Wednesday, January 28, 2026

ကျိုင်းတုံ ယာဉ်တိုက်မှု တစ်ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကာ အမျိုးသမီးတစ်ဦးသေဆုံးပြီး တိုက်သည့်ကားမှာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သတင်းသိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၅ နာရီဝန်းကျင် ကျိုင်းတုံမြို့ ဆန်ဂိုတောင်ကုန်းအဆင်း လေယာဉ်ကွင်းလမ်း မြို့တွင်းသို့ လာသည့် ကားတစ်စီးသည် အရှိန်ဖြင့် မောင်းနှင်လာကာ ဆိုင်ကယ်နှစ်စီးအား နောက်မှ ဝင်တိုက်မိခဲ့ကာ အမျိုးသမီး တစ်ဦး ပွဲချင်းပြီး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

“သေဆုံးတာက မိန်းကလေးပါ၊ ပွဲချင်းပြီးသေတာ၊ ကားက ဆိုင်ကယ် ၂ စီးကို တိုက်ပြီး မောင်းပြေးသွားတာ။ ကားက လေယာဉ်ကွင်းလမ်းက လာတာ၊ အဲ့နားနေတဲ့သူတွေ ပြောတာတော့ ကားက အရှိန်အရမ်းပြင်းတယ်၊ နောက်ကနေ ဝင်တိုက်သွားတာ“ ဟု ကျိုင်းတုံ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယာဉ်တိုက်မှုကြောင့် မနှင်းမြလွင် အသက် (၃၄)နှစ်မှာ အခင်းဖြစ်ရာ နေရာတွင် သေဆုံးသွားပြီး အမျိုးသမီး တစ်ဦးနှင့် အမျိုးသား ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှု အားနည်းနေမှုကြောင့် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

“ကျိုင်းတုံမှာက ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေ လိုက်နာမှု အရမ်းအားနားနေတယ်၊ ကားမောင်းသူရော ဆိုင်ကယ်မောင်းသူတွေရော စည်းကမ်းလိုက်နာမှု မရှိကြဘူး၊ ယာဉ်တိုက်မှုတွေက ခဏခဏကို ဖြစ်နေတာ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် မှောင်းနှင် သူများအနေဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လိုက်နာသင့်ကြောင်း၊ ထို့အပြင် ဆိုင်ကယ် မောင်းနှင်သူများ အနေဖြင့် ဆိုင်ကယ်စီး ဦးထုပ်လည်း ဆောင်းသင့်ကြောင်း ဒေသခံများက တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်ထံ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာတွေ့

0
သျှမ်းပြည် ကျိုင်းတုံမြို့တွင် ဝစီပိတ်ဆရာတော် တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၈ ရက်) နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒ တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီး ယမန်နှစ် မေလအတွင်းက သရဖူ...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

ကျိုင်းတုံ-တောင်ကြီးလမ်းပေါ် ယာဉ်တိမ်းမှောက်မှု ခရီးသည်နှစ်ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-တောင်ကြီးလမ်းပေါ်တွင် ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်ခဲ့ရာ ခရီးသည်နှစ်ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်) ညနေ ၄ နာရီဝန်းကျင်တွင် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ် စပယ်ရှယ်တောင် အဆင်းလမ်း၌ လိုက်ထရပ်ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်မှု...

ကျိုင်းတုံတွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေ

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရန်အတွက် စိုးရိမ်ပူပန်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂ ရက်)တွင် ကျိုင်းတုံမြို့နယ် ပန်ဆံကျကျေးရွာ အဝင်တွင် အမျိုးသမီးတစ်ဉီးကို အမည်မသိ အမျိုးသားမှ ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်သွားသည့်အပြင်၊ ကတ်ဖကျေးရွာအုပ်စု ယမ်းလှကျေးရွာအနီးတွင်လည်း အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဉီးက လက်သီးဖြင့်...

တန့်ယန်းမြို့ ယာဉ်တိုက်မှုကြောင့် ကလေး နှစ်ဦး သေဆုံး

0
သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (မတ် ၁၄)ရက် မနက် ၈နာရီခွဲကျော်တွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ကလေးနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မတ် ၁၄)ရက် မနက် ၈နာရီခွဲကျော်တွင် တန့်ယန်းမြို့ ရပ်ကွက် (၆) ၊ မိုးဆန်းပန်း ပန့်ဆီဆိုင် အရှေ့တွင်...