Wednesday, January 28, 2026

နမ့်လန်မြို့ ညအချိန် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ (၄)ဦးထိရှိလာ

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ပြင်ဖက်တွင် လမ်းမီးမရှိသောကြောင့် ယခုနှစ် အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ (၄) ဦးရှိခဲ့ပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

နမ့်လန်မြို့ပြင်တွင် ယမန့်နေ့ ဩဂုတ် (၂၅) ည ၁၀ နာရီဝန်းကျင်အချိန်က စိတ်မနှံ့သည့် အမျိုးသား တဦးကို ကားတစီးဝင်တိုက်သွားပြီး ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကာ ယာဉ်တိုက်မှု ကျူးလွန်သူလည်း ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းရရှိသည်။

“ သူကို ကားက ဝင်တိုက်ပြီး ချက်ချင်းသေဆုံးသွားတယ်။ ရဲတွေက ကားတိုက်တယ်လို့မှတ်ချက်ယူသွားတယ်။ သူက စိတ်မနှံ့ဘူး။ ကားသမားကတော့ ထွက်ပြေးသွားပြီးထင်တယ်။ ကျနော်တို့ ရောက်သွားတာတောင်မှ သူက သေနေပြီး။ ဘာသူမှ မရှိတော့ဘူး။” ဟု နမ့်လန်မြို့ ပရဟိတဝင် တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုနေရာတွင် လမ်းမီးမရှိသောကြောင့် မကြာခဏ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ယာဉ်တိုက်မှုကြောင့် ထိုနေရာတွင် ယခုနှစ်တွင်း သေဆုံးသူ (၄) ဦးရှိသွားပြီဖြစ်ပြီး ယာဉ်တိုက်မှု ကျူးလွန်သူကိုလည်း ဖမ်းမိခဲ့ခြင်းမရှိကြောင်းသိရသည်။

“ အဲနေရာမှာက မကြာခဏဖြစ်တယ်။ လမ်းမီးမရှိတာကြောင့်လည်းပါတာပေါ့။ မှတ်မိသလောက်တော့ (၄) လောင်းလောက်ရှိပြီးပေါ့။ ဖြစ်နိုင်ရင်တော့ အစိုးရတွေလမ်းမီးတက်ပေးရင်ကောင်းတာပေါ့။ ကားမီးလဲ အဝေးကြီးထိ မမြင်ရဘူးလေ။” ဟု အထက်ပါလူက ပြောသည်။

ယခုနှစ်ထဲ ထိုနေရာတွင် ဆိုင်ကယ်မှောက်ပြီးသေဆုံးသူ တဦး၊ ထော်လဂျီတိုက်မှုကြောင့် သေဆုံးသူတဦးနှင့် ယမန့်နေ့ညက ကားတိုက်မှုကြောင့် သေဆုံးသူ တဦးတို့ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့ ယာဉ်တိုက်မှုကြောင့် ကလေး နှစ်ဦး သေဆုံး

0
သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (မတ် ၁၄)ရက် မနက် ၈နာရီခွဲကျော်တွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ကလေးနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မတ် ၁၄)ရက် မနက် ၈နာရီခွဲကျော်တွင် တန့်ယန်းမြို့ ရပ်ကွက် (၆) ၊ မိုးဆန်းပန်း ပန့်ဆီဆိုင် အရှေ့တွင်...

နမ့်လန်မြို့သို့ စစ်မီးကူးလာမည်ကို ဒေသခံများ စိုးရိမ်၊ ကြိုတင်တိမ်းရှောင်နေကြ

0
သျှမ်းပြည် သီ‌ပေါမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး နမ့်လန်မြို့ဘက်သို့ စစ်မီးကူးလာမည်ကို ဒေသခံများ စိုးရိမ်သဖြင့် ကြိုတင် တိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၂၈ ရက် မှစတင်ပြီး နမ့်လန်မြို့ နှင့် သီပေါမြို့ကြား နောင်ကော်ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-(၁၄၇) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA...

နမ့်ခမ်း သတ္တုတင်ယာဉ်တိုက်မှုကြောင့် ကျောင်းသူ ၁ ဦး ပွဲချင်းပြီးသေဆုံး၊ ၁ ဦးဒဏ်ရာပြင်းထန်

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် သတ္တုတင်ဆောင်လာသည့် ကားမှ ကျောင်းသူ (၂) ဦးကို တိုက်မိခဲ့ရာ တစ်ဦး ပွဲချင်းပြီး သေဆုံး၍ ၁ဦး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင် ၈ ရက်) နံနက်ပိုင်းတွင် နမ့်ခမ်းမြို့နယ် နောင်တိန်ကျေးရွာတွင် သတ္တုတင်ဆောင်လာသော ကားကြီးသည် တရုတ်ကျောင်းမှ ပြန်လာသည့်...

နမ့်လန်မြို့ သစ်ကိုင်းပိ အမျိုးသားတစ်ဦး သေဆုံး အမျိုးသမီး ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ တပေါင်းပွဲခင်းကျင်းပမည့် နေရာတွင် ယမန်နေ့(မတ် ၂၀)ရက် ညသန်းခေါင်၌ သစ်ကိုင်းကျိုးကျပြီး ပွဲခင်းတွင်အိပ်စောင့်သည့် အမျိုးသားတစ်ဦး ကိုင်းပိသေဆုံးကာ အမျိုးသမီး ၂ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (မတ် ၂၀)ရက် ညသန်းခေါင် ၁၂ ဝန်းကျင် နမ့်လန်...

ကျိုင်းတုံ ယာဉ်တိုက်မှု တစ်ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကာ အမျိုးသမီးတစ်ဦးသေဆုံးပြီး တိုက်သည့်ကားမှာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သတင်းသိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၅ နာရီဝန်းကျင် ကျိုင်းတုံမြို့ ဆန်ဂိုတောင်ကုန်းအဆင်း လေယာဉ်ကွင်းလမ်း မြို့တွင်းသို့ လာသည့် ကားတစ်စီးသည် အရှိန်ဖြင့် မောင်းနှင်လာကာ...