နမ့်လန်မြို့သို့ စစ်မီးကူးလာမည်ကို ဒေသခံများ စိုးရိမ်၊ ကြိုတင်တိမ်းရှောင်နေကြ

သျှမ်းပြည် သီ‌ပေါမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး နမ့်လန်မြို့ဘက်သို့ စစ်မီးကူးလာမည်ကို ဒေသခံများ စိုးရိမ်သဖြင့် ကြိုတင် တိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၂၈ ရက် မှစတင်ပြီး နမ့်လန်မြို့ နှင့် သီပေါမြို့ကြား နောင်ကော်ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-(၁၄၇) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

နမ့်လန်မြို့ရှိ စစ်ကောင်စီ တပ်များသည် နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် နောင်ကော်ကျေးရွာဘက်သို့ ပစ်ခတ် နေပြီး၊ မြို့အနီးတွင်လည်း ကိုးကန့်ထပ်ဖွဲ့ MNDAA တို့က နေရာယူထားသည့်အတွက် ဒေသခံများက စစ်မီးကူးလာမည်ကို စိုးရိမ်ကာ နီးစပ်ရာ မြို့ နှင့် ဆွေမျိုးများဆီသို့တွင် ထွက်ပြေး တိမ်းရှောင်နေကြကြောင်း နမ့်လန်မြို့ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။ တ

“မြို့ထဲက သက်ကြီးရွယ်အို နဲ့ ကလေးရှိတဲ့ အိမ်တော်တော်များများတော့ ပြေးနေကြပါပြီ။ကျနော်တို့လည်း ပြေးနေတာ ကလေးကော လူကြီးကောရှိနေတော့ တိုက်ပွဲမဖြစ်တဲ့ တောင်ပိုင်းက မြို့တွေနဲ့ အမျိုးတွေရှိတဲ့ဘက် ကို ပြေးကြတာပေါ့။အဓိကတော့ ကိုးကန့်တပ်တွေဝင် လာမှာကိုကြောက်ရတာပေါ့။”ဟု နမ့်လန်မြို့ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။

ထိုပြင် ကိုးကန့်တပ်ဖွဲ့ MNDAA သည် နမ့်လန်မြို့ အနီးတွင်တဝိုက်ကို ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစ၍ နေရာယူထားပြီး သီပေါမြို့နယ် နားမခေါ်‌ကျေးရွာ၊ ကောင်းမူကျေးရွာ၊ ဟိုနားကျေးရွာတို့တွင် နေရာယူထားကြောင်း ဒေသခံများက ပြောသည်။

“သူတို့ကလည်း နော်‌ကော်ကြီးဖက်မှာပဲတိုက်နေတာဒီမြို့အနီးတစ်ဝိုက်ကိုလည်း ကိုးကန့်တပ်တွေက နေရာယူထားတယ်။ သူတို့တိုက်ပွဲဖြစ်နေတဲ့ နေရာနဲ့လည်း သိပ်မဝေးတော့ဘူး။ ဒီနမ့်လန်ဖက်ကိုလည်း စစ်ကောင်စီကလည်း အင်အားတွေဖြည့်တာတွေ့နေရတယ်။”ဟု နမ့်လန်မြို့‌ ဒေသခံအမျိုးသားတစ်ဦး ကပြောသည်။

နမ့်လန်မြို့သည် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့ ၊ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့ သွားလာလှုပ်ရှားနေသည့်အတွက် ဒေသခံများ စိုးရိမ်နေကြောင်း ထွက်ပြေးတိမ်ရှောင်နေသည့် အမျိုးသားတစ်ဦးက ဆက်ပြောသည်။

နမ့်လန်မြို့သည် သီပေါမြို့နယ် တိုက်ပွဲဖြစ်ပွားနေသည့် နောင်ကော်ကြီးကျေးရွာနှင့် မိုင် ၃၀ ခန့်သာကွားဝေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...