်ရင် ဒုက္ခရောက်ကုန်မှာ” ဟု နမ့်လန်ဒေသခံ လူငယ်အမျိုးသားတစ်ဦးက အကြံပြုထားသည်။

နှစ်စဉ်ကျင်းပသည့် သီပေါမြို့နယ် နမ့်လန် တပေါင်းပွဲသည် လာမည့် မတ်လ ၂၄ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး ၅ ရက်သာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်လန်မြို့သို့ စစ်မီးကူးလာမည်ကို ဒေသခံများ စိုးရိမ်၊ ကြိုတင်တိမ်းရှောင်နေကြ

0
သျှမ်းပြည် သီ‌ပေါမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး နမ့်လန်မြို့ဘက်သို့ စစ်မီးကူးလာမည်ကို ဒေသခံများ စိုးရိမ်သဖြင့် ကြိုတင် တိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၂၈ ရက် မှစတင်ပြီး နမ့်လန်မြို့ နှင့် သီပေါမြို့ကြား နောင်ကော်ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-(၁၄၇) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA...

ပြောင်းဖူးစက်ရုံသုံး ကျောက်မီးသွေးမှ အနံ့အသက်ဆိုးထွက်

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ရှိ ပြောင်းဖူးစက်ရုံများတွင် အသုံးပြုသည့် ကျောက်မီးသွေးအနံ့ဆိုး ထွက်နေသည့်ဟု စုံစမ်းသိရှိရသည်။ နမ့်လန်မြို့ ကောင်းလန်းရပ်ကွက်ရှိ ပြောင်းဖူးလှော်စက် စက်ရုံတွင် ပြောင်းဖူးအခြောက်လှော်ရာ အသုံးပြုသည့် ကျောက်မီးသွေးများမှ အနံ့ဆိုး ထွက်ပေါ်သည့်အတွက် ဒေသခံများ အခက်ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ “ကျောက်မီးသွေးတင်တဲ့ တွဲကားကြီးတွေ လာလာပို့တာတော့ တွေ့ရတယ်။ တွင်းနား ရောက်နေသလို...

နမ့်လန်မြို့ ညအချိန် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ (၄)ဦးထိရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ပြင်ဖက်တွင် လမ်းမီးမရှိသောကြောင့် ယခုနှစ် အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ (၄) ဦးရှိခဲ့ပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ နမ့်လန်မြို့ပြင်တွင် ယမန့်နေ့ ဩဂုတ် (၂၅) ည ၁၀ နာရီဝန်းကျင်အချိန်က စိတ်မနှံ့သည့် အမျိုးသား တဦးကို ကားတစီးဝင်တိုက်သွားပြီး ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကာ ယာဉ်တိုက်မှု ကျူးလွန်သူလည်း...

နမ့်လန်မြို့ ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသမီးတစ်ဦးသည် ယနေ့ (ဇွန် ၁၉ )ရက် နေ့လည် ( ၁၂) နာရီတွင် သေဆုံးသွားကြောင်း သိရသည်။ အဆိုပါ ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားသည့် လူနာသည် သီပေါမြို့တွင် ဆေးကုသနေသည့် မအေးရွှေ (၄၁)...

နမ့်လန်မြို့ မန်လီကျေးရွာဈေး မိုင်းပေါက်ကွဲ၊ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ မန်လီဈေးအတွင်း လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ ပြည်သူ ( ၂ ) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇွန် ၈)ရက် မနက်(၂)နာရီတွင် နမ့်လန်မြို့ မန်လီဈေး အတွင်း လက်လုပ်မိုင်းပေါက်ကွဲခဲ့ပြီး၊ မနက် ဈေးရန် အတွက် အိပ်စောင့်သည့် ပြည်သူ (၂...