မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။

ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို ဖွင့်လှစ်ခဲ့ပြီး အိမ်းသုံးကား အပါအဝင်၊ ကုန်တင်ကား ကြီး၊သေး များကိုပါ ဘီးလိမ့်ခွန် ကောက်ခံနေကြောင်း နမ့်ခမ်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဘီးလိမ့်ခွန်ဆိုပြီးကောက်နေတာ အိမ်သုံးကားတွေပါမချန်ဘူး။ ဘာမှ မတင်တဲ့ ကားလည်း ပေးရတယ်။ အိမ်သုံးကားဆို ၇ သောင်းလောက်က စပြီးကောက်တာ။ ဈေးသည်ကားတွေလည်း ကောက်တယ်။ အဲ့ဈေးသည်ကားတွေက အရင်က ဘယ်အဖွဲ့မှ အခွန် မကောက်ဘူးလို့ ပြောထားပြီး အခုမှ ဘီးလိမ့်ခွန်ဆိုပြီး ကောက်နေတာ”ဟု ၎င်းအမျိုးသားက ဆိုသည်။

လက်ရှိ “ဘီးလိမ့်ခွန်” ကြေးကို အိမ်သုံးကားတစ်စီးလျှင် ကျပ်ငွေ ၇ သောင်း ၊ဈေးသည် ကားများ နှင့် ကုန်တင် ယာဉ်တစ်စီးလျှင် ၁ သိန်းခွဲ မှ ၂ သိန်းကျပ် အထိ ကောက်ခံမှုများရှိနေကြောင်း ၎င်းကပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၃ ရက်တွင် ဒေသခံများက စစ်ဆေးရေးဂိတ်ရှိ KIA တာဝန်ရှိသူများကို “ဘီးလိမ့်ခွန်” ကောက်သည့် ကိစ္စနှင့် ပတ်သက်ပြီး အခွန်များမကောက်ရန် တောင်းဆိုခဲ့ကြောင်း မူဆယ်-နမ့်ခမ်းလမ်းကိုအသုံးပြုနေသည့် ကားသမားတစ်ဉီးက ပြောသည်။

“ဇူလိုင် ၃ ရက်မှာ ပြည်သူတွေက သွားပြောတယ်။ ကောက်မယ်ဆိုရင်လည်း ကုန်တင်ကားတွေကိုပဲ ကောက်ဖို့၊ အိမ်သုံးကားတွေကို မကောက်ဖို့ ပြောခဲ့တယ်။အခုက ဆန်သွားကြိတ်ပြီး ဆန်အိတ် ပြန်တင်လာတဲ့ ကားကိုတောင် တစ်အိတ် ၂ ထောင်နဲ့ကောက်နေတာ။တောင်ယာ လုပ်တဲ့လူတွေက ဘယ်လိုလုပ်ရမလဲ” ဟု ၎င်းကားသမားက ပြောသည်။

ဆက်လက်ပြီး ကားဘီးခွန်ကောက်ခံမှုသည် နေ့စဉ်သွားလာနေသည့် ပြည်သူများနှင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သူများအပေါ် ထိခိုက်မှုရှိနေသဖြင့် အိမ်သုံးယာဉ်များနှင့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ သယ်ယူပို့ဆောင်ရေးများအပေါ် ငွေကြေးကောက်ခံမှုကို KIAတာဝန်ရှိသူများ အနေဖြင့် ပြန်လည်သုံးသပ်ပေးစေလိုကြောင်း ၎င်းက ပြောသည်။

ထို့အပြင် မူဆယ် – နမ့်ခမ်း လမ်းမကြီးပေါ်တွင် ကချင်လွတ်မြောက်ရေး တပ်မတော် KIAတပ်၏ စစ်ဆေးရေး ဂိတ်အပြင် ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စစ်ဆေးရေး ဂိတ်၊တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA စစ်ဆေးရေးဂိတ်၊ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ် နှင့် စစ်ကောင်စီ စစ်ဆေးဂိတ်တို့ ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...