နမ့်ခမ်း သတ္တုတင်ယာဉ်တိုက်မှုကြောင့် ကျောင်းသူ ၁ ဦး ပွဲချင်းပြီးသေဆုံး၊ ၁ ဦးဒဏ်ရာပြင်းထန်

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် သတ္တုတင်ဆောင်လာသည့် ကားမှ ကျောင်းသူ (၂) ဦးကို တိုက်မိခဲ့ရာ တစ်ဦး ပွဲချင်းပြီး သေဆုံး၍ ၁ဦး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇူလိုင် ၈ ရက်) နံနက်ပိုင်းတွင် နမ့်ခမ်းမြို့နယ် နောင်တိန်ကျေးရွာတွင် သတ္တုတင်ဆောင်လာသော ကားကြီးသည် တရုတ်ကျောင်းမှ ပြန်လာသည့် ကျောင်းသူ နှစ်ဦးကို တိုက်မိကာ အသက် (၁၂) နှစ်အရွယ်ရှိ ကျောင်းသူတစ်ဦး ထိုနေရာတွင် ပွဲချင်းပြီးသေဆုံး၍ အခြားကျောင်းသူတစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“ကလေးငယ် ၁၂ နှစ်က သူ့အမ ချက်ချင်းပဲ ပွဲချင်းပြီး ဆုံးသွားတာ။ ကလေးတွေက တရုတ်ကျောင်းဆင်းပြီး အပြန် လမ်းမှာ ကားကြီးက ဝင်တိုက်သွားတာ။ သူ့အမကတော့ ဆုံးသွားတာ၊ အငယ်တစ်ယောက်က‌တော့ ဒဏ်ရာရသွားတာ။ ကားကြီးတွေကလည်း တရုတ်ဘက်ကို သွားမဲ့ သတ္တုတင်တဲ့ ကားတွေ”ဟု နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သတ္တုတင်ဆောင်လာသည့် ကားတိုက်ခံရသူ ကျောင်းသူနှစ်ဦးမှာ အသက် ၁၃ အရွယ်ခန့် နမ့်ခမ်းမြို့နယ် နောင်ခမ်းရွာတွင် နေထိုင်သူများ ဖြစ်ကြပြီး၊ ကားကြီးမောင်းနှင်သည့် ယာဉ်မောင်းအမျိုးသားကို TNLA တပ်ဖွဲ့မှ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

“ကားမောင်တဲ့လူကိုတော့ TNLA အဖွဲ့ကပဲ လာခေါ်သွားတယ်။ ခုနောက်ပိုင်း နမ့်ခမ်းမှာ TNLA ထိန်းချုပ်နေလည်း သတ္တုတင်တဲ့ကားတွေ သွားလာတာက မရပ်ဘူး။ ကားကြီးတွေ အတွက်ကလည်း စည်းကမ်းချက် မရှိဘူး။ သူတို့ ထိန်းချုပ်ထားတဲ့နောက်ပိုင်း ဒီလိုဖြစ်နေတာ မကြာခဏပဲ။ မီးတိုင် တိုက်တယ် မီးကြိုးတွေပျက်တယ် ကား၊ဆိုင်ကယ်တွေ တိုက်တယ် ခဏခဏပဲ”ဟု နမ့်ခမ်းမြို့‌ဒေသခံ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

နမ့်ခမ်းမြို့နယ်အတွင်း သတ္တုနှင့်ကျောက်မီးသွေး တင်ဆောင်သော ယာဉ်ကြီးများသည် သေချာစွာ ဖုံးအုပ်ထားခြင်း မရှိသည့်အပြင် မြို့တွင်းသို့ ဖြတ်သန်းသွားလာချိန်တွင် ယာဉ်များကို ကြမ်းတမ်းစွာ မောင်းနှင်မှုတို့ကြောင့် လမ်းများ ပျက်စီးခြင်း၊ ယာဉ်မတော်တဆ ထိခိုက်မှုများ ဖြစ်ပွားခြင်းတို့ကို မကြာခဏ ဖြစ်ပွားစေကြောင်း ဒေသခံများက ပြောသည်။

နမ့်ခမ်းမြို့နယ်ကို “၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ပြီးနောက် တိုက်ပွဲငြိမ်သက်နေစဉ် နမ္မတူ၊ ဘော်တွင်းနှင့် နမ့်ခမ်းတောင်ကြောများမှ သတ္တုတွင်းထွက်နှင့် မီးသွေးတင်ကားများ တရုတ်-မြန်မာနယ်စပ် နောင်တောင်းဂိတ်မှတဆင့် နေ့စဉ်နီးပါး ဝင်ထွက်ရောင်းဝယ်နေကြောင်း ဒေသခံ ကုန်သည်များက ပြောသည်။

ပြီးခဲ့သည့် (ဇူလိုင်လ ၄ ရက်) တွင် TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်ရှိ စာသင်ကျောင်းများကို လုံခြုံရေးစိုးရိမ်မှုကြောင့် ရက်အကန့်အသတ်မရှိ ပိတ်ထားရန် တအာင်းပြည်ပညာရေးကောင်စီ (TLEC) မှ ညွှန်ကြားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...